Popular Posts

Labels

How to make Karaoke Text

Karaoke စာတန်းထိုး ပြုလုပ်နည်း---ကို ပြုလုပ်တဲ့နေရာမှာ (၁) မိမိပြုလုပ်မည့်စာတန်းကို Photoshop နဲ့ပြု ခြင်း (၂) ၎င်းပြုလုပ်ထားသည့် psd ဖိုင်ကို adobe after effect ဆော့ဝဲမှာထည့်ပြီး Karaoke စာတန်းထိုး ပြု လုပ်ခြင်းဆိုပြီး အပိုင်းနှစ်ပိုင်းနဲ့ပြုလုပ်ရပါမယ်။

Wireless router တစ်ခုတည်ဆောက်မယ်

ကျွန်တော်တို့ တစ်တွေသည် စာတွေနှင့်ရှင်းပြသည်ထက် ပုံကလေးတွေနှင့်ရှင်းပြသည်ကို နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ဒါကြောင့် ကျွန်တော် သူငယ်ချင်းတို့ တစ်တွေနားလည်ရလွယ်ကူအောင် router/access point တစ်ခု တည်ဆောက်ပုံကို အတတ်နိုင်ဆုံးရှင်းလင်းလွယ်ကူမှုရှိအောင် ပုံကလေးတွေနှင့်ရှင်းလင်းပြပေးပါမယ်။ ဤလမ်းညွှန် ချက်ကလေးဟာ Linksys WRT54G ကို အခြေခံထားပါတယ်ခင်မျာ။

How to Reset / Remove / Bypass a BIOS or CMOS Password

BIOS or CMOS Password တွေကို Reset / Remove / Bypass လုပ်ရမည့်နည်းတွေရေးပြမလို့။ ကျနော်ဆိုက်မှာဒီအကြာင်းနဲ့ပတ်သက်ပြီးအရင်ကတင်ထားခဲ့ပါတယ်။ သိပ်မစုံတာနဲ့ အခုထပ်ပြီးရေးလိုက်တာပါ။ BIOS or CMOS Password ဆိုတာ ကွန်ပျူတာရဲ့ လုံခြုံရေးပိုင်း၊ system ပိုင်းကို ကာကွယ်တဲ့အနေနဲ့အသုံးပြု တဲ့ Tool တစ်ခုပါ။ တစ်နည်းအားဖြင့် BIOS Setting ဒါမှမဟုတ် Boot Setting ကို တစ်စုံတစယောက်က ၀င် ရောက်မပြင်နိုင်အောင် ကာကွယ်တဲ့အနေနဲ့ BIOS or CMOS Password ကိုအသုံးပြုကြပါတယ်။

Window Password များကို Trinity Rescue Kit or TRK နဲ့ ဖြုတ်မယ်

ပတ်စ်ဝါဒ်ဖြုတ်တဲ့နည်း တွေက အများကြီး တစ်ချို့ကအဆင်ပြေတာလဲရှိသလို မပြေတာလဲအများကြီးပဲ။ အင်တာ နက်ပေါ်မှာရှာလိုက်ရင် ပတ်စ်ဝါဒ်ဖြုတ်တဲ့ဆော့ဝဲလ်တွေအများကြီး ဒါပေမယ့် တော်တော် များက Free License မဟုတ်တော့ တကယ်သုံးကြည့်တဲ့အခါ အဆင်မပြေပါဘူး။ နောက်တော့ ကျနော် Linux Live CD ကို သုံးပြီး ၀င်းဒိုးပတ်စ်ဝါဒ်ကို ဖြုတ်တဲ့နည်းကို စမ်း သုံးကြည့်တယ်။ သူကျတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် သူကျတော့ လုပ်ရ ကိုင်ရတာနည်း နည်းတော့ ခက်တယ်။

Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်း

ကျနော် ဒီ Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်းကိုရေးရသည့်အကြောင်းကသူငယ်ချင်းတွေက မကြာခဏမေးလာတာတစ်ကြောင်း၊ နောက်ပြီးဗွီဒီယို Camera ၀ယ်ထားပြီး ကွန်ပျူတာစက်များပိုင် ဆိုင်ထားပါ လျှက်နဲ့ မိမိရိုက်ထားတဲ့ ဗွီဒီယိုဖိုင်မတည်းဖြတ်တတ်သူများအတွက် ရည်ရွယ်တာကတစ်ကြောင်း၊ ကွန်ပျူတာဝါ သနာပါသော ညီငယ်များတစ်ဖက်တစ်လမ်းအကျိုးရှိစေရန်ရည်ရွယ်တာကတစ်ကြောင်းအကြောင်းပေါင်းများစွာနဲ့ ကျနော်အချိန်အနည်းငယ်ပေးပြီး ကြိုးစားရေးပေးလိုက်တာဖြစ်ပါတယ်။ တကယ်တော့ ကျနော်ဟာ Edit သမား တစ်ယောက်မဟုတ်ပါ။

12/30/10

Access Windows 7 System Settings the Easy Way



ကျနော် အခု “Windows 7 in a Box” မိတ်ဆက်ပေးချင်ပါတယ်။ howtogeek.com
ကနေ ကျနော်ရယူထားတာပါ။
Windows 7 System Settings အားလုံးကို ဒီ “Windows7 in a Box” မှာ
အလွယ်တကူရယူနိုင်ပါတယ်။ သိချင်တယ်ဆိုရင် အပေါ်က how to geek.com မှာ
သွားရောက်လေ့လာလို့ရပါတယ်။
+/- အပြည့်အစုံသို့


ကျနော်ကတော့ “Windows 7 in a Box” အသုံးပြုခြင်းဖြင့် Windows 7 System
Settings များဖြစ်ကြတဲ့ control panel စသည် အလွယ်တကူဖွင့်လို့ရတာပါပဲ။
ဒါကြောင့် အလွယ်ကိုကြိုက်သူများအတွက် ဒါကိုမိတ်ဆက်ပေးခြင်းဖြစ်ပါတယ်။ ကြိုက်ရင်စမ်း
ကြည့်။

အသုံးပြုနည်းကတော့ ဒေါင်းလုဒ်ပြီး ရလာတဲ့ zip file ကိုဖြည်လိုက်ပါ။ “Windows 7
in a Box” ကလစ်နှိပ်လိုက်ရုံဖြင့် အသုံးပြုလို့ရပါပြီ။ Windows 7 in a Box ကို
Right > Send to > Desktop ကိုနှိပ်ပြီး shortcut အိုင်ကွန်ကို Desktop ပေါ်
တင်လိုက်ရင် အသုံးပြုရတာလွယ်တာပေါ။ ဒါပါပဲဗျာ...

