Popular Posts

Blog Archive

Labels

How to make Karaoke Text

Karaoke စာတန်းထိုး ပြုလုပ်နည်း---ကို ပြုလုပ်တဲ့နေရာမှာ (၁) မိမိပြုလုပ်မည့်စာတန်းကို Photoshop နဲ့ပြု ခြင်း (၂) ၎င်းပြုလုပ်ထားသည့် psd ဖိုင်ကို adobe after effect ဆော့ဝဲမှာထည့်ပြီး Karaoke စာတန်းထိုး ပြု လုပ်ခြင်းဆိုပြီး အပိုင်းနှစ်ပိုင်းနဲ့ပြုလုပ်ရပါမယ်။

Wireless router တစ်ခုတည်ဆောက်မယ်

ကျွန်တော်တို့ တစ်တွေသည် စာတွေနှင့်ရှင်းပြသည်ထက် ပုံကလေးတွေနှင့်ရှင်းပြသည်ကို နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ဒါကြောင့် ကျွန်တော် သူငယ်ချင်းတို့ တစ်တွေနားလည်ရလွယ်ကူအောင် router/access point တစ်ခု တည်ဆောက်ပုံကို အတတ်နိုင်ဆုံးရှင်းလင်းလွယ်ကူမှုရှိအောင် ပုံကလေးတွေနှင့်ရှင်းလင်းပြပေးပါမယ်။ ဤလမ်းညွှန် ချက်ကလေးဟာ Linksys WRT54G ကို အခြေခံထားပါတယ်ခင်မျာ။

How to Reset / Remove / Bypass a BIOS or CMOS Password

BIOS or CMOS Password တွေကို Reset / Remove / Bypass လုပ်ရမည့်နည်းတွေရေးပြမလို့။ ကျနော်ဆိုက်မှာဒီအကြာင်းနဲ့ပတ်သက်ပြီးအရင်ကတင်ထားခဲ့ပါတယ်။ သိပ်မစုံတာနဲ့ အခုထပ်ပြီးရေးလိုက်တာပါ။ BIOS or CMOS Password ဆိုတာ ကွန်ပျူတာရဲ့ လုံခြုံရေးပိုင်း၊ system ပိုင်းကို ကာကွယ်တဲ့အနေနဲ့အသုံးပြု တဲ့ Tool တစ်ခုပါ။ တစ်နည်းအားဖြင့် BIOS Setting ဒါမှမဟုတ် Boot Setting ကို တစ်စုံတစယောက်က ၀င် ရောက်မပြင်နိုင်အောင် ကာကွယ်တဲ့အနေနဲ့ BIOS or CMOS Password ကိုအသုံးပြုကြပါတယ်။

Window Password များကို Trinity Rescue Kit or TRK နဲ့ ဖြုတ်မယ်

ပတ်စ်ဝါဒ်ဖြုတ်တဲ့နည်း တွေက အများကြီး တစ်ချို့ကအဆင်ပြေတာလဲရှိသလို မပြေတာလဲအများကြီးပဲ။ အင်တာ နက်ပေါ်မှာရှာလိုက်ရင် ပတ်စ်ဝါဒ်ဖြုတ်တဲ့ဆော့ဝဲလ်တွေအများကြီး ဒါပေမယ့် တော်တော် များက Free License မဟုတ်တော့ တကယ်သုံးကြည့်တဲ့အခါ အဆင်မပြေပါဘူး။ နောက်တော့ ကျနော် Linux Live CD ကို သုံးပြီး ၀င်းဒိုးပတ်စ်ဝါဒ်ကို ဖြုတ်တဲ့နည်းကို စမ်း သုံးကြည့်တယ်။ သူကျတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် သူကျတော့ လုပ်ရ ကိုင်ရတာနည်း နည်းတော့ ခက်တယ်။

Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်း

ကျနော် ဒီ Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်းကိုရေးရသည့်အကြောင်းကသူငယ်ချင်းတွေက မကြာခဏမေးလာတာတစ်ကြောင်း၊ နောက်ပြီးဗွီဒီယို Camera ၀ယ်ထားပြီး ကွန်ပျူတာစက်များပိုင် ဆိုင်ထားပါ လျှက်နဲ့ မိမိရိုက်ထားတဲ့ ဗွီဒီယိုဖိုင်မတည်းဖြတ်တတ်သူများအတွက် ရည်ရွယ်တာကတစ်ကြောင်း၊ ကွန်ပျူတာဝါ သနာပါသော ညီငယ်များတစ်ဖက်တစ်လမ်းအကျိုးရှိစေရန်ရည်ရွယ်တာကတစ်ကြောင်းအကြောင်းပေါင်းများစွာနဲ့ ကျနော်အချိန်အနည်းငယ်ပေးပြီး ကြိုးစားရေးပေးလိုက်တာဖြစ်ပါတယ်။ တကယ်တော့ ကျနော်ဟာ Edit သမား တစ်ယောက်မဟုတ်ပါ။

9/30/10

Linux မှာ Voice နဲ့ Video Chat သုံးနိုင်ပြီ

ကျနော်လင်းနက်စ် Linux ကို သုံးတာကြာပါပြီ ဒါပေမယ့် ကျွမ်းကျင်အဆင့်တော့မဟုတ်ဘူးပေါ့ဗျာ။စမ်းသပ်တဲ့
အဆင့်လေးပေါ့။ လွန်ခဲ့လေးနှစ်လောက်တုန်းက laptop အစုပ်တလုံးနဲ့ ၀င်းဒိုးသုံးလို့အဆင်မပြေတော့တာနဲ့
ဆရာတစ်ယောက်က linux ubuntu 5 ကိုတင်ပေးလိုက်တယ်။ အဲဒီချိန်တုန်းက ကျနော့်ဝန်းကျင်မှာ linux
သုံးတဲ့လူမရှိသလောက်ပါပဲ။ ဆရာကကျွမ်းကျင်တဲ့လူဆိုတော့linux ကိုအရမ်းအမွမ်းတင်ပြီးပြောနေတယ်လေ။
ကျနော်လဲ အဲဒါနဲ့ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ linuxကိုတင်ထားလိုက်တယ်။

ဂျီတော့ကကလွဲပြီး တော်များအဆင်ပြေပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေကို ကျနော်စက်ကို လာကိုင်တဲ့အခါ ဂျီတော့ကိုပဲ
ဲပြဿနာရှာနေတာဗျာ။ သိတယ်မလား။ ကိုယ့်လူအများစုက net ပေါ်ရောက်လာရင် တော့တာ၊ ချက်တာခပ်များများလေ။ သူတို့တော့လို့မရတော့ ဘာပြောလဲ မင်း ”linux”က ချာတူးပါကွာ။ ကိုယ့် linux က talk မရတော့ ချာတူးဖြစ်တာကို ၀န်ခံရတော့မလိုဖြစ်နေတယ်။ ဒါပေမယ့် ကျနော် linux ကို ဘယ်တော့မစွန့်ပယ်ခဲ့ပါဘူး။ ၀င်းဒိုးကို သုံးတတ်သလို
linux ကိုလဲ နည်းတူသုံးတတ်အောင် အမြဲကြိုးစားခဲ့ပါတယ်။ http://www.ubuntu4mm.org/ဆိုက်နဲ့တော့ ကျနော့်
အတွက် ပိုပြီးအဆင်ပြေသွားတာပေါ့။ လိုက်ဖတ်တယ်။ ကောင်းတာ ကြိုက်တာတွေ့ရင်စုဆည်းတယ်။ ပရင့်ထုတ်တယ်။
ပြန်ဖတ်တယ်။ အခုဆိုရင် ၀င်းဒိုးရော၊ လင်းနက်စ်ပါ မဆိုးဘူးပေါ့ဗျာ။ expert တော့မပြောဘူးနော်။ အသုံးပြုတာကစ
Window/ linux အင်စတောထည့်သွင်းပုံပါ မဆိုးဘူးပေါ့လို့ပဲ ပြောပါရစေဗျာ။

