Popular Posts

Labels

How to make Karaoke Text

Karaoke စာတန်းထိုး ပြုလုပ်နည်း---ကို ပြုလုပ်တဲ့နေရာမှာ (၁) မိမိပြုလုပ်မည့်စာတန်းကို Photoshop နဲ့ပြု ခြင်း (၂) ၎င်းပြုလုပ်ထားသည့် psd ဖိုင်ကို adobe after effect ဆော့ဝဲမှာထည့်ပြီး Karaoke စာတန်းထိုး ပြု လုပ်ခြင်းဆိုပြီး အပိုင်းနှစ်ပိုင်းနဲ့ပြုလုပ်ရပါမယ်။

Wireless router တစ်ခုတည်ဆောက်မယ်

ကျွန်တော်တို့ တစ်တွေသည် စာတွေနှင့်ရှင်းပြသည်ထက် ပုံကလေးတွေနှင့်ရှင်းပြသည်ကို နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ဒါကြောင့် ကျွန်တော် သူငယ်ချင်းတို့ တစ်တွေနားလည်ရလွယ်ကူအောင် router/access point တစ်ခု တည်ဆောက်ပုံကို အတတ်နိုင်ဆုံးရှင်းလင်းလွယ်ကူမှုရှိအောင် ပုံကလေးတွေနှင့်ရှင်းလင်းပြပေးပါမယ်။ ဤလမ်းညွှန် ချက်ကလေးဟာ Linksys WRT54G ကို အခြေခံထားပါတယ်ခင်မျာ။

How to Reset / Remove / Bypass a BIOS or CMOS Password

BIOS or CMOS Password တွေကို Reset / Remove / Bypass လုပ်ရမည့်နည်းတွေရေးပြမလို့။ ကျနော်ဆိုက်မှာဒီအကြာင်းနဲ့ပတ်သက်ပြီးအရင်ကတင်ထားခဲ့ပါတယ်။ သိပ်မစုံတာနဲ့ အခုထပ်ပြီးရေးလိုက်တာပါ။ BIOS or CMOS Password ဆိုတာ ကွန်ပျူတာရဲ့ လုံခြုံရေးပိုင်း၊ system ပိုင်းကို ကာကွယ်တဲ့အနေနဲ့အသုံးပြု တဲ့ Tool တစ်ခုပါ။ တစ်နည်းအားဖြင့် BIOS Setting ဒါမှမဟုတ် Boot Setting ကို တစ်စုံတစယောက်က ၀င် ရောက်မပြင်နိုင်အောင် ကာကွယ်တဲ့အနေနဲ့ BIOS or CMOS Password ကိုအသုံးပြုကြပါတယ်။

Window Password များကို Trinity Rescue Kit or TRK နဲ့ ဖြုတ်မယ်

ပတ်စ်ဝါဒ်ဖြုတ်တဲ့နည်း တွေက အများကြီး တစ်ချို့ကအဆင်ပြေတာလဲရှိသလို မပြေတာလဲအများကြီးပဲ။ အင်တာ နက်ပေါ်မှာရှာလိုက်ရင် ပတ်စ်ဝါဒ်ဖြုတ်တဲ့ဆော့ဝဲလ်တွေအများကြီး ဒါပေမယ့် တော်တော် များက Free License မဟုတ်တော့ တကယ်သုံးကြည့်တဲ့အခါ အဆင်မပြေပါဘူး။ နောက်တော့ ကျနော် Linux Live CD ကို သုံးပြီး ၀င်းဒိုးပတ်စ်ဝါဒ်ကို ဖြုတ်တဲ့နည်းကို စမ်း သုံးကြည့်တယ်။ သူကျတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် သူကျတော့ လုပ်ရ ကိုင်ရတာနည်း နည်းတော့ ခက်တယ်။

Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်း

ကျနော် ဒီ Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်းကိုရေးရသည့်အကြောင်းကသူငယ်ချင်းတွေက မကြာခဏမေးလာတာတစ်ကြောင်း၊ နောက်ပြီးဗွီဒီယို Camera ၀ယ်ထားပြီး ကွန်ပျူတာစက်များပိုင် ဆိုင်ထားပါ လျှက်နဲ့ မိမိရိုက်ထားတဲ့ ဗွီဒီယိုဖိုင်မတည်းဖြတ်တတ်သူများအတွက် ရည်ရွယ်တာကတစ်ကြောင်း၊ ကွန်ပျူတာဝါ သနာပါသော ညီငယ်များတစ်ဖက်တစ်လမ်းအကျိုးရှိစေရန်ရည်ရွယ်တာကတစ်ကြောင်းအကြောင်းပေါင်းများစွာနဲ့ ကျနော်အချိန်အနည်းငယ်ပေးပြီး ကြိုးစားရေးပေးလိုက်တာဖြစ်ပါတယ်။ တကယ်တော့ ကျနော်ဟာ Edit သမား တစ်ယောက်မဟုတ်ပါ။

2/23/10

Your Uninstaller! Pro (Portable)


ညီနေမင်း

  • http://www.nyinaymin.com



  • တစ်ချို့ တစ်ချို့သော program တွေဟာ ဖြုတ်လို့မရတာမျိုးနှင့် install လုပ်ထားပေမယ့် add and remove programs မှာ မတွေ့တာမျိုးတွေအတွက် အဆိုပါ programs တွေကို ပြန်ဖြုတ်ချင်တဲ့အခါမျိုးမှာ မသိတဲ့သူတွေအတွက် အတော်လေး ရွာလည်တတ်ပါတယ် . အခု ဒီ program ကတော့ အဲ့ဒီ့ အခက်အခဲကို ဖြေရှင်းပေးနိုင်ပါတယ် . လွယ်လွယ်ကူကူသုံးရအောင် Portable တင်ပေးလိုက်ပါတယ် . Install လုပ်စရာမလိုပါဘူး .. အောက်မှာ Download လုပ်လိုက်ပါ .

    Download ifile.itDownload mediafire Download multiupload


    2/22/10

    Google ၏မြန်နှုန်းမြင့် Broadband ကွန်ရက်

    Myanmarinternetjournal

    Fiber ဈေးကွက်ကို တုန်လှုပ်စေမည့် Google ၏မြန်နှုန်းမြင့် Broadband ကွန်ရက်

    နာမည်ကျော် search engine တစ်ခုဖြစ်တဲ့ Google ဟာ အင်တာနက်ကို gigabit နှုန်းဖြင့် home business အပါအ၀င် လူသန်းပေါင်းများစွာ အသုံးပြုနိုင်စေမယ့် မြန်နှုန်းမြင့် broadband ကွန်ရက်ကို စမ်းသပ်ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
ွGoogle ရဲ့ ထုတ်လုပ်မှုမန်နေဂျာများဖြစ်တဲ့ Minnie Ingersoll နဲ့ James Kelly တို့ရဲ့ GOOG ဘလော့ဂ်တွင်ဖော်ပြချက်အရ အဆိုပါ မြန်နှုန်းမြင့် broadband ကွန်ရက်ကို အမေရိကန်နိုင်ငံရှိ နေရာအချို့တွင် စမ်းသပ်အသုံးပြုလျက်ရှိပြီး လက်ရှိအမေရိကန်တွင် အသုံးပြုနေတဲ့ 1Gbps ထက် အဆ ၁၀၀ ပိုမိုမြန်ဆန်ကြောင်း သိရပါတယ်။ Google ဟာ အဆိုပါကွန်ရက်ကို အနည်းဆုံး လူငါးသောင်းမှ အများဆုံးလူငါးသိန်းအထိ စမ်းသပ်ဝန်ဆောင်မှုပေးရန် စီစဉ်လျက်ရှိပြီး မျိုးဆက်သစ် application များ ဖွံ့ ဖြိုးတိုးတက်ရန်အတွက် မြှင့်တင်ခြင်း၊ ဖိုက်ဘာကွန်ရက်ထက် ပိုမိုကောင်းမွန်တဲ့လမ်းကြောင်းသစ်ကိုရှာဖွေခြင်း စတဲ့ရည်ရွယ်ချက်များ ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါမြန်နှုန်းမြင့် broadband ကွန်ရက်ဟာ high-definition ဗီဒီယို
    တစ်ကားလုံးကို ငါးမိနစ်အတွင်း download ပြုလုပ်ပေးနိုင်ပြီး 3D streaming, telework နဲ့ telepresence များကိုလည်း အသုံးပြု
    နိုင်စေမှာဖြစ်ကြောင်း Google မှပြောကြားခဲ့ပါတယ်။