လိုချင်တယ်ဆိုရင်...
အောက်ကလင့်ကို သွားပြီး ဒေါင်းလိုက်ပါ...
“Windows 7 in a Box” (Download)

အဆင်ပြေပါစေ

စောလင်းနက်စ်

12/29/10

Protect your computer with Avast Antivirus

Avast Antivirus နဲ့ ကိုယ့်ရဲ့ကွန်ပျူတာကို ကာကွယ်ရအောင်။ တစ်ခြား Kasper
sky, AVG, Norton, Eset, Avira anti virus software တွေအများကြီး
ပေါ့ဗျာ။
ကျနော်ကတော့ Avast Antivirus ကိုပဲအသုံးပြုခဲ့ပါတယ်။ အကြောင်းကတော့ တစ်
ခြား anti virus နဲ့ဆိုင်ရင် ဖရီးတောင်းရတာပိုပြီးလွယ်ကူလို့ပါပဲ။ အရင်ဗားရှင်းတွေက
ကီးရဖို့နည်းနည်းဖို့ register အရင်တင်ရတယ်။ ပြီးတော့ ကိုယ့်အီးမေးလ်ကနေ ကီး
တွေပို့လာမယ်။ အဲဒီရလာတဲ့ ကီးနဲ့ activate ပြန်လုပ်မှ ဖရီးတစ်နှစ်ရတာ။

အခုဗားရှင်းကျတော့ ပိုပြီးလွယ်ကူပါတယ်။ အောက်ကပြထားအတိုင်း Avast.exe ကို
မောင်းလိုက်ပြီးရင် register ကိုသာတင်လိုက်ပါ။ ဖရီးတစ်နှစ်ရမှာသေချာပါတယ်။

{ ကြိုတင်ပြီး free register တင်လဲရပါတယ်။ ကြိုတင်ပြီး register လုပ်ပြီး
အီးမေးလ်ကနေ ပို့လာတဲ့ကီးနဲ့ အင်စတောမောင်းပြီးရင် ကီးသွင်းလိုက်ရုံဖြင့် ဖရီးတစ်
နှစ်ရတာပေါ့ ကြိုတင် register လုပ်ချင်ရင်
ဒီဆိုက်ကနေ သွားလိုက်ပါ။ }

+/- အပြည့်အစုံသို့


Avast Anti virus ထည့်သွင်းနည်း

Avast Anti virus.exe ကို ဒီမှာဒေါင်းလုဒ်ပါ
ဖရီးဆိုတာကို ဒေါင်းပါ။ ပိုက်ပိုက်နဲ့ဆိုရင် ကျန်တာကိုဒေါင်းပေါ့။

Avast Anti virus.exe ကို Double Click ပေးပြီးလျှင် အောက်ကပုံတွေ
အတိုင်းအဆင့်ဆင့်သွားလိုက်ပါ။










အင်စတောထည့်သွင်းပြီးရင် Avast Anti virus အိုင်ကွန်ကို Double Click

ပေါ်လာတဲ့ဘောက်စ်ထဲမှာ Register ကိုနှိပ် ပြီးတော့ Register Now ကို ဆက်
နှိပ်ပြီး Register Form တွင် ပြထားတဲ့အဆင့်အတိုင်း အားလုံးဖြည့်လိုက်ပါ။ အာလုံး
ပြီးရင် အောက်ဆုံးက Register ဆိုတာကိုနှိပ်။

ပြီးလျှင် thank you for avast registration ဆိုပြီးပေါ်လာမည်။ ဒါပါပဲဗျာ..

Anti virus ကို update တော့လုပ်ထားဖို့လိုတယ်။ update လုပ်ရင် အစဆို
နည်းနည်းတော့ကြာတယ်။ ပြီးတဲ့အထိစောင့်နေလိုက်ပါ။

အဆင်ပြေပါစေ...

စောလင်းနက်စ်

How To: Block Sender Mail In Gmail

Sender ရောက်လာတဲ့ အီးမေးလ်တွေရော Forward ရောက်လာတဲ့ အီးမေးလ်တွေ
ပါ နောက်ထပ်မလာနိုင်အောင်တားကြမယ်။ တားနိုင်မယ့်နည်းလမ်းလေးရေးရင်း မောင်
ကျော်စွာငြိမ်းဆိုက်ဖွင့်ကြည့်တော့ ရေးပြီးသားတွေ့ရတယ်။ သူ့ဆိုက်ကအတိုင်းပဲ ယူတင်
လိုက်တယ်။ အဲဒါကြောင့် အီးမေးလ်လိပ်စာကိုတားချင်ရင် အောက်ပါအတိုင်းသာ Do
ကြဗျာ...

ပထမဦးဆုံး Gmail ကို Sign In ၀င်လိုက်ပါ။ ပြီးရင်တော့ Gmail ကိုရောက်တာနဲ့
Gmail Labs ကိုသုံးနေတယ်ဆိုရင်တော့Search Box ရဲ့ဘေးနားမှာ Create A
Filter ဆိုတာရှိပါတယ်။ အဲ့ဒါကို Click လိုက်ပါ။ Older Version သုံးနေတဲ့သူ
တွေဆိုရင်တော့ Search Box အောက်မှာရှိပါတယ်။


+/- အပြည့်အစုံသို့



KyawswarNyein.Com_Gmail_Block_Sender_Email_Create_A_Flitter
ပြီးရင်တော့ From မှာ ကို Block လုပ်ချင်တဲ့ Sender Email ကိုထည့်ပြီး Next
Step ကိုဘဲဆက်နှိပ်လိုက်ပါ။ လူအများကြီးကို Block လုပ်ချင်ရင်တော့ | လေးကိုကြားမှ
ခံပြီး ထည့်ယုံပါဘဲ။ ဥပမအနေနဲ့ ပြရရင်တော့ - gmail@gmail.com | yahoo@ya
hoo.com လိုမျိုးပေါ့ဗျ။