ကဲ...ပြောချင်တာက ”Linux မှာ Gmail Voice နဲ့ Video Chat သုံးနိုင်ပြီ” ဒီခေါင်းစဉ်ဟာ ကျနော်ရေးတာမဟုတ်ပါ။ မြန်မာမိသားစုဖိုရမ်မှာ ကို KznT.က ရေးထားတာပါ။ ဘာမှအခက်အခဲမရှိပါဘူး။ သူရေးထားတဲ့အတိုင်းလိုက်လုပ်ရုံပါပဲ။ တစ်ခုရှိတာက ၀င်းဒိုးမှာ ဂျီမေးလ်နဲ့ ဂျီတော့အကောင်းတို့ကို talk တော့မယ်ဆိုရင် ဂျီတော့ကိုပဲ အသုံးပြုတော့ Linux မှာလဲ အဲလိုပဲထင်နေတာ။ ကျနော် အဓိကတိုင်ပတ်တာ အဲဒါပဲ။ မှတ်ထားပါဗျာ....Linux မှာ ဂျီတော့အကောင့် သီးသန့်မလိုပါဘူး။
ဂျီမေးလ်ကနေ long in ၀င်လိုက်ရင် ခုဏက Install gtalk voice and video chat ထည့်သွင်းလိုက်ပြီးရင် Linux မှာ talk တာရော chat တာပါအားလုံး အားလုံးကို အဆင်ပြေသွားပါလိမ့်မယ်။ အခုတော့ Linux ကို ချာတူးပြောခံ
ရတဲ့ဘ၀မှလွတ်မြောက်ပါပြီခင်ဗျာ။ တကယ်စမ်းကြည့်ပြီးမှပြောတာပါခင်ဗျာ။


ကို KznT. ရဲ့ ”Linux မှာ Gmail Voice နဲ့ Video Chat သုံးနိုင်ပြီ” ဖတ်ကြည့်လိုက်ပါ။

ဒီနေ့တော့ မနက်ပိုင်းက သိပ်မအားတာနဲ့ ညနေပိုင်းလေးမှ စာလိုက် ဖတ်ဖြစ်ပါတယ်။ သတင်းတွေကတော့ ထူးတယ်ဗျို့ - Linux သမားတွေ Ubuntu သမားတွေအတွက်တော့ ပိုတောင် ထူးတယ်လို့ ပြောရမယ် - အဲ့သီတင်းကတော့ -

ကျွန်တော်တို့ တစ်နေ့ပြီး တစ်နေ့ မျှော်လိုက်ရတဲ့ Gmail Voice နဲ့ Video Chat - အခု Linux မှာ သုံးလို့ ရပါပြီ တဲ့ Ubuntu မှာတင်မက တစ်ခြား Debian-based Linux distributions တွေမှာလည်း သုံးလို့ ရပြီလို့ ဆိုပါတယ်။



အသုံးပြုချင်သူများ Gmail.com/videochat ကိုသွားရောက်ပြီး Plugin ကို Download ချနိုင်ပါတယ်။ လုပ်ထားတာကလည်း သပ်သပ်ရပ်ရပ် .deb package နဲ့ပါဗျာ ကဲ ! ဘယ်လောက်များ ကောင်းလိုက်လဲ



ကျွန်တော်တို့ စောင့်နေတာလည်း ကြာပြီ - သူများတွေ Mac တို့ Windows တို့မှာ ဒီဟာက သုံးနေတာ အိုသေတော့မယ် Linux user တွေ သုံးမရနိုင်လို့ ဘာကြောင့်များ ဒီလောက်တောင် ခက်ခဲနေလဲ ဆိုပြီး သိချင်နေတဲ့ အဖြေကိုလည်း ဒီနေ့ သိလိုက်ရပါတယ်။

Google မှာ engineer အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Justin Uberti ရဲ့ Linux နဲ့ ပတ်သတ်ပြီး ကြုံတွေ့ရတဲ့ အခက်အခဲတွေ အကြောင်း ပြောကြားသွားတာကတော့ -


Quote:








" ကျွန်တော်တို့ ဒီ Release မှာ ရုပ်သံပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အသစ်စက်စက် အားလုံးကို ဖန်တီးနိုင်ဖို့ နည်းပညာရပ်ပိုင်း ဆိုင်ရာ ကျွမ်းကျင်မှုတွေ လိုအပ်ခဲ့ပါတယ်။ နောက်ပြီး 64 bit မှာပါ သုံးနိုင်ဖို့ နဲ့ မရေမတွက်နိုင်တဲ့ Webcam တွေ အားလုံးနဲ့ပါ အရံသင့်သုံးနိုင်အောင်လည်း စီစဉ်ခဲ့ရပါတယ်။ ဒါ့အပြင် Windows နဲ့ Mac versions တွေမှာလိုမျိုး Feature အပြည့်အစုံနဲ့ သုံးနိုင်အောင် အသေးစိတ် ပြင်ဆင် နေခဲ့ရလို့ ကျွန်တော်တို့ အချိန်တွေ အများကြီး ပေးခဲ့ရတာပါ။ ဒါမယ့် ခုတော့ Google Voice နဲ့ Video က Desktop platforms အားလုံးအတွက် ထုတ်လုပ်နိုင်ခဲ့ပြီ မို့လို့ အရမ်းကို ကျေနပ် ပျော်ရွှင်နေမိပါတယ် "


လို့ ဆိုသွားပါတယ်။

သူတို့ကို ကျွန်တော် ပြောချင်တာကလည်း ဘာလောက်ပဲကြာကြာ ခုသုံးရပြီ ဆိုတော့ - ကျေနပ်ပါတယ်ဗျာ - အရမ်းလည်း ပျော်ပါတယ် - ကျေးဇူးလည်း တင်ပါတယ်လို့။

KznT.