    2/11/10

    ဂူဂဲလ်က အင်တာနက် လူမှုကွန်ရက်တွင် နယ်ချဲ့

    ကိုထွေး {The Irrawaddy}


    ဂူဂဲလ်က ၎င်းတို့ အသစ်ဖန်တီး လိုက်သည့် လူမှုရေးကွန်ရက် အင်တာနက် စာမျက်နှာ “Google Buzz” အား အသုံးပြုရန် ဂျီမေးလ် အသုံးပြုသူ များကို အင်္ဂါနေ့တွင် စတင် ဖိတ်ခေါ် လိုက်သည်။

    ယခုရက်ပိုင်း အတွင်း ဂျီမေးလ်ကို စစ်ဆေးပါက စာတိုက်သေတ္တာသို့ မရောက်မီ ဂူဂဲလ်၏ ဖိတ်ခေါ်ချက်ကို ဦးစွာ တွေ့ရမည် ဖြစ်သည်။

    [လူမှုကွန်ရက် Google Buzz အကြောင်းကို အင်္ဂါနေ့က မိတ်ဆက်ပေးနေသော ဂူဂဲလ် တာဝန်ရှိသူများ (ဓာတ်ပုံ - Reuters)]

    လူမှုကွန်ရက် Google Buzz အကြောင်းကို အင်္ဂါနေ့က မိတ်ဆက်ပေးနေသော ဂူဂဲလ် တာဝန်ရှိသူများ (ဓာတ်ပုံ - Reuters)
    ဂူဂဲလ်၏ ဖန်တီးမှု အသစ်သည် Facebook နှင့် Twitter ကဲ့သို့ အင်တာနက် အသုံးပြုသူ မိတ်ဆွေများ အချင်းချင်း သတင်း အချက် အလက်၊ ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များ ဖလှယ်နိုင်မည့် လူမှုရေးကွန်ရက် ဖြစ်သည်။

    “Buzzမှာ ဖျော်ဖြေရေး အစီအစဉ်တွေပါ ရှိတာကြောင့် လုပ်ငန်းခွင် နဲ့ အနားယူချိန် အကြားမှာ လိုအပ်နေတာ တွေကို ဖြည့်ဆည်း ပေးပါလိမ့်မယ်” ဟု ဂူဂဲလ်ကို ပူးတွဲ ထူထောင်သူ Sergey Brin က ပြောကြား ကြောင်း New York Times သတင်းစာတွင် ယမန်နေ့က ရေးသား ထားသည်။

    Google Buzzကို ဂျီမေးလ်မှ တဆင့် အလွယ်တကူ အသုံးပြုနိုင်ရန် စီစဉ်ထားသည်။ ဂျီမေးလ်ဖြင့် မကြာခဏ ပြောဆို ဆက်သွယ်လေ့ရှိသော လိပ်စာများကို Buzzက အလိုအလျောက် အပြန်အလှန် ချိတ်ဆက် ပေးမည် ဖြစ်သည်။

    အားသာချက်တခုမှာ အသုံးပြုသူ၏ လက်ရှိ အခြေအနေအကြောင်း ရေးသားနိုင်သော စာလုံး အရေအတွက်ကို Twitter ကဲ့သို့ ကန့်သတ်ထားခြင်း မရှိသည့် အချက်ဖြစ်ကြောင်း Google Buzz ကို မြည်းစမ်းဖူးသူများက ဆိုသည်။

    ဂူဂဲလ်သည် ယခု ဖန်တီးလိုက်သည့် Buzzအတွက် အင်တာနက် လူမှုကွန်ရက် ကျွမ်းကျင်သူများကို ငှားရမ်းပြီး ၂ နှစ်ခန့် အချိန်ယူ တည်ဆောက်ခဲ့သည်ဟု သိရသည်။ Buzz ကို http://www.google.com/buzz မှတဆင့် ၀င်ရောက်နိုင်သကဲ့သို့ iPhoneနှင့် Android Phone တို့တွင်လည်း အသုံးပြု နိုင်ရန် စီစဉ်ထားသည်။