KyawswarNyein.Com_Gmail_How_To_Block_Sender_Email_Create_A_
Flitter_Mail_Address

ပြီးရင် Delete It နဲ့ Also Apply Fliter (#) Conversation Below ကို
Mark ပြီး Create Filter ဆိုတဲ့ Button ကိုနှိပ်လိုက်ယုံနဲ့ပြီးပါပြီး။ ကျန်တဲ့ Opti
ons တွေကတော့ ကိုယ် ကြို့က်သလို ကလိနိုင်ပါတယ်။



ဒါဆိုရင်သူ့တို့ ပို့တဲ့ Mail တွေက ကိုယ့်ရဲက Inbox ထဲကို လုံးဝ ရောက်တော့မှာ
မဟုတ်ပါဘူး။ အားလုံး Trash Can ထဲကိုတန်းသွားနေပါ့မယ်။ ကဲ အောက်မှ တလက်စထဲ
Video Tutorial လေးကို ပါကြည့်သွားလိုက်ပါအုံး။


Watch Video Tutorial

မောင်ကျော်စွာငြိမ်း

12/25/10

Back up and Restore Window 7

ကျနော်အခုပြောချင်တာ Window 7 > Control Panel မှာပါတဲ့ Back up and
Restore ကို အသုံးပြုပြီး မိမိလက်ရှိတင်ထားတဲ့ဝင်းဒိုးတစ်ခုလုံးကို Back up ပြုလုပ်
ထားပြီး နောက်ဝင်းဒိုးတစ်စုံတစ်ခုပြဿနာပေါ်တဲ့အခါ သိမ်းထားတဲ့ Back up Image
file နဲ့ ပြန်ပြီး Restore လုပ်လိုက်ရင် ၀င်းဒိုး Format ချရတဲ့ဒုက္ခမှကင်းဝေနိုင်ပါ
တယ်။

ဥပမာ...၀င်းဒိုးအသစ်တင်လိုက်တယ်ဗျာ။ ပြီးတော့ လိုအပ်တဲ့ Driver/ Program
မောင်းထားလိုက်ပါ။ ဒါတွေအားလုံးစိတ်ကြိုက်ဖြစ်ပြီးဆိုရင် မိမိဝင်းဒိုးကို Backup and
Restore Tool နဲ့ Back up လုပ်ထားလိုက်ပါ။ ၀င်းဒိုးကို အကြာကြီးသုံးပြီးမှ
Back up လုပ်ရင် သိပ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ နေရာအရမ်းယူတာများပြီး
Restore ပြန်လုပ်တဲ့အခါ အရမ်းလည်းကြံ့ကြာမှာဖြစ်ပါတယ်။ ဘာဖြစ်ဖြစ်သိထားရင်
အားလုံးအကျိုးရှိတာချည်းပါပဲ။

Back up and Restore လုပ်နည်း


(၁) Control Panel > Back up and Restore ကိုနှိပ်

(၂) Create a system image ကို နှိပ်


(၃) နောက်ပေါ်လာတဲ့ Screenshot မှာ မိမိ Back up image file သိမ်းမည့်
နေရာကို ရွေးဖို့ပါ။ ကျနော်က HDD မှာ သိမ်းတာပိုပြီးကြိုက်တဲ့အတွက် on a hard
disk ကိုပဲရွေးလိုက်တယ်။


(၄) ဒီ Screenshot ကတော့ Bcack up လုပ်မည့် Driveတွေ၊ Back up လုပ်
မည့် နေရာ၊ Back up လုပ်မည့် Drive တွေရဲ့ GBတွေပြထားတာဖြစ်ပါတယ်။ ဘာမှ
လုပ်စရာမလိုပါဘူး။ Back up start ကိုသာနှိပ်


(၅) Back up လုပ်နေတာဖြစ်ပါတယ်။ ဒီအတိုင်းကြည့်ပါ


(၆)ဒီအဆင့်က Back up လုပ်တာပြီးသွားလို့ system repair disk လုပ်မလား
မေးတဲ့ ဘောက်စ်ပြားလေးပါ။ DVD Disk ကို Drive ထဲထည့်လိုက်ပါ။ ပြီးတော့
Yes ကိုနှိပ်။


(၇) နောက်ဘောက်စ်တစ်ခုမှာ Create disk ဆိုတာနှိပ်လိုက်တာနဲ့ system repair
a disk အတွက် ထည့်ပေးနေတာဖြစ်ပါတယ်။


(၈) system repair a disk လုပ်တာ ပြီးသွားတဲ့ဘောက်စ်လေးပါ။


အားလုံးပြီးတဲ့အခါ D Drive မှာ မိမိလုပ်ထားတဲ့ Back up file ရောလာတာတွေ့ရမှာပါ။


Back up file ကို Restore ပြန်လုပ်နည်း

Back up file ကို Restore ပြန်လုပ်ချင်ရင် အလွယ်ဆုံးနည်းကတော့ ခုဏက
လုပ်ထားတဲ့ system repair a disk ကို CD Drive ထဲသို့ထည့်ပြီး Boot
ကနေတက်လိုက်ပါ။ ပြီးတော့ system restore ကနေ မိမိသိမ်းထားတဲ့ Back
up ဖိုင်ကိုရွေးပြီး Restore လုပ်လိုက်ရုံပါပဲ။

အဲဒါမှမဟုတ်ရင်....

Control Panel > Back up and Restore ကိုနှိပ်

နောက်ပြီး Recover system setting or your computer ကိုနှိပ်


ပြီးတော့ Advance recovery method ကိုနှိပ်


ဒီအဆင့်က Choose Advance recovery method တွင် မိမိသိမ်းထားတဲ့
Back up file ကနေ restore လုပ်ချင်တယ်ဆိုရင် Use a system
image you created earlier to recover your computer ဆိုတာ
ကိုနှိပ်ပါ။



အဆင်ပြေပါစေ...