9/29/10

Desktop အတုလုပ်မယ်

ဒါကတော့ Desktop ကို အလားတူ Desktop image တစ်ခုခံပြီး အတုပြုလုပ်နည်းပဲဖြစ်ပါတယ်။
အကျိုးသိပ်မများပေမယ့်လုပ်နည်းလေးသိသွားတော့ မသိသေးတဲ့ပုဂ္ဂိုလ်များအတွက် နည်းလမ်းတစ်ခုရ
သွားတာပေါ့။

လုပ်နည်း

Task bar ပေါ်တွင် Right Click > Properties > Auto Hide the Taskbar ရဲ့
checkbox ကို အမှန်ခြစ်လိုက်ပါ။ taskbar ငုပ်လျှိုးသွားတာကိုတွေ့ရမှာပါ။

ပြီးတော့ Mouse Pointer ကို လွတ်တဲ့နေရာမှာ ရွေ့ထားလိုက်ပါ။

နောက် ကီးဘုတ်ပေါ်က Print Scrn ကီးကိုနှိပ် > Paint ကိုဖွင့် paste ချလိုက်ပြီး save
လိုက်ပါ။

Save ထားတဲ့ image ကို Right Click > Set as Desktop Backround ကိုနှိပ်
အဲဒါဆို Desktop Backround ဟာ မိမိ save ထားတဲ့ wallpaper ဖြစ်သွားပါပြီ။

အားလုံးပြီးရင် Desktop ပေါ်လွတ်တဲ့နေရာမှာ (၀င်းဒိုး vista, 7)အတွက် Right Click >
View > Show Desktop icon( XP )အတွက် Right Click > Arrange icon
by > show desktop icon ကိုနှိပ်

ကဲ..Desktop ပေါ်က ဖိုလ်ဒါ၊ ဖိုင်တွေကိုဖျက်ကြည့်လိုက်။ ရတော့ဘူးဟုတ်။

အဆင်ပြေပါစေ....

စောလင်းနက်စ်

9/28/10

Alt+Ctrl+Delete နှိပ်မှ ၀င်းဒိုးပွင့်တဲ့ပြဿနာ

တစ်နေ့က မာန်ကျဝ်ဖူ့တာမိက်မေးသွားတယ် သူ့ကွန်ပျူတာက Alt+Ctrl+Delete ကီးနှိပ်ပြီးမှ ၀င်းဒိုးပွင့်လာတယ်။
အဲဒါဘယ်လိုလုပ်ရမလဲတဲ့။ ကျနော်လဲ အတိအကျမသိတာနဲ့ ”မြန်မာချက်အွန်လိုင်း ဖိုရမ်”ကို အားကိုရတော့တာပဲ။
Forum ဆိုတာ ကျနော်တို့လို လေ့လာသူများအတွက် အမြဲဝင်ရောက်ဖတ်သင့်တဲ့နေရာတွေဖြစ်တယ်။ ဒါကြောင့် မိမိသိ
လိုသော အကြောင်းအရာများကို ဖိုရမ်ကိုဝင်ရောက်ပြီး ဆွေးနွေးခြင်းဖြင့် မသိတာလေးတွေကို အဆင်ပြေနိုင်ကြောင်းပါ
ခင်ဗျာ။

အခု ”မြန်မာချက်အွန်လိုင်း ဖိုရမ်ထိန်း” ညီငယ်တစ်ယောက်ကဖြေပေးတဲ့ အဖြေအတိုင်းပဲ ပို့စ်ပြန်တင်လိုက်ပါတယ်။
အင်္ဂလိပ်လိုဆိုပေမယ့် လွယ်ကူတဲ့လုပ်ဆောင်ချက်ဖြစ်သည့်အတွက် မြန်မာလိုပြန်မရေးတော့ဘူးဗျာ။ မာန်ကျဝ်ဖူ့တာမိက်
ရေ...အဆင်ပြေပါစေနော်...

To Enable or Disable the CTRL+ALT+DELETE Sequence



1. Click Start, click Control Panel, and then click User Accounts.
2. Click the Advanced tab.
3. In the "Secure logon" section, select or clear the "Require users to press Ctrl+Alt+Delete" check box.


Another Way,

1. Start the registry editor ( Start ==> Run ==> type regedit.exe)
2. Move to HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon
3. Double click on DisableCAD (create of type REG_DWORD if it does not exist)
4. Set to 1 if you don't want to have to press Ctrl-Alt-Del, and set to 0 if you do. Click OK
5. Close the registry editor
6. Reboot Your PC.

ဖြေကြားပေးတဲ့ညီလေးရဲ့လင့်

9/27/10

cmd နဲ့ Folder တွေကို ဖျောက်ထားမယ်

ဟုတ်ကဲ့ folder တွေဖျောက်တဲ့နည်းကတော့ အများကြီးပါ။ ဆော့ဝဲလ်နဲ့ဖျောက်မလား၊ security tab
ကိုအသုံးပြုပြီးတော့ lock ချထားမလား။ သူ့နည်းနဲ့သူကတော့ အကောင်းတွေချည်းပဲဗျို့။ ဒါပေမယ့်
အခု cmd command lineနဲ့ Folder တွေကို ဖျောက်ထားနည်းကလည်းမဆိုးဘူး။ ဘာပဲဖြစ်ဖြစ် နည်း
များများသိလေ ကောင်းလေပဲမဟုတ်လား။ ကျနော်က ကွန်ပျူတာအခြေခံလေးတွေလေ့လာရင်းကောင်း
တာလေးတွေတွေ့ရင် မလွတ်တမ်းပေါ့ဗျာ။ ကြိုက်ရင်ယူ မကြိုက်ရင်ကျော်သွားပေါ့။

ကျနော်က ဘ၀တူသမားလေးတွေအတွက်ရေးပြတာဆိုတော့ အခြေခံကျကျလေးရေးလိုက်မယ်...

(၁) Start Menu က Run ကိုနှိပ်၊ ဒါမှမဟုတ်ရင် (Window logo+R) တွဲနှိပ်
Run ဘောက်စ်ပေါ်လာမယ်။

(၂) ပေါ်လာတဲ့ Run ဘောက်စ်ထဲတွင် cmd ရိုက်ထည့်ပါ။


(၃)ပေါ်လာတဲ့ cmd screenထဲမှာ အောက်ပါcommand line တွေကို၇ိုက်ထည့်ပါ
(a)cd\ ရိုက်ထည့် ပြီးတော့ Enter ခေါက်
(b)D: ရိုက်ထည့် ပြီးတော့ Enter (ဒါတော့ မိမိဖျောက်မယ့် ဖိုလ်ဒါရဲ့ directry ကိုရိုက်ထည့်ရမှာဖြစ်ပါ
တယ်။ ဥပမာ....မိမိဖိုလ်ဒါက C: E: တို့မှာ ရှိရင် C: E: စသည် တစ်ခုခုရိုက်ထည့်ရမှာဖြစ်ပါတယ်)
(c)attrib +s +h Document (ဒါလဲ Document ဆိုတဲ့နေရာမှာ မိမိဖျောက်မယ့် ဖိုလ်ဒါရဲ့အမည်ကိုရိုက်
ထည့်) ပြီးတော့ Enter ခေါက်။

အေက်ပါပုံကို အထက်ပါလုပ်ဆောင်ချက်တွေနဲ့တိုက်ကြည့်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်


cmd screen ကိုပိတ်လိုက်တော့ ပိတ်တတ်တယ်ဟုတ်။ exit ရိုက်ထည့်ပြီး enter ခေါက်လိုက်ရင်
ပိတ်သွားပါတယ်လေ။ ထုံးစံအတိုင်းဆိုရင် ညာဖက်အပေါ်ဆုံးက ကြက်ခြေခတ်ပေါ့။ ဟီး

ဖျောက်ထားတဲ့ ဖိုလ်ဒါကိုပြန်ပေါ်စေချင်ရင်...
cd\
D:
attrib -s -h (မိမိဖိုလ်ဒါအမည်)ကို ပြန်၇ိုက်ထည့်ရုံပါပဲ

ပျော်ရွင်ပါစေ...