    Google Buzzသည် Facebookကို တုပထားခြင်းဖြစ်သည်ဟု နည်းပညာ လေ့လာသူများက ဆိုသည်။

    ဂူဂဲလ်၏ ဖန်တီးမှု အသစ်ကို စိတ်ဝင်စားကြောင်း Facebook ကုမ္ပဏီ ပြောခွင့်ရ ပုဂ္ဂိုလ် Larry Yuက ဆိုသည်။

    “အင်တာနက် စာမျက်နှာတွေက လူတွေနဲ့ နီးစပ်လာပြီး ကမ္ဘာကြီးကိုလည်း ပိုပွင့်လင်းစေမယ့် နည်းပညာတွေကို ကျမတို့က အားပေးပါတယ်၊ Buzzက ရှေ့မှာ ဘယ်လောက်အထိ တိုးတက်အောင် လုပ်နိုင်မလဲ ဆိုတာကိုလည်း စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်” ဟု သူက New York Times သတင်းစာကို ပြောသည်။

    လူမှုကွန်ရက်စာမျက်နှာလောကသို့ ၀င်ရောက်လာသည့် ဂူဂဲလ်၏ ကြိုးပမ်းချက်များ ထိရောက်နိုင်မှုနှင့် ပတ်သက်ပြီး လေ့လာသူများက သံသယ ၀င်နေကြသည်။ အရှိန်ရနေသော Facebook နှင့် Twitterကို ဂူဂဲလ်၏ Buzzက လွှမ်းမိုးနိုင်မည်ဟု မထင်ကြောင်း လေ့လာသူ တချို့က သုံးသပ်သည်။

    ၂၀၀၉ ခုနှစ်မှ စတင်၍ လူမှုရေးကွန်ရက် စာမျက်နှာများသည် အရှိန်အဟုန်ဖြင့် အင်တာနက် အသုံးပြုသူများအကြား ရေပန်းစားလာပြီး ယခုအခါ ကမ္ဘာတ၀န်းလုံး၌ Facebook အသုံးပြုသူ သန်း ၄၀၀၊ ဂျီမေးလ် အသုံးပြုသူပေါင်း ၁၇၆ သန်း ရှိကြောင်း သိရသည်။

    2/9/10

    Motherboard အမျိုးအစား

    Motherboard အမျိုးအစားက သိပ်အများကြီးမဟုတ်ပါဘူးဈေးကွက်ထဲမှာလက်ချိုးရေလို့ တောင်ရနိုင်ပါတယ် ....
    motherboard အမျိုးအစားများ
    Gigabyte
    Asus
    MSI
    Acer
    Foxconn
    Biostar
    Soyo
    Diamond Flower(DFI)

    Gigabyte ,Asus , MSI တို့ မှာထိပ်တန်း motherboard များ လို့ လူသိများပါတယ် တကယ်လည်း quality မှီတဲ့အတွက်လူသုံး များပါတယ်.. ဒီမားသားဘုတ်တွေတပ်ဆင်ထားမှန်းဘယ်လိုသိမလဲဆိုတော့ Physically အပြင်ပိုင်းအရခန်းမှန်းမယ်ဆိုရင်တော့ စက်ဖုံးဖွင့်လိုက်တာနဲ့ တင်သိနိုင်ပါတယ် motherboard ပေါ်က Northbridge , Southbridge တွေရဲ့  heatsink တွေပေါ်မှာ motherboard ရဲ့ နာမည်ကိုသိသိသာသာ ပေါ်လွင်အောင် ရေးထား တတ်ကြပါတယ်...အောက်မှပုံများတွင်လေ့လာနိုင်ပါတယ်....