စောလင်းနက်စ်


12/24/10

ESET NOD32/ESET Smart Security "Error communicating with kernel"

မိမိစက်မှာ ESET NOD32/ESET Smart Security တင်ထားတဲ့ပုဂ္ဂိုလ်များ
"Error communicating with kernel" ဆိုပြီးကြုံရတတ်ပါတယ်။ အဲဒါကို
ဖြေရှင်းတဲ့နည်းလေးပေါ့ဗျာ။

Start Menu > Run or Window + R ကို နှိပ်ပြီး msconfig ကိုရိုက်ထည့်။
+/- အပြည့်အစုံသို့


System Configuration Utility ပေါ်လာမည် start up ကိုနှိပ်ပြီး ဘောက်စ်တွင်
egui ကိုလေးထောင့်ကွက်တွင် အမှန်ခြစ်မရှိရင် ပြန်ခြစ်လိုက်ပါ (ရှိပြီးသားဆို
ရင် အဲဒီအတိုင်းပဲထားလိုက်ပါ)


နောက်ပြီး Menu က Service ကိုနှိပ်၊ ဘောက်စ်တွင် Eset HTTP Server နဲ့
Eset Service လေးထောင့်ကွက်တွင် အမှန်ခြစ်လိုက်ပါ။


ကွန်ပျူတာကို Restart ပေါ့ဗျာ။

အဆင်ပြေပါစေ...

စောလင်းနက်စ်

12/22/10

How to Back up Blog and Import /Export

ကျနော်အခုတလောတွေ့နေရတယ်။ ဘလော့တွေကိုဘန်းမယ်ဆိုလား။ ဟက်မယ်ဆိုလား။
ဘန်စမ်းပါစေဗျာ။ ဘလော့အသစ်တစ်ခုဟာ မိနစ်သုံးဆယ်အတွင်းဖန်တီးလို့ရပါတယ်။
ဘယ်လောက်အထိဘန်းနိုင်မလဲ ဘန်းစမ်းပါစေ။ ဟက်စမ်းပါစေ။ ဘလော့ကိုပြောတာ
နော်။ စက်ကိုပြောတာမဟုတ်ဘူး။ စက်ကတန်ရာတန်ကြေးရှိတာကိုး။ ဘလော့က ဖရီး
ဆိုတော့ လာစမ်းပါ။


ကိုယ်က ကြိုတင်ပြင်ထားရမှာက တင်ထားတဲ့ပို့စ်အဟောင်းတွေပြန်ရနိုင်ဖို့ပါပဲ။ အဲဒါ
Back up လုပ်ထားလိုက်ရင် အားလုံးအဆင်ပြေသွားပါလိမ့်မယ်။ ဒါမှမဟုတ် တင်ပ
လိတ်အသစ်တစ်ခုသို့ ပို့စ်အဟောင်းတွေတစ်ခါတည်းအမြန်တင်ပေးနိုင်တဲ့ Import/
Export tool နဲ့လုပ်လိုက်မယ်ဆိုရင် ဘန်းခံရတဲ့ပြဿနာတွေအလွယ်တကူကျော်
လွားသွားနိုင်ပါတယ်။
+/- အပြည့်အစုံသို့


Blog ကို Back up လုပ်နည်း

(၁) http://www.blogger.com/ ကနေ Dashboard သို့ဝင်လိုက်ပါ။

(၂) Design > Edit HTML > Download Full Template ကိုနှိပ်


(၃) အောက်က ဘောက်စ်အတိုင်းပေါ်လာရင် OK


Back up လုပ်တာ ဒါပါပဲ။ Back up ဖိုင် သိမ်းထားတဲ့နေရာကိုတော့ သိအောင်
လုပ်ထားပေါဗျာ။ မိမိဘလော့က တစ်စုံတစ်ခုပြဿနာပေါ်လာခဲ့ရင် Design >
Edit HTML ကိုနှိပ်ပြီး Browse ကနေ သိမ်းထားတဲ့ Back up ဖိုင်ကို ပြန်ပြီး
Upload တင်လိုက်ရုံပါပဲ။


Blog Post တွေကို Export လုပ်နည်း

(၁) http://www.blogger.com/ ကနေ Dashboard သို့ဝင်လိုက်ပါ။

(၂) Setting ကိုနှိပ်။ အောက်က Export ကိုနှိပ်


(၃) နောက်ပေါ်လာတဲ့ဘောက်စ်တွင် Download ကိုနှိပ်


(၄) နောက်ဘောက်စ်တွင် OK (မိမိသိမ်းထားတဲ့ xml ဖိုင်ရဲ့နေရာကိုမှတ်ထားပါ)



သိမ်းထားတဲ့ Blog Post တွေကို Import ထည့်သွင်းနည်း

(၁) http://www.blogger.com/ ကနေ Dashboard သို့ဝင်လိုက်ပါ။

(၂) Setting ကိုနှိပ်။ အောက်က Import ကိုနှိပ်


(၃) Browse အကွက်တွင် မိမိသိမ်းထားတဲ့ Blog post. xml ဖိုင်ကို ရွေးပါ။
ပြီးတော့ အောက်ကအကွက်မှာ Character code အက္ခရာတွေကို မှန်အောင်ရိုက်
လေးထောင့်ကွက် အမှန်ခြစ်Import Blog ကိုနှိပ်။


ပို့စ်အနည်းအများပေါ်မူတည်ပြီး အနည်းငယ်ကြာပါလိမ့်မယ်။ ခဏစောင့်လိုက်ပါ။ ပြီးရင်
Finish ပေါ့ဗျာ။

ကဲ...ဘလော့ဘန်းခံရပြီး ပို့စ်ဟောင်းတွေပျောက်သွားတဲ့ ဒုက္ခများမှာ ကင်းလွတ်နိုင်ကြ
ပါစေ...