စောလင်းနက်စ်

9/26/10

Lock ချထားသော ဖိုလ်ဒါ၊ ဖိုင်များ ပြန်ဖွင့်နည်း

တစ်နေ့က Lock Folder Using Security Tab ဆိုပြီး ကျနော်ရေးခဲ့ပါတယ်။ security tab
မဖျောက်ထားဘူးဆိုရင် အဲဒီဖိုလ်ဒါတွေကို ပြန်ဖွင့်တဲ့အခါ အတော်ဒုက္ခရောက်တယ်။ သိတဲ့ပုဂ္ဂိုလ်များအတွက်
လွယ်တယ်ဆိုပေမယ့်မသိရင် အတော်ကသိကအောက်ဖြစ်တယ်ဗျာ။ ဒါကြောင့် အဲဒီပြန်ဖွင့်နည်းလေးကို
ကျနော်ရေးပြချင်ပါတယ်။သိရင်တော့ကျော်သွား၊ ဒီထက်ကောင်းတဲ့နည်းရှိရင်လဲ ထပ်ဖြည့်ပေါ့ဗျာ...

Lock ချထားသော ဖိုလ်ဒါ၊ဖိုင်များ ပြန်ဖွင့်နည်း

(၁) မိမိ Lock ချထားသော ဖိုလ်ဒါ၊ ဖိုင်အပေါ်ကို Right Click > Properties ကိုနှိပ်
(၂) ပေါ်လာတဲ့ Properties screenshot မှာ menu အပေါ်ဘားက security tab ကိုနှိပ်ပြီး အောက်က Advanceဆက်နှိပ်


(၃) Advance security setting ဘောက်စ်ပေါ်လာမည်။ menu အပေါ်ဘားက Owner ကိုနှိပ်၊ ညာဖက်အောက်က edit ကို ဆက်နှိပ်


(၄) နောက်ပေါ်လာတဲ့ ဘေက်စ်မှာ Current Owner နဲ့ Change Owner နှစ်မျိုးရှိပါတယ်။ Current Owner ထဲမှာ Unable to display current owner ဆိုတာတွေ့ရမှာဖြစ်ပါတယ်။ အဲဒါကို Change Owner ထဲမှာရှိတဲ့ မိမိကွန်ပျူတာ Userနဲ့ ပြန်ပြောင်းရမယ်။ ဒါဆို Change Owner ထဲတွင် မိမိ user name ကိုရွေးပါ။ ပြီးရင် Apply ကိုနှိပ်


(၅) Window Security , Messgae ပေါ်လာမည် OK ကိုနှိပ်



ဒီအဆင့်တွေအားလုံးပြီးရင် ဖွင့်ထားတဲ့ဘောက်စ်အားလုံးကို ပြန်ပိတ်လိုက်ပါ

ကျနော်တို့ နောက်တစ်ခေါက် အဲဒီဖွင့်ချင်တဲ့ဖိုလ်ဒါ၊ ဖိုင်ကိုပဲ right click > properties နောက်တစ်ကြိမ်ပြန်နှိပ်ပါ။

ထိုနောက် security tab ကိုနှိပ်


နောက်ပေါ်လာတဲ့ဘောက်စ်ထဲတွင် Group or user name အကွက်တွင် မိမိ user name ကိုရွေး၊ ပြီးတော့
edit ကို ဆက်နှိပ်


နောက်တစ်ဆင့်မှာ Permission for users တွင် Allow နဲ့ Deny တွင် Allow အောက်တည့်တည့်ရှိ လေးထောင့်ကွက်တွင် ပထမဆုံးအကွက်ကို ခြစ်လေးလိုက်ပါ၊ ပြီးတော့ Apply ကိုနှိပ်။


ပြီးတော့ error apply security မက်စေ့ဂ်ျဘောက်စ်ပေါ်လာမည်၊

အဲဒါကို continue ကိုနှိပ် (တစ်ခု သတိထားရမှာ မိမိဖွင့်ချင်တဲ့ဖိုလ်ဒါထဲမှာ ဖိုင်၊ ဖိုလ်ဒါတွေဘယ်နှစ်ခုရှိသလဲ၊ ၇ှိတဲ့အရေအတွက်လိုက် continue ထပ်ကာထပ်ကာနှိပ်ပါ။ အားလုံးပြီးလျှင် သူ့အလိုလို
မက်စေ့ဂ်ျဘောက်စ်ပျောက်သွားပါလိမ့်မည်။

လွယ်မလိုလိုနဲ့ ခက်သားနော်...

အဆင်ပြေပါစေ...

စောလင်းနက်စ်

9/25/10

Remove Drive From Desktop(Linux)

Linux OS မှာ Drive တွေကို ဖွင့်တိုင်း Desktop ပေါ်မှာ အမြဲပေါ်နေတတ်ပါတယ်။ အဲဒါကို
ဖြုတ်နည်းလေးပြောမလို့။ ပေါ်တော့ရောဘာဖြစ်လဲလို့ ဘာမှတော့မဖြစ်ပါဘူး။ ဒက်စတော့
မျက်နှာပြင်ပေါ်ရှုပ်နေတာလေ။ ဘာဖြစ်ဖြစ်လေ နည်းလမ်းလေးတစ်ခုရသွားတာပေါ့။ ဒါက
လဲ လင်းနက်စ်ကိုသုံးနေကြပုဂ္ဂိုလ်တွေကသိပါတယ်။

ကဲ....စကြရအောင်…
(၁) Alt+F2 ကိုတွဲ နှိပ်လိုက်ပါ။ ဘောက်စ်တစ်ခုကြလာမယ်။


(၂) အဲဒီ Box ထဲမှာ gconf-editor ဆိုတာကို ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။ screenshot
တစ်ခုပေါ်လာမယ်။


(၃) အဲဒီပေါ်လာတဲ့ ဘောက်စ်မှာ Box ရဲ့ ဘယ်ဘက်နားက apps (applications)
ကို Double Click နှိပ်


(၄) နောက်ပေါ်လာတဲ့ ဘောက်စ်ရဲ့ ဘယ်ဖက်မှာ nautilus ရှာပါ။ တွေ့ရင် Double Click


(၅) နောက်ဘောက်စ်တစ်ခုထပ်ကြလာမယ် အောက်တည့်တည့်တွင် Desktop ကို click တစ်ချက်နှိပ်

(၆) ညာဖက်အောက်ဆုံးတွင် Volumes_Visible တွေ့ပါလိမ့်မယ်။ ဘေးနားက လေးထောင့်ကွက်
အမှန်ခြစ်ကို ဖြုတ်လိုက်ပါ။


ပြီးပါပြီခင်ဗျာ…

ပြန်ပေါ်စေချင်ရင်...
Volumes_Visible ရဲ့ အမှန်ခြစ်လေးထောင့်ကွက်ကို ပြန်ခြစ်လိုက်ရုံပါပဲ။

အဆင်ပြေပါစေ...