    ဒီလိုမှမဟုတ်ပဲ os ပေါ်မှာပဲ ကြည့်မယ်ဆိုရင်လည်းကြည့်လို့ ရပါတယ် start>Run>cmd ကနေ systeminfo ဟုရိုက်ထည့်လိုက်ပါ system manufacture မှာ motherboard company အမျိုးအစားကိုသိနိုင်ပါပြီ...အဆင်ပြေပါစေဗျာ




    Ref: http://www.myanmarchatonline.org/forum/index.php?topic=38006.0

    2/8/10

    Wallpaper for Window 7



    အခု Window 7 Wallpaper များဟာ အတော်လန်းတယ်။ အင်တာနက်ပေါ်မှာ ရှာဖွေပြီး ကျနော်ကြိုက်တဲ့
    Window 7 Wallpaperများကို စုစည်းထားခြင်းဖြစ်ပါတယ်။ ဇစ်ဖိုင်နဲ့တင်ထားတယ် လိုချင်ရင် အောင်ပါ
    ပေးထားတဲ့လင့်ကို ဒေါင်းလိုက်ပါ....

    Download : Mediafire

    Sawlinux

    2/7/10

    Install Windows 7 with USB Drive



    Install Windows 7 with USB Drive



    ဒီနည်းလေးက ကျွန်တော်တွေ့ထားတာတော့ ကြာပါပြီ ဒါပေမယ့် သေသေချာချာ မဖတ်ဖြစ်ခဲ့ပါဘူး.... အခု အသုံးလိုမယ် သူရှိတော့ ကျွန်တော်လည်း စမ်းကြည့်လိုက်တယ် ... အဆင်ပြေပါတယ်... Internet ထဲမှာတော့ ရေးထားတာ နည်းတော်တော် စုံပါတယ်... အဲဒီအထဲက ကျွန်တော် လုပ်လို့ အဆင်ပြေတဲ့ နည်းလေးကို ပြောပြပါမယ်....ဒီလိုတင်ဖို့ အတွက် အနည်းဆုံး 4 Gigabyte ရှိတဲ့ USB Drive တစ်ခု ရယ် UltraIso software လိုမှာ ဖြစ်ပါတယ်...UltraISO ကို ဒီမှာ(zshare 3.38M) ဒေါင်းပါဗျာ...




    ၁။ USB Drive ကို Computer မှာ တပ်ပြီးတော့ Run မှ cmd ရိုက်၍ Command Prompt ကိုခေါ်ပါ...




    ၂။ Command Prompt မှာ DISKPART လို့ရိုက်ပါ...



    ၃။ DISKPART> လို့ပေါ်လာရင် list disk ကိုရိုက်ပါ...(DISKPART> list disk) အဲဒါဆိုရင် Computer မှာ တပ်ဆင်ထားတဲ့ HDD နဲ့ USB Drive တွေရဲ့ List ပေါ်လာမှာ ဖြစ်ပါတယ်...




    This image has been resized. Click this bar to view the full image. The original image is sized 651x98.




    ၄။ ကျွန်တော်တို့ တပ်ထားတဲ့ USB Drive ကို List ထဲမှာ ကြည့်ပါ... size ကိုကြည့်ပြီးတော့ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်...အဲဒီ Drive ကို ကျွန်တော်တို့ သုံးမှာ ဖြစ်တဲ့ အတွက် select disk 2 လို့ရေးပြီးတော့ select လုပ်ပါမယ်...(ကျွန်တော်က HDD နှစ်လုံးတပ်ထားလို့ disk နံပါတ် 2 ဖြစ်သွားတာပါ... Disk ရွေးတာ မမှားဖို့ အရေးကြီးပါတယ်... အောက်ကပုံလေးနဲ့ အပေါ်က ပုံလေးကို သေချာကြည့်ပြီးတော့ ရွေးချယ်ပါ... )








    ၅။ ရွေးချယ်ထားတဲ့ Disk ကို clean လုပ်ဖို့ အတွက် DISKPART မှာ clean ရိုက် enter ခေါက်ပါ...(DISKPART> clean)







    ၆။ Primary partition တစ်ခုလုပ်ဖို့ အတွက် create partition primary ရိုက် enter ခေါက်ပါ...(DISKPART> create partition primary )...




    This image has been resized. Click this bar to view the full image. The original image is sized 496x50.




    ၇။ အဲဒီ partition ကို select လုပ်ဖို့အတွက် select partition 1 ရိုက် enter ခေါက်ပါ...(DISKPART> select partition 1)...








    ၈။ active ဖြစ်အောင်လုပ်ဖို့ အတွက် active ရိုက် enter ခေါက်ပါ...(DISKPART>active )...