အဆင်ပြေပါစေ

စောလင်းနက်စ်

12/21/10

How to display Language Bar

ကျနော်အခုရေးပြချင်တာ မိမိကွန်ပျူတာရဲ့ Task Bar မှာ Language Bar ပေါ်အောင်လုပ်တဲ့နည်းလမ်းကလေးပါ။
သိတဲ့ပုဂ္ဂိုလ်များအတွက်လွယ်တယ်ဆိုပေမယ့် မသိသေးသောပုဂ္ဂိုလ်များအတွက်အားလုံးဟာ တန်ဖိုးရှိတာချည်းပါပဲ။
LanguageBar ဆိုတာ Font နှစ်မျိုး သုံးမျိုး (သို့မဟုတ်) Keyboard Installer နှစ်ခု သုံးခုအလွယ်တကူ
အသုံးပြုနိုင်အောင်ပြုလုပ်ထားတဲ့ Tool တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့သင်္ကေတက အောက်ပါပုံမှာလေးထောင့်ကွက်နဲ့ ပြထားတဲ့အိုင်ကွန်ဖြစ်ပါပဲ။


Language Bar ဟာ ကျနော်တို့အတွေ့များတာက Zawgyi Keyboard Installer ကိုထည့်သွင်းပြီးတဲ့အခါမျိုး
Task Bar မှာ အော်တိုမက်တစ်ပေါ်လာတတ်ပါတယ်။ ဒါကလဲ တစ်ချို့ဝင်းဒိုး system က အလိုအလျှောက်ချိန်းပေး
ပါတယ်။ ကျနော်အဓိကပြောလိုသည်မှာ မိမိက အင်စတောလာတစ်မျိုးမျိုးကိုထည့်သွင်းပြီးဖြစ်ပါလျှက်နဲ့ Task Bar မှာ
Language Bar မပေါ်ခဲ့ရင် ပြုလုပ်နိုင်မည့်နည်းလမ်းလေးညွန်ပြချင်တာဖြစ်ပါတယ်။
+/- အပြည့်အစုံသို့




ကဲ...စရအောင်...

Control Panel > Regional and Language ကိုနှိပ်

Keyboards and Language ကိုနှိပ်ပြီး Change Keyboards ဆက်နှိပ်။
( Window XP ဆို ဒီနေရာမှာ Function တွေ အနည်းငယ်ကွဲပြားမှုလေးတွေရှိနိုင်တယ်)


အကယ်၍ မိမိအင်စတောထည့်သွင်းထားတဲ့ Zawgyi Keyboard Installer က အောက်ပါပုံအတိုင်း မပေါ်ခဲ့ရင်
Add ကိုနှိပ်။ ပေါ်ရင် Add နှိပ်ရန်မလို။ Default input language မှာ English (United States) US ကိုသာ
ရွေးပါ။ တစ်ခြား Language ကိုရွေးခဲ့ရင် ၀င်းဒိုး ပါတ်စ်ဝါဒ်ခံထားတဲ့စက်တွေမှာ ပြန်ဖွင့်တဲ့အခါ ဒုက္ခရောက်နိုင်
တယ်နော်။


နောက်ဘောက်စ်တွင် Scroll Down ကိုစွဲချပြီး Zawgyi Keyboard ကိုလိုက်ရှာပါ။ တွေ့ရင် လေးထောင်းကွက်
ကိုအမှန်ခြစ်ပြီး။ OK ( Window XP ဆို ဒီနေရာမှာ Function တွေ အနည်းငယ်ကွဲပြားမှုလေးတွေရှိနိုင်တယ်)



Menu တွင် Language Bar ကိုပြန်နှိပ် > Docked in the Task Bar ကို အမှန်ခြစ်။
အောက်က Show additional language bar icon in the taskbar နဲ့ shwo text labels on
the Language bar တို့ကို အမှန်ခြစ်ပါ။


Apply > OK

Language Bar အတွက်ပြီးပါပြီး

နောက်တစ်ခုက Change Key Sequence ကို ချိန်းဖို့ ( Language ကို ဘယ်ကီးဘုတ် ကီးနဲ့ထားမလဲ)
အဲဒါကိုပြောင်းချင်ရင် အပေါ်က Menu က Advance Settings ကိုနှိပ်။ အောက်က Change Key Sequence
ကိုနှိပ်။


ဘောက်စ်တစ်ခုကျလာမည်။ Switch Keyboard Layout မှာ ကြိုက်တာရွေးပြီး အ၀ိုင်းကွက်ကို
နှိပ်ပါ။ ကျနော်က Ctrl + Shift ကိုရွေးလိုက်တယ်။



အဆင်ပြေပါစေ...

စောလင်းနက်စ်

12/16/10

Realtek Audio Driver များ

Driver အကြောင်းတွေကိုရေးရင်းနဲ့ ဈာန်ဝင်သွားလို့ နောက်ထပ်တစ်မျိုးထပ်ပြီး မိတ်ဆက်ပေးလိုက်မယ်။ ကျနော်အခုပြောပြချင်တာက RealtekAudioDriver ပြဿနာဖြစ်ပေါ်လာပါကဖြေရှင်းနိုင်တဲ့နေရာတစ်ခု
ကိုညွန်ပြချင်တာပါပဲ။ http://www.realtek.com.tw/ ဆိုတဲ့ဆိုက်မှာ မိမိကွန်ပျူတာ Audio Driverပြဿနာ
ရှိရင် ဒီဆိုက်ကိုသွားပြီး Audio Driver တွေကိုဒေါင်းလုဒ်ပါ။ စမ်းကြည့်ပါ။ တော်တော်များတော့ အဆင်ပြေပါ
တယ်။
+/- အပြည့်အစုံသို့




ဒေါင်းချင်ရင် အောက်ကနည်းအတိုင်းပါပဲ...

(၁) ဒါကိုနှိပ်လိုက်ပါ

(၂) ဆိုက်ပွင့်လာရင် I accept to the above ကိုအမှန်ခြစ်။ Next ကိုဆက်နှိပ်။ ဒေါင်းလုဒ်ဆိုက်ပွင့်လာပါ
လိမ့်မယ်။ ဒေါင်းလုဒ်ဆိုက်ပွင့်မလာသေးလျှင် ညာဖက်ခြမ်းမှာ HD Audio code driver ဆိုတာကို နှိပ်လိုက်။


(၃) ဒေါင်းလုဒ်စင်တာမှာ မိမိတင်ထားတဲ့ ၀င်းဒိုးအလိုက်ကြည့်ပြီး ဒေါင်းလုဒ်ရမည်။ ဒေါင်းလုဒ်ချင်တဲ့ Audio
Driver ကို GO ကိုသာနှိပ်လိုက်ပါ။


ဒေါင်းလုဒ်ရလာတဲ့ Audio Driver ကို အင်စတောထည့်သွင်းတာကတော့ ထုံးစံအတိုင်းပေါ့။ စက်နဲ့ မကိုက်တဲ့
Audio Driver မောင်းထားတာရှိရင် ပြန်ပြီး Uninstall လုပ်လိုက်ပါ။ ပြီးရင် အခုဒေါင်းလုဒ်ထားတဲ့ Audio
Driver ကို Run လိုက်ရုံပါပဲ။

အဆင်မပြေသေးဘူးဆိုရင်...