စောလင်းနက်စ်

Dial up for linux Ubuntu

Configure မပြုလုပ်ခင် .. အရင်ဆုံးလိုအပ်တာတွေကတော့ ..
Modem တတ်ဆင်ထားခြင်းရှိမရှိ သေချာ စစ်ဆေးပါ ..
Modem drivers install လုပ်ထားခြင်းရှိမရှိ သေချာစစ်ဆေးပါ ..
Internet Connection အတွက် ISP နဲ့ ချိတ်ဆက်ရန် ..
User name
Password
Dail-in number အစရှိတာတွေကို သိရှိထားဖို့လိုအပ်ပါတယ် ..

အဲဒါတွေ အားလုံးအဆင်ပြေသွားပြီဆိုရင်တော့ Configure စတင်ပြုလုပ်လို့ရပါပြီ။

အရင်ဆုံး System >> Administration >> Networking ကိုသွားလိုက်ပါ။





Modem Connection ဆိုတာလေးကို ရွေးချယ်ပြီး Properties ကိုနှိပ်လိုက်ပါ။





Interface Properties ဆိုတဲ့ Box လေးပေါ်တဲ့အခါ .. General Tab ထဲက ..
Enable this connection ဆိုလေးကို အမှန်ခြစ်ပေးလိုက်ပါ။
Phone Number မှာ ခေါ်ဆိုရမယ့် Phone Number ထည့်သွင်းပေးလိုက်ပါ။
User Name မှာ Internet Connection အတွက် ISP မှ ချပေးထားတဲ့ User Name ကို ထည့်သွင်းပေးလိုက်ပါ။
Password မှာ Internet Connection အတွက် ISP မှ ချပေးထားတဲ့ Password ကို ထည့်သွင်းပေးလိုက်ပါ။





Modem Tab ကိုသွားလိုက်ပါ။
Modem Port မှာ Autodetect ကိုနှိပ်ပေးလိုက်ပါ။
Dail  Type နှင့် Volume ကို မိမိကြိုက်သလို ပြင်ဆင်လိုက်ပါ။





Option Tab ကိုသွားလိုက်ပါ။
Use the internet service provider nameservers ကိုအမှန်ခြစ်ပေးလိုက်ပါ။
Retry if the connection is breaks or fails to start ကိုအမှန်ခြစ်ပေးလိုက်ပါ။
OK ကိုနှိပ်ပေးလိုက်ပါ။





ကိုးကား။        ။ UbuntuGeek

အဆင်ပြေပါစေဗျာ။
ကျေးဇူးတင်ပါသည်။
Error

Ref: http://www.myanmarchatonline.org/forum/index.php?topic=11081.0 







9/24/10

Lock Folder Using Security Tab

security tab ကိုသုံးပြီး ၀င်းဒိုးက ဖိုလ်ဒါ၊ ဖိုင်တွေ အလွယ်တကူသူများဖွင့်လို့မရအောင်လုပ်တဲ့နည်းလမ်း
လေးပါ။ ဘာဖြစ်ဖြစ်တအားလုံခြုံမှုမဟုတ်သည့်တိုင် ဖိုလ်ဒါတွေ၊ ဖိုင်တွေအတိုင်းအတာတစ်ခုထိ လုံခြုံမှု
ရနိုင်ပါတယ်။

ကဲ...စမ်းကြရအောင်..

(၁) ပိတ်ထားချင်တဲ့ ဖိုလ်ဒါတစ်ခုပေါ်ကို Right Click အောက်က Properties ကိုဆက်နှိပ်

(၂) နောက် security tab ကိုနှိပ်၊ ပြီးတော့ edit ကိုဆက်နှိပ်


(၃) ထိုနောက် Group or user anmes ရဲ့ အောက်အကွက်တွင် မိမိရဲ့ User..... နိမ်းကို ရွေး
ကျနော်ကတော့ (User Meda-PC\Users) ကိုရွေးပါတယ်။



ပြီးတော့ ALL နဲ့ Deny နှစ်ခုတွင် Deny အောက်က လေးထောင့်ကွက်တို့တွင် အပေါ်ဆုံးအကွက်ကို တစ်
ခြစ်ပါ။ ပြီးရင် apply > OK


(၄) Window Secirity , warining message ပေါ်လာမယ် OK ကိုနှိပ်

အဲဒါပါပဲ။

ပြန်ဖွင့်ချင်ရင်တော့...
အစဉ်အတိုင်းသာဝင်ပြီး Deny အေက်ကလေးထောင့်ကွက်တွင် တစ်ခြစ်ထားတွေကို အားလုံးပြန်ဖြုတ်
apply > OK

(ပိတ်ထားတဲ့ဖိုလ်ဒါကို ဖွင့်တဲ့အခါ security tab ပေါ်လာမယ် အဲဒါပါ ဖြုတ်ချင်ရင်တော့ နောက်မှ
ပဲရေးတော့မယ်လေ)

အဆင်ပြေပါစေ....

စောလင်းနက်

9/22/10

PC Drive တွေကို group policy နဲ့ ပိတ်ထားမယ်

မိမိကွန်ပျူတာမှာ My Computer တွင် C: D: Drive စသည်ရှိပါတယ်။ အဲဒါတွေ group policy editor
နဲ့ ဖျောက်တဲ့နည်းကို ပြောချင်ပါတယ်။ ဒါတော့ ကျွမ်းကျင်တဲ့လူတွေအတွက်တော့ သိပ်မထူးပေးမယ့် ကွန်ပျူတာကို
သိပ်ပြီးအထာမနပ်သေးသောသူများအတွက် အဆင်ပြေပါတယ်။ ဘာကြောင့်လဲဆိုတော့ သိပ်ပြီးကွန်ပျူတာကိုအကျွမ်း
တ၀င်မရှိသေးရင် ဟိုကလိဒီကလိနဲ့ တစ်ချို့ဖိုင်တွေအရေးကြီး၊ မကြီးမခွဲခြားနိုင်ပါ။ အဲဒီအတွက်ကြောင့် ကာကွယ်ချင်
တယ်ဆိုရင် PC Drive တွေကို ဖျောက်ထားတာအကောင်းဆုံးပဲလို့ထင်တယ်။

ကဲ...ကြိုက်ရင် စမ်းရအောင်...

Run>>gpedit.msc>>administrative templates>>window components>>windows explorer
ကို double click >>prevent access to drives from my computer ဆိုတာလေးကို double
click >>enable ပေးပြီး apply .. OK လိုက်ပါ..ပြီးရင် My Computer ထဲက Driveတွေကို ဖွင့်လို့
မရတော့ပါဘူး/

အဆင်ပြေပါစေ...