    ၉။ Drive ကို FAT32 အဖြစ် Format ချပါဖို့အတွက် format fs=fat32 ရိုက် enter ခေါက်ပါ...(DISKPART> format fs=fat32 )...100% complete ဖြစ်တဲ့ အထိစောင့်ပါ...




    This image has been resized. Click this bar to view the full image. The original image is sized 677x73.




    ၁၀။ Drive ကို Drive Letter တစ်ခုရအောင်လုပ်ဖို့ အတွက် assign လုပ်ပါမယ်... assign ရိုက် enter ခေါက်ပါ...(DISKPART> assign )... ပြီးတဲ့ အခါ exit လို့ရိုက်လိုက်ပါ...




    This image has been resized. Click this bar to view the full image. The original image is sized 569x85.




    အခုအခါ ကျွန်တော်တို့ Windows 7 ရဲ့ ISO file ကို ထည့်ဖို့ အတွက် အသင့်ဖြစ်နေတဲ့ USB Drive ကိုရနေပါပြီ...



    ၁၁။ ကျွန်တော်က UltraIso ကို install လုပ်ပြီးတော့ Windows 7 ရဲ့ ISO file ကို right-click လုပ်ပြီးတော့ UltraISO --> Extract to လုပ်ပြီးတော့ USB Drive ထဲကို Extract လုပ်ခိုင်းလိုက်ပါတယ်...




    This image has been resized. Click this bar to view the full image. The original image is sized 815x360.




    ၁၂။ အဲဒါပြီးရင် Windows 7 ရဲ့ ISO file ကို Right-Click ပြီးတော့ Mount to Dirve : လုပ်လိုက်ပါ... ဒါဆိုရင် Windows 7 ရဲ့ ISO ဖိုင်က UltraISO ရဲ့ Virtual Drive ထဲမှာ ရောက်နေပါပြီ...အဲဒီ အခါ ခုနက command prompt ကို ပိတ်ထားရင် ပြန်ဖွင့်လိုက်ပါဦး...




    ၁၃။ N:\boot\bootsect.exe /nt60 J: လို့ ရိုက်ပါ... (N: နေရာတွင် UltraISO ၏ Virtual Drive နာမည် နှင့် J: နေရာတွင် USB Drive ၏ နာမည် ဖြစ်ရပါမယ်...[Virtual ROM]:\BOOT\BOOTSECT.EXE /NT60 [USB FLASH DRIVE]...)



    This image has been resized. Click this bar to view the full image. The original image is sized 677x238.





    ၁၄။ command prompt ကိုပိတ်လိုက်ပါ... Windows တင်ဖို့ အသင့်ဖြစ်နေတဲ့ USB Drive ကို ရရှိပြီဖြစ်ပါတယ်...



    Click this bar to view the full image.




    ၁၅။ Computer ကို Restart ပေးပြီးတော့ Delete (for Desktop) နှိပ်ပြီးတော့ BIOS setup ထဲကိုဝင်ပါ... Boot မှာ Hard Disk Drive ကို USB Drive ကိုပြောင်းပေးပြီးတော့ F10 နှိပ်ပြီး save and exit လုပ်လိုက်ပါ... restart ဖြစ်သွားပြီးတော့ Windows 7 ကို တခါတည်း တင်ပေးသွားမှာ ဖြစ်ပါတယ်...




    Windows 7 ကို အဆင်ပြေစွာ သုံးနိုင်ပါစေဗျာ...

    မင်းသီဟထွန်း (မြန်မာမိသားစုဖိုရမ်)

    2/6/10

    Website IP address Using Ping

    Website တွေရဲ့ IP ကို သိချင်ရင် -

    * Start Menu မှ Run ကို သွားပါ။
    * cmd လို့ရိုက်ထည့် ၊ OK ။
    * ping ခံပြီး web-domain ကို ရိုက်ထည့်ပြီး Enter ။
    * ( ဥပမာ - ping www.google.com )









    ရိုက်ထည့်လိုက်လို့ ရလာတဲ့ IP တွေကို Browser မှာရိုက်ထည့်ပြီးလဲ ကြည့်နိုင်ပါတယ်။ မိမိ IP Address ကို သိချင်ရင်တော့ Trace Your IP မှာ သွားကြည့်နိုင်ပါတယ်။ စုံလင်စွာ ပြထားတာကို တွေ့ရပါလိမ့်မယ်။