ဒီက ဒီက +Driver checker+ဆိုက်ကို သွားပြီး Driver checker ကို ဒေါင်းလိုက်ပါ။ မိမိကွန်ပျူတာရဲ့လိုအပ်တဲ့ Driver တွေကို ဒီကောင်နဲ့ Check လို့၇တယ်။ Driver ပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းကောင်းတစ်ခုထပ်ရပါ
လိမ့်မယ်။


အားလုံးအဆင်ပြေပါစေ...

စောလင်းနက်စ်

12/15/10

Driver Genius Professional Edition

ကျနော် Driver Genius Professional Edition နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဆိုက်တော်တော်များတင်ထားတာ
တွေ့ပါတယ်။ သို့သော် တစ်ချို့သူငယ်ချင်းများ လုပ်နည်းပါတင်ပေးဖို့ပြောလာတာကြောင့် Driver Genius Professional Edition ရဲ့ Back up လုပ်နည်းလေးပြောရအောင်။
Back up လုပ်တယ်ဆိုတာ လက်ရှိမိမိသုံးနေတဲ့ ၀င်းဒိုးရဲ့Driverတွေကိုမပျောက်ပျက်အောင်ထိန်းသိမ်းထားတဲ့
သဘောပါပဲ။ ဥပမာ...မိမိကွန်ပျူတာဟာ တစ်စုံတစ်ခုပြဿနာဖြစ်လို့ Window ပြန်တင်ဖို့လိုတယ်ဆိုပါစို့။ အဲဒီ
ကွန်ပျူတာက DriverCD လဲမရှိ၊ Driver fileလဲ အရန်သင့်ရှိမနေဘူးဆိုရင် ဒီDriver Genius Professional Edition နဲ့ဖြေရှင်းဖို့အကြံပေးချင်တယ်။ ၀င်းဒိုးမချခင် ဒီဆော့ဝဲလ်ကိုမောင်းပြီး Driver ကို Back up လုပ်ထားရုံ
ပါပဲ။ Backup နဲ့ Restore, Backup နဲ့ Recovery တို့သည် အမြဲယှဉ်တွဲနေပါတယ်။

Driver Genius Professional Edition ရဲ့ compatible ဖြစ်နိုင်သော OS များအောက်အတိုင်းပါပဲ...

Operating System: Windows 98/98SE/ME/2000/XP/2003/Vista/XP x64/Server 2003 x64/Vista x64/Windows 7/Windows 7 x64/Windows Server 2008/Windows server 2008 x64

Driver Genius Professional Edition ရဲ့ Back up လုပ်နည်း

(၁) ထုံးစံအတိုင်း အင်စတောထည့်သွင်းလိုက်ပါ။ မခက်ပါဘူး ဆော့ဝဲလ်ရဲ့ညွန်ပြမှုအတိုင်း Next တွေကို နှိပ်လိုက်ရုံပါပဲ။

(၂) အင်စတောထည့်သွင်းမှုပြီးတာနဲ့ အောက်ပါအတိုင်း Start Scan နဲ့အတူ Screenshot ပုံတွေ့ရမှာပါ။ Driverကို Scan လုပ်ချင်ရင်တော့ Start Scanကိုနှိပ်။ မလုပ်ချင်ရင် ကြက်ခြေခတ် close ပေးပါ။ Screenshot ရဲ့ဘယ်ဖက်ခြမ်းမှာ Home, Backup, Restore,Update, Uninstall စသည်တွေ့နိုင်ပါတယ်။


(၃)မိမိလက်ရှိဝင်းဒိုး Driverရဲ့ Back up လုပ်ချင်ရင် ဘယ်ဖက်မှာ Backup Driver ကိုနှိပ်။ Collecting
Driver Information ဘောက်စ်ပေါလာမှာဖြစ်တယ်။


(၄) နောက်တစ်ဆင့်က Select the Drivers you want to bankup, မိမိ Backup လုပ်ချင်တဲ့ Driver
တွေကို ရွေးဖို့။ အောက်မှာ Currently Used Driver, Original Window Driver, Disconnected
Device Driver သုံးမျိုးလုံးကိုပဲ ရွေးချယ်ပါ။ အောက်မှာလဲ စုစုပေါင်းရွေးချယ်ထားတဲ့ Driver အရေအတွက်ကိုလဲပြထားပါတယ်။ ပြီးရင် Next ကိုပေး။


(၅)Backup Type and Backup Location, Backup file လုပ်မည့်အမျိုးအစား၊ Backup file သိမ်း
မည့်နေရာရွေးချယ်ဖို့ပါ။ ကျနော်က D:မှာပဲသိမ်းထားလိုက်တယ်။ ၀င်းဒိုးကို ဖေါမက်တစ်ခုလုံးချမယ်ဆိုရင် အခြား Extarnal Hard disk တစ်ခုခုမှာသိမ်းထားစေချင်တယ်။


(၆) ဒီအဆင့်က Backing up your existing Windows Driver Installation, လက်ရှိအသုံးပြုနေတဲ့
ဝင်းဒိုး Driver တွေကို Backup လုပ်နေတာဖြစ်ပါတယ်။


(၇) ကဲ...ဒါတော့ Completing the Backup Task, Backup လုပ်ဆောင်တာပြီးသွားပြီ။


ကျနော်က D: Drive မှာထားတယ်ဆိုတော့ အောက်ပါပုံအတိုင်း Driver Backup 12-142010 22945 ဖိုင်တစ်
ခုရလာမှာဖြစ်တယ်။


ဒါကတော့ Driver ကို Backup လုပ်နည်းလေးဖြစ်ပါတယ်။

Backup file ကို Restore ပြန်လုပ်နည်း

တစ်ဆက်တည်းမှာပဲ Backup လုပ်ထားတဲ့ဖိုင်ကို Restore ပြန်လုပ်ချင်ရင် ကျနော်နည်းနည်းလေးပြောပြလိုက်မယ်။
ဝင်းဒိုးအသစ်တင်ထားရင် ဒီဆော့ဝဲလ်ကိုပြန်ထည့်သွင်းပါ။ ပြီးတော့ Restore Drivers ကိုနှိပ်။ အောက်ကပုံကို
ကြည့်ပါ...