စောလင်းနက်စ်

ကွန်ပျူတာ (ဘိ) သံများပြဿနာ

ayeminaung50 {http://www.myanmarchatonline.org/forum/index.php?topic=37475.0}



ကွန်ပျူတာကိုစစဖွင့်ခြင်းPOST(power-on self test) လို့ခေါ်တဲ့utilityကကွန်ပျူတာ hardwareပိုင်းကပစ္စည်းပို
င်းအားလုံးကိုဘယ်အပိုင်းကပျက်မပျက်ဆိုတာစစ်ဆေးပါတယ်။Systemပုံး(သို့)ပုံးနံရံမှာကက်ထားတဲ့စပီကာသေး
သေးလေးက hardware ပိုင်းက ဘယ်ပစ္စည်းပျက်မပျက်ဆိုတာကို စစ်ပေးပါတယ်။ပြသာနာတစ်စုံတစ်ရာရှိပြီဆို
ရင်(ဘိ)သံတွေလွှင့်ပြီးအချက်ပေးပါတယ်။ကိုယ်ကနားလည် ပိုင်နိုင်စွာ သိနားလည်ဖို့ပဲလိုပါတယ်။

(တိ) အသံတစ်ချက်ပေးပြီး window တက်လာပြီဆိုရင်တော့ဒါကွန်ပျူတာက အခြေအနေကောင်းနေပါပြီ။ (ဘိ)
သံ လုံးဝမထွက်ရင်တော့ ကွန်ပျူတာဟက်ဝဲလ် ပိုင်းကတစ်ခုခုလွတ်နေပါပြီ။(သို့မဟုတ်) ပါဝါဆပလိုင်းကပြသာ
နာတက်နေပါပြီ။ (တိ) သံတစ်ချက်ချင်းအဆက်မပြတ်ထွက်နေရင်တော့ သူငယ်ချင်း ကွန်ပျူတာ graphic card
(or) memory က ပြသာနာတစ်ခုခုဖြစ်နေပါပြီ။(တိ)အသံအဆက်မပြတ်ထွက်နေရင်တော့ motherboard က
ဖြစ်တာပါ။BIOSအမျိုးအစားပေါ်မူတည်ပြီးတော့(တိ)သံတွေကအမျိုးမျိုးကွဲပြားနိုင်ပါတယ်။

(ဘိ) သံ များနဲ့ ပတ်သတ်ပြီး အသေးစိတ် သိလိုရင်တော့ Google Search မှာ (BIOS Beep Code)
လို့ ရိုက်ထည့်ပြီးရှာကြည့်လိုက်ပါ။ပေါ်လာသော Website links များကိုရွှေးချယ်ပြီး ဖတ်နိုင်ပါတယ်။

အသုံးများဆုံး Bios အမျိုးအစားကတောAM I(American Megatrends International), Award BIOS,Ph
oenix BIOS အမျိုးအစားဖြစ်ပါတယ်။

9/18/10

Windows 7 Installation ထည့်သွင်းနည်း



ဘာရယ်တော့မဟုတ်ပါဘူး။ အားတာနဲ့ မိမိသိထားတဲ့အကြောင်းအရာလေးတွေကိုလိုအပ်မည့်ပုဂ္ဂိုလ်တွေအတွက် ၀င်းဒိုး 7 အင်စတောထည့်သွင်းနည်းလေးရေးလိုက်အုံးမယ်။ Windows 7 Installation ထည့်သွင်းနည်းက အင်္ဂလိပ်လို
ရေးထားတဲ့ဆိုက်တွေအများကြီးပေါ့ဗျာ။ ဒါမေပယ့် မြန်မာလိုသိပ်မတွေ့သေးတာနဲ့ရေးလိုက်အုံးမယ်လေ။ မြန်မာလိုရေးပြီး
သားဆိုက်တွေလည်းရှိမှာပါ။ ကျနော်မတွေ့တာလဲဖြစ်မယ်။ ဘာဖြစ်လေ ရေးသားချင်းစတိုင်လ်သာမတူနေမှာသဘော
တရားကတော့ အတူတူပါပဲ။ ဒီနေရာမှာ အင်စတောထည့်သွင်းနေစဉ် ပါတေးရှင်းပိုင်းပုံလေးပါ အသေးစိတ်ထည့်သွင်း
ဖေါ်ပြပေးသွားမှာဖြစ်တယ်။ သိပြီးသား ပုဂ္ဂိုလ်များအတွက်မထူးပေမယ့် မသိသေးသောပုဂ္ဂိုလ်များအတွက်တော့အတိုင်း
တာတစ်ခုထိတော့ အကျိုးရှိလိမ့်မယ်မျှော်လင့်ပါတယ်။

Windows 7 Installation ထည့်သွင်းနည်းကိုသိရင် Window Vista Installation ထည့်သွင်းနည်း
ပါသိသွားတာပေါ့။

တကယ်တော့ဝင်ဒိုးအင်စတောလုပ်တယ်ဆိုတာ တစ်ချို့လုပ်နေကျမဟုတ်တော့ အတော်ခက်တယ်လို့ထင်ကြပါတယ်။
အဓိကအချက်က လက်တွေ့လုပ်ဆောင်ဖို့ပါပဲ။ တစ်ချို့နေရာမှာအခက်အခဲရှိကောင်းရှိနိုင်ပါတယ်။ ဥပမာ…Boot
Set up တက်ဖို့ နှိပ်ရမည့် ကီးဘုတ်ပေါ်က ကီးတွေဟာ စက်ရဲ့အမျိုးအစားလိုက်တစ်လုံးနဲ့တစ်လုံးမတူပါဘူး။
အများစုက F2, Delete ကီးတွေနှိပ်ရပါတယ်။ HP Compaq စက်တွေမှာ အများအားဖြင့် F10, နှိပ်ပြီး သူ့ရဲ့
Boot Priority ကိုရှာပြီး first boot device ကို ၀င်ချိန်းရပါတယ်။ ဒါကတော့ အ ကြမ်းဖျင်းအနေနဲ့
ပြောတာပါ။ အဓိကအားဖြင့် Boot Set up ၀င်ဖို့ရန် နှိပ်ရမည့်ကီးကိုသိချင်ရင် မိမိ စက်ဖွင့်ဖွင့်ချင်း ပေါ်လာတဲ့
screen မှာညွန်ပြလေ့ရှိပါတယ်။
အဲဒါကိုကြည့်ပြီး Boot Set up ကို ၀င်ရပါတယ်။ တစ်ချို့စက်တွေမှာ မိမိစက်ဖွင့်ဖွင့်ချင်းပေါ်လာတဲ့ screen မှာ
ဘယ်ကီးနှိပ်ရမလဲဆိုတာ တွေ့ဖို့အင်မတန်မျက်စိလည်စရာကောင်းပါတယ်။ အဲလိုဆိုရင် စက်ဖွင့်ဖွင့်ချင်း ဒါမှမဟုတ်
Restart ထပ်ခါလုပ်ပြီး F2, Delete, F10, စသည် တစ်ခုချင်းလိုက်စမ်းကြည့်ပါ။ တစ်ခုခုတော့ Boot Set
up menu ပေါ်လာပါလိမ့်မယ်။

ဥပမာ-
AMI - F1, Del, Ctrl+S
AST - Ctrl+Alt+Esc
Award - F1, F2, Del, Ctrl+Alt+Enter
Compaq- F10
Phoenix - F2, Ctrl+Alt+Esc, Ctrl+Alt+R, Ctrl+Alt+Ins, Ctrl+Alt+Q, Ctrl+Alt+F1, Ctrl+Alt+(+), Ctrl+Alt+(-)
IBM - PS1 Ctrl+Alt+I အစရှိသည်ဖြင့် ကွဲပြားနိုင်ပါတယ်။