(၁) Restore Drivers from Previous Backups
(2) Browse my computer for Drivers Backups နှစ်မျိုးတွေ့နိုင်ပါတယ်။

(၁) Restore Drivers from Previous Backups သဘောက မိမိဝင်းဒိုးကို ဖေါမက်မချခင်တုန်းက Backup
file ကို သိမ်းထားတဲ့နေရာမှာပဲ (Backup file ကို အခြားတစ်နေရာသို့ မပြောင်းရွေ့ပဲ)Restore ပြန်လုပ်မယ်ဆို
ရင် Restore Drivers from Previous Backups ရွေးရပါမယ်။

(2) Browse my computer for Drivers Backups, ဆိုတာ မိမိ Backup File ကို အခြားတစ်နေရာ
သို့ပြောင်းရွေ့လိုက်မယ်၊ သဘောက D: ကနေ သိမ်းထားတဲ့ Backup File ကို အခြား Drive တစ်ခုကနေပြောင်း
ရွေ့လိုက်မယ်ဆိုရင် Restore ပြန်လုပ်လိုက်တဲ့အခါ Browse my computer for Drivers Backups ကို
ရွေးဖို့လိုပါလိမ့်မယ်။

ကျန်တဲ့အစိတ်အပိုင်းလွယ်သွားပြီးလေ ကိုယ့်ကိုပဲဆက်လုပ်ကြပါ။

+ဒေါင်းလုဒ်+

Driver Genius Professional Edition

အားလုံးဆင်ပြေပါစေ...

စောလင်းနက်စ်

12/12/10

Zawgyi Keyboard Installer 64 bit Win 7

တစ်နေ့က သူငယ်ချင်းတစ်ယောက်မေးတယ် သူ့စက်က ဇော်ဂျီကီးဘုတ်မရလို့တဲ့ သူသုံးတာက Window 7
64bit. 64bit မှန်သမျှ ကျနော်တို့သုံးနေကျ ရိုးရိုးဇော်ဂျီကီးဘုတ်အင်စတောလာတွေနဲ့အဆင်မပြေပါဘူး။
သူတို့အတွက် သီးသန့်လုပ်ထားတဲ့ အင်စတောလာနဲ့မှသာအဆင်ပြေပါတယ်။ အရင်ကျနော် သံလုံငယ်ဆိုက်
မှာတင်ထားတာတွေ့လိုက်တယ်။ ဒေါင်းလဲဒေါင်းလုဒ်ထားတယ်။ ဒါပေမယ့် မသုံးဖြစ်တော့ စက်ကို ဖေါမက်
ချတာနဲ့ပါသွားရော။

အခုတစ်ခုတော့တွေ့ထားတယ်။ စမ်းကြည့်စေချင်တယ်။ အဆင်ပြေလား မပြေလားတော့မသိဘူး။ ကျနော်
စက်က 7 32bit ဆိုတော့ မစမ်းဖြစ်သေးဘူး။

+/- အပြည့်အစုံသို့




လုပ်နည်းလေး နည်းနည်းပြောပြလိုက်မယ်...

မိမိမောင်းနေကျ ဇော်ဂျီကီးဘုတ်အင်စတောလာတစ်ခုခုကိုအရင်မောင်းထားလိုက်ပါ။

ကျနော်အခုတင်ပေးတဲ့ ဇော်ဂျီကီးဘုတ်အင်စတောလာ RAR ဖိုင်ကို ဒေါင်းလုဒ်ပြီး ဖြည်လိုက်ပါ။ အဲဒီဖိုင်ထဲမှာ
Setup, ZawGyil_amd64.msi ,ZawGyil_i386.msi နှင့် ZawGyi_ia64.msi ဖိုင်များတွေ့
ရမှာပါ။ Setup ကို Run လိုက်တာနဲ့ Repare, Modifyပေါ်လာရင် repare ကိုနှိပ်။

ပြီးတော့ ZawGyil_amd64.msi ,ZawGyil_i386.msi နှင့် ZawGyi_ia64.msi သုံးခုတွင် တစ်ခုခုကို
Run လိုက်ပါ။

စမ်းကြည့်လိုက်ပါ...မရသေးရင် ကွန်ပျူတာကို Restart ပေးလိုက်။

+ဒေါင်းလုဒ်+
Zawgyi Keyboard Installer 64 bit Window 7

ကဲ...အဆင်ပြေပါစေ

စောလင်းနက်စ်

12/10/10

ဖိုင်များကို ဖြတ်မယ် ၊ ဆက်မယ် (Marge/Split)

ကျနော်အခုရေးပြချင်တာက ကြီးတဲ့ဖိုင်များကို ( ကိုယ်ရိုက်ထားတဲ့ VCD, ဒေါင်းလုဒ်ထားတဲ့ဖိုင်
ဆိုက်ကြီးတွေကို)အင်တာနက်ပေါ်မှာ ရှယ်ချင်တဲ့အခါ ဖြတ်တောက်ပြီးမှ upload တင်ရတာများ
တယ်။ အကယ်၍ မိမိကတတ်နိုင်လို့ Domain Hosting ၀ယ်ထားနိုင်ရင်တော့ မဖြတ်တောက
်ဘဲနဲ့တက်လို့ရပါတယ်။ ဒါမှမဟုတ်ရင် ဖရီးဆိုက်မှန်သမျှ 100mb ကတော့ အများဆုံးပါပဲ။
ဒါကြောင့် ကျနော်ဒါကို မသိသေးသောပုဂ္ဂိုလ်များအတွက်ရည်ရွယ်ပြီးတင်ပေးလိုက်တာပါ။