ကဲ…ဒါဆို ( CD/DVD Drive နဲ့ အင်စတောထည့်သွင်းနည်းကို ) စကြရအောင်….
ဝင်းဒိုး 7 DVD ခွေကို ကွန်ပျူတာ CD/DVD Drive ထဲသို့ ထည့်လိုက်ပါ။
ပြီးတော့ စက်ကို Restart ချပါ။ စက်ပြန်တက်လာတာနဲ့ မိမိစက်မှာ Boot Set up ၀င်ရမည့် အထက်
ပါကီးတစ်ခုခုကိုနှိပ်ထားပါ။
Boot Sep up menuကို ၀င်လိုက်။ First Boot Device မှာ CD Room ကို ရွေးပါ။ ပြီးတော့
F10 ကို နှိပ်ပြီး Enter ခေါက်။ (ဒီနေရာမှာလည်း တစ်ချို့စက်က Y/N တို့ပေါ်လာတတ်ပါတယ် အခြေအနေ
ကြည့်ပြီး save ဖို့ Y ကိုသာနှိပ်)
ခဏကြာ Press Any Key…….ဆိုပြီးပေါ်လာပါလိမ့်မယ်။ ချက်ချင်း Enter ကိုခေါက်ပါ မနောက်ကျ
စေနဲ့ (နောက်ကျတာနဲ့ ၀င်းဒိုးဟောင်းတက်လာမယ်)


အဆင့် (၁)
ပထမအဆင့်တွေ့ရမယ့်ပုံက ၀င်းဒိုးဖိုင်တွေစတင်စစ်ဆေးပြီး ထည့်သွင်းမှုကိုလုပ်ဆောင်တဲ့ပုံဖြစ်ပါတယ်။
ထိုင်ကြည့်ရုံပါပဲ။အောက်ကပုံအတိုင်း...


အဆင့် (၂)
ဝင်းဒိုး 7 Starting sreen ပုံပေါ်လာတာတွေ့ရပါလိမ့်မယ်။ ဒါလဲ ထိုင်ကြည့်ရုံပါပဲ။
အောက်ကပုံအတိုင်း…


အဆင့် (၃)
မိနစ်အနည်းငယ်အကြာ ၀င်ဒိုးအင်စတောပြုလုပ်မည့် language စသည် ရွေးချယ်ရန် ၀င်းဒိုး Prompt ပေါ်လာမည်။ ရှိတဲ့အတိုင်းထားပြီး Next ကိုနှိပ်။
အောက်ကပုံအတိုင်း..


အဆင့် (၄)
နောက်ပြီး အင်စတောထည့်သွင်းဖို့ Install Screen ပေါ်လာလိမ့်မယ်။ Install ကိုသာ နှိပ်ပါ။
(အောက်က Repair your window ဆိုတာ မိမိက Recovery cd, System Restore Image,
Window cd တွေကို Restore ပြန်လုပ်ချင်တယ်ဆိုရင် အဲဒီ Repair your window
ဆိုတာကို နှိပ်ရပါမယ်။ ဒီနေရာမှာတော့ မလိုပါဘူး။ Install ကိုသာ နှိပ်ပါ။
အောက်ကပုံအတိုင်း…


အဆင့် (၅)
Accept the license terms, Screen ပါပဲ။ accept ကို တစ်ခြစ်ပြီး Next ကိုသာဆက်နှိပ်။
အောက်ကပုံ


အဆင့် (၆)
နောက်တစ်ဆင့်တွင် ၀င်းဒိုးအင်စတောထည့်သွင်းမည့် အမျိုးအစားကိုရွေးချယ်ဖို့ပါပဲ။ Upgrade နဲ့ Custom
နှစ်ခုတွင် Custom ကိုသာရွေးပါ။ ဘာဖြစ်လို့လဲဆိုတော့ HDD အသစ်ကိုပါတေးရှင်းခွဲမှာဖြစ်သည့်အတွက်
Custom ကိုသာရွေးပြီးနှိပ်ပါ။
အောက်ကပုံ…


အဆင့် (၇)
ဒီအဆင့်မှာ ဘယ်နေရာတွင်ဝင်းဒိုးအင်စတောလုပ်မလဲဆိုတဲ့ Screen ပေါ်လာမှာဖြစ်ပါတယ်။ အခုပြ
နေတဲ့ပုံက GB 40 ရှိတဲ့ HDD တစ်လုံပေါ့။ Unallocated Space ပြသောအားဖြင့် ပါတေးရှင်းမပိုင်းချင်ဘူးဆိုရင် Next ကို နှိပ်လိုက်တာနဲ့ Installation စတင်လုပ်ဆောင်တော့မှာဖြစ်ပါတယ်။

ဒီနေရာမှာ သိထားရမှာက အကယ်၍ ၀င်းဒိုးတင်ထားတဲ့ HDD တစ်လုံးဆိုရင် C/ D Drive တွေကို
(a)partition 1
(2)partition 2
(3)partition 3 စသည် ဆိုပြီး ပေါ်နေမှာဖြစ်ပါတယ်။ အဲလိုအနေအထားမျိုးမှာ (2)partition 2
(3)partition 3 ပါတေးရှင်းအသစ်ပြန်ပိုင်းချင်ရင် select တစ်ခုစီပေးပြီး Delete, New, Format အစဉ်အတိုင်းလုပ်ဆောင်ရတော့မည်ဖြစ်တယ်။

အခုက GB 40 ရှိတဲ့ Unallocated Space HDD ဆိုတော့ delete လုပ်စရာလိုမည်မဟုတ်ပါ။ ဒါဆို အောက်ကပုံမှာပါရှိတဲ့ Drive option (advance) ဆိုတာကို နှိပ်။


အဆင့် (၈)
ထိုနောက် function bottom အမျိုးမျိုးတွေ့ပါလိမ့်မယ်။ပါတေးရှင်းအသစ်ပိုင်းမှာဖြစ်သည့်
အတွက် New ကိုဆက်နှိပ်ပါ။ အောက်ကပုံအတိုင်း…


အဆင့် (၉)

နောက် screen တစ်ခုမှာ size ဘောက်စ်အတွင်းမှာ မိမိပိုင်းချင်တဲ့ပါတေးရှင်းကို MB အရေအတွက်
ရိုက်ထည့်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ GB နဲ့ MB အရေအတွက်ဆိုတာက 1GB ဆို MB 1000GB 20 ဆိုရင်
MB 20000 ပေါ့ဗျာ။ ဘယ်နှစ်ပိုင်း ပိုင်းချင်လဲ မိမိပေါ်မူတည်ပါတယ်။ ပိုင်းချင်တဲ့ပါတေးရှင်းအရေအတွက်ကို
ကိုယ့်မှာရှိတဲ့ ဟတ်ဒစ် MBနဲ့ စား လိုက်ပေါ့။ ဥပမာ…MB 40000 ကို 2 နဲ့စား
လိုက်ရင် ၂၀၀၀၀ ဆီ ဖြစ်သွားမယ်လေ။ ကဲ…ဒါဆို size အကွက်ထဲမှာ မိမိထည့်မယ့် HDD ရဲ့ MB ကိုရိုက်ထည့်။
ပြီတော့ apply ကိုနှိပ်။


အဆင့် (၁၀)
ထိုနောက် Window Features မှန်မှန်ကန်ကန်လုပ်ဆောင်နိုင်ရန် ၀င်းဒိုးက System file အတွက် additional partition တစ်ခု ဖန်တီးပေးမှာဖြစ်ကြောင်း Massage box တစ်ခုပေါ်လာမယ်။ အဲဒါက
Window 7 Reserved partition လို့လဲခေါ်ပါတယ်။ MB 100 လောက်ရှိပါတယ်။ OK ကိုနှိပ်။


အဆင့် (၁၁)
အခု အောက်ပါပုံအတိုင်း ပိုင်းပြီးသားပါတေးရှင်း (၃) ခုရှိတာ တွေ့ရမှာဖြစ်ပါတယ်။
(၁) Disk partition 1, reserved partition
(2) Disk partition 2, primary partition
(3) Disk partition 3, unallocated partition
ဒီနေရာမှာ အဓိကသိထားရာမှာက ၀င်းဒိုးတင်ရမည့် ပါတေးရှင်းပဲဖြစ်ပါတယ်။ Disk partition 2, primary partition မှာ ၀င်းဒိုးတင်ရမှာဖြစ်ပါတယ်။ Disk partition 2, primary partition ၀င်းဒိုး
ထည့်သွင်းရမှာဖြစ်သည့်အတွက် Disk partition 2, primary partition ရွေးပြီး Format ကိုနှိပ်ပါ။
Data တွေ ပျက်ဆီးနိုင်ကြောင်း သတိပေးမက်စေ့ဂ်ျဘောက်စ်ပြားပေါ်လာမည်။ OK နှိပ်။

နောက်ပြီး (3) Disk partition 3, unallocated partition ကိုလည်း ဒီနေရာမှာ Format တစ်ခါတည်းချင်ရင် Disk partition 3, unallocated partition ကိုရွေးပြီး Format ကိုနှိပ်ပါ။
မက်စေ့ဂ်ျဘောက်စ်ပြားပေါ်လာရင် OK ကိုသာနှိပ်။

အားလုံးပြီးလျှင် ၀င်းဒိုးကို Disk partition 2, primary partition မှာတင်မှာဖြစ်သည့်အတွက် Disk partition 2, primary partition ကို ပြန်ရွေးပြီး Next ကိုဆက်နှိပ်ပါ။


အဆင့် (၁၂)
Next ကိုနှိပ်ပြီးတာနဲ့ ၀င်းဒိုး 7 ထည့်သွင်းမှုကို စတင်ပါလိမ့်မယ်။ ၀င်းဒိုး DVD ကနေ HDD ထဲကို ၀င်းဒိုး မီဒီယာဖိုင်စတင်ထည့်သွင်းမှုကိုစတင်နေပါပြီ….ဒီအချိန်ကပြီး ဘာမှလုပ်စရာမလိုတော့ပဲအေးဆေးအနားယူလို့ရပြီ။


အဆင့် (၁၃)
ကွန်ပျူတာရဲ့ Operation System အတွက် လိုအပ်တဲ့ Update တွေလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါလဲ ဘာမှလုပ်စရာမလိုပါဘူး။ ကြည့်နေရုံပါပဲ။


အဆင့် (၁၄)
ပြီးတော့ ဒီအဆင့်မှာ ကွန်ပျူတာက Automatic Reboot အလိုလို Restart ချပါလိမ့်မယ်။ ပြန်တက် ရင် Press any key …..ဆိုတာကို ဘာမှမနှိပ်ပါနဲ့။ နှိပ်မိရင် အစကနေပြန်စပေတော့။
ဒီအတိုင်းပဲကြည့်နေပါ….



အဆင့် (၁၅)
အချိန်နည်းနည်းကြာပြီး ၀င်းဒိုးက Reboot နောက်တစ်ကြိမ်ထပ်ပြီး အလိုလို Restart ချပါလိမ့်မယ်။

အဆင့် (၁၆)
အောက်ပါပုံအတိုင်း ၀င်းဒိုး screen တက်လာမှာဖြစ်ပြီး ထိုနောက် username and the computer's name ရိုက်ထည့်ဖို့ screen ထပ်ပေါ်လာမှာဖြစ်ပါတယ်။ User name, Computer name တို့ကို ရိုက်
ထည့်လိုက်ပြီး Next ကိုဆက်နှိပ်



အဆင့် (၁၇)
မိမိကွန်ပျူတာရဲ့ password ထားချင်ရင် ရိုက်ထည့်ပေါ့။ မထားချင်ရင် ဘာမှမရိုက်ပဲ Next ကိုပဲနှိပ်။


အဆင့် (၁၈)
ဝင်းဒိုး CD Key ကိုထည့်ရမယ်။ မိမိ ၀င်းဒိုး စီဒီက Genuine ဖြစ်ရင်တော့ ကီးထည့်ပေါ့။ ကော်ပီ ၀င်းဒိုးဆိုရင် ဘာမှမရိုက်ထည့်ပါနဲ့ automatically active when I m online လေးထောင့်ကွက်
လေးကို တစ်ခြစ်ထားကို ဖြုတ်ပြီး Next ကိုဆက်နှိပ်။


အဆင့် (၁၉)
နောက်တစ်ဆင့်က use recommended setting ကိုသာရွေးပြီး နှိပ်ပါ။


အဆင့် (၂၀)
ဒါကတော့ Date, time zone တွေကို ရွေးဖို့ဖြစ်ပါတယ်။ မိမိနေထိုင်ရာနိုင်ငံရဲ့နေရာ၊ အချိန်တွေကို ရွေးပြီး Next ပေါ့။


အဆင့် (၂၁)
နောက်တစ်ဆင့်က မိမိအသုံးပြုတဲ့အင်တာနက် location ကိုရွေးဖို့။ တစ်ခုခုကိုရွေးလိုက်ပါ။ ကျနော်က Home Network ကို ရွေးလိုက်တယ်။


အဆင့် (၂၂)
ကဲ…အားလုံးပြီးပါပြီခင်ဗျာ….အောက်ကပုံတွေကတော့ ၀င်းဒိုးရဲ့နောက်ဆုံးထည့်သွင်းမှုနဲ့ ၀င်းဒိုး
7 Desktop ပုံတွေ စတင်ပေါ်လာပါပြီ ၀င်းဒိုး 7 အင်စတောထည့်သွင်းမှုတွေဒီမှာတင် အားလုံးအပြီး
သို့တိုင် ရောက်ခဲ့ပါပြီ။ ။





(၀င်းဒိုး စီဒီခွေကိုထုတ်ပြီး Driver CD ထည့်ပြီးတော့ မောင်းပေးတော့၊ မ၇ှရင် အင်တာနက်မှာရှာပြီး
ဒေါင်းလုဒ်၊ အင်စတောပေါ့။)

မှတ်ချက်...တစ်စုံတစ်ခုမှားယွင်းမှုရှိခဲ့သော် ကျနော့ရဲ့ ညံ့ဖျင်းမှုကြောင့်သာဖြစ်ပါတယ်ခင်ဗျာ...

အားလုံးပျော်ရွင်ပါစေ….

စောလင်းနက်စ်

Related Posts...! {ဆက်စပ်ပို့စ်များ}