အဲလို ဆိုက်ကြီးတဲ့ဖိုင်တွေကို ဖြတ်တောက်တဲ့နေရာမှာ WinRAR နဲ့ HJSplit ဒီဆော့ဝဲ
နှစ်ခုကိုအသုံးပြုတာများပါတယ်။

Split = ဆိုက်ကြီးတဲ့ဖိုင်တွေကို ခွဲထုတ်ဖြတ်တောက်တာကို ဆိုလိုတာပါ
Join/Marge = ဖြတ်ထားတဲ့ဖိုင်တွေကို ပြန်ဆက်ပေးတာ

WinRAR နဲ့ ဖိုင်များခွဲနည်း၊ ဆက်နည်း

ဒီနည်းကတော့ ကျနော့်ရဲ့သူငယ်ချင်းစောကျော်ခရော့စ်ဆိုက်မှာ ရေးထားပြီးသားဆိုတော့ သူဆိုက်ကနေပဲယူသုံးလိုက်ပါတယ်။ အောက်ပါအတိုင်း လိုက်လုပ်ရုံပါပဲ...

အင်တာနက်ထဲ ဖိုင်တွေ တင်မယ်ဆိုရင် အများအားဖြင့် ဖိုင်ဆိုဒ် 100mb အောက်သာ တင်
ခွင့်ရှိပါတယ်။ ဆိုတော့ကာ ၀င်းဒိုးစ်စီဒီတချပ်၊ သီချင်း ရုပ်ရှင် ခွေတခွေ စသဖြင့် တင်ဖို့လိုလာ
ရင် ဖိုင်တွေကို ခွဲပစ်ရမှာ ဖြစ်ပါတယ်။

အဲသလို လုပ်ခြင်းအားဖြင့် upload တင်တဲ့အခါ download ချတဲ့အခါတွေမှာ ပိုပြီး မြန်သွား
ပါမယ်။ ပြဿနာကတော့ ဖိုင်တွေကို ဘယ်လိုခွဲပြီး ဘယ်လိုပေါင်းရသလဲဆိုတာပါ။ တကယ်
တော့ ဒါကလွယ်လွယ်လေးပါ။

ဖိုင်တွေ ခွဲဖို့ ပေါင်းဖို့ နည်းပေါင်းများစွာထဲက ကျနော်သုံးဖြစ်တာက RAR ဆော့ဝဲကို သုံးတာ
ပါဘဲ။

RAR ဆော့ဝဲကို ဒီမှာ ဒေါင်းလုတ် ရယူပါ။ Download WinRAR
Mediafire

ပြီးရင် အင်စတော လုပ်ပါ။ အင်စတောတာက လွယ်ပါတယ်။ ဒေါင်းလုတ်ရလာတဲ့ဖိုင်ကို
double click လုပ်ပြီး next တွေ လုပ်သွားလိုက်ရင် ပြီးတာပါဘဲ။ အင်စတော ပြီးသွားပြီဆို
ရင် ဖိုင် ခွဲတာ ပေါင်းတာကို ကြည့်ရအောင်။

ဖိုင်ဆိုဒ် 107mb ရှိတဲ့ macromedia flash installer ဖိုင်ကို ဖိုင် ၂ ဖိုင် ဖြစ်သွားအောင် ထက်
ဝက်စီလောက် ခွဲကြည့်ပါမယ်။

1. ခွဲချင်တဲ့ဖိုင်ကို Right Click > Add to Archive လုပ်ပါ။
2. ပေါ်လာတဲ့ box မှာ Browse ကို ကလစ်ပြီး ဖိုင်သိမ်းမယ့်နေရာ ရွေးပါ။ ဖိုင်အမည် ပေးပါ။
3. Split to volumes နေရာမှာ ကိုယ်ဖြစ်စေချင်တဲ့ mb ကို ထည့်ပေးပါ။ ကျနော်ကတော့
55mb လို့ ထည့်ထားပါတယ်။ ဖိုင် ခွဲနေတာကို ခဏစောင့်ပြီးရင် part 1, part 2 ဆိုပြီး 55mb,
52mb ဖိုင် ၂ခု ရလာမှာ ဖြစ်ပါတယ်။



ဖိုင်ပြန်ပေါင်းဖို့ကျတော့ ပိုလွယ်သေး။ part 1 ဖိုင်ကို Right Click > Extract Here လုပ်
လိုက်ရုံပါဘဲ။ ဖိုင်တွေအားလုံး ပြန်ပေါင်းသွားပါလိမ့်မယ်။လွယ်ပါတယ်နော်။

HJSplit နဲ့ ဖိုင်များ ခွဲနည်း၊ ဆက်နည်း

ဆော့ဝဲလ်က portable ဖြစ်သည့်အတွက် Double Click ပေးလိုက်တာနဲ့ အောက်ပါပုံအ
တိုင်းပွင့်လာမှာပါ။ဖိုင်ကိုခွဲခြင်ရင် Split ကိုနှိပ်။ ဖိုင်ကို ဆက်ခြင်ရင် Join ကိုနှိပ်။



ပြီးတော့ inputမှာ မိမိခွဲမည့်ဖိုင်ရွေးပြီး outputမှာ ထားမည့်နေရာရွေးရမှာဖြစ်ပါတယ်။
နောက်ပြီး ဖိုင်က 200mb ကို (၂)ပိုင်းဖြတ်ချင်ရင် 100mb လို့ split file site အကွက်မှာ
ရိုက်ထည့်ပါ။Start ကို နှိပ်။


ခွဲထားတဲ့ဖိုင်ကို ပြန်ဆက်ခြင်ရင် ပထမပုံပါအတိုင်း Join ကိုနှိပ်၊ ပြီးတော့ inputfiel မှာ မိမိခွဲထား
တဲ့ဖိုင်တွေကိုရွေး။ output file မှာ ထားမည့်နေရာကိုရွေးပါ။ Start ခဏစောင့် ပြီးပါပြီ


Download HJSplit
Mediafire
http://www.hjsplit.org/


အဆင်ပြေပါစေ...
စောလင်းနက်စ်

Related Posts...! {ဆက်စပ်ပို့စ်များ}