    ( IP ချိန်းထားသူများ အတွက်တော့ sengihnampakgigi)

    Ref : http://www.verio.com

    ခင်မင်စွာဖြင့်

    မနောသား

    Create a CON folder in windows

    ကျွန်တော်တို့ ကွန်ပျုတာတွေမှာ ဖိုဒါတွေ ဆောက်ရင် အမည်ပေးကြတာ အားလုံး သိမှာပါ။ အခု အဲဒီလို နာမည်ပေးတဲ့ နေရာမှာ ပေးလို့မရတဲ့ နာမည်တွေ ရှိပါတယ်။ မယုံရင် ဖိုဒါအသစ်တစ်ခု တည်ဆောက်ပြီး CON ဆိုတဲ့ အမည်လေးပေးကြည့်ပါ။ ပေးလို့ မရတာကို တွေ့ပါလိမ့်မယ်။ အခု ကျွန်တော် ဥပမာ ပြထားတာက CON ဆိုတဲ့ ဖိုဒါအမည် တစ်ခုတည်းကိုပါ။ တခြား ပေးလို့ မရတဲ့ အမည်တွေလဲ ရှိပါသေးတယ်။ ဘာတွေလဲဆိုတော့ -

    CON, PRN, AUX, CLOCK$, NUL, COM1, COM2, COM3, COM4, COM5, COM6, COM7, COM8, COM9, LPT1, LPT2, LPT3, LPT4, LPT5, LPT6, LPT7, LPT8, LPT9 စသဖြင့်ပေါ့ ..ဒါက ကျွန်တော်သိသလောက် ရေးထားတာပါ။ နောက်ထပ်လဲ ရှိပါလိမ့်ဦးမယ်။

    ဘာလို့ အဲဒီ ဖိုဒါတွေကို အမည်ပေးလို့ မရတာလဲဆိုတော့ - အကြောင်းပြချက်က ဒီလို - :D

    The reason is that con, prn, lpt1..lpt9, etc are underlying devices from the time dos was written. so if u r allowed to create such folders, there will be an ambiguity in where to write data when the data is supposed to go to the specified devices. In other words, if i want to print something, internally what windows does is — it will write the data to the folder prn (virtually u can call it a folder, i mean prn, con, etc are virtual folders in device level). So if we are able to create con folder, windows will get confused where to write the data, to virtual con folder or real one.

    ဘာသာပြန်ကောင်းတယ်နော် :D

    အိုကေ ..အခု အဲဒီ ဖိုဒါအမည်တွေကို ရအောင် ပေးလို့ မရဘူးလားဆိုတော့ ။ ရပါတယ်။ ဘယ်လိုပေးမလဲဆိုတော့ -

    Start - Run မှာ cmd လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ ပေါ်လာတဲ့ cmd box မှာ -

    အသစ် တည်ဆောက်မယ်ဆိုရင် - md \\.\c:\con ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ပြီးရင် Enter ပေါ့။
    ပြန်ပြီး ဖျက်ချင် တယ်ဆိုရင် - rd \\.\c:\con ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ပြီးရင် Enter ပေါ့။

    md \\.\c:\con ဆိုတဲ့ နေရာမှာ -

    * md က Make Directory ကို ဆိုလိုတာပါ ( ဖိုဒါ တစ်ခု တည်ဆောက်မယ်ဆိုတဲ့ သဘောပါ )
    * c ကတော့ မိမိ Drive C ကို ဆိုလိုတာပါ။ ( မိမိ တည်ဆောက်ချင်တဲ့ Drive အမည်ကို ပေးလဲ ရပါတယ် )
    * con ဆိုတာကတော့ ဖိုဒါ အမည်ပေါ့ ( အပေါ်မှာ ပေးလို့ မရတဲ့ အမည်တွေထဲက ကြိုက်တာ ပေးလို့ ရပါတယ် )

    rd \\.\c:\con ဆိုတဲ့ နေရာမှာ -

    * rd က Remove Directory ကို ဆိုလိုတာပါ ( ဖိုဒါ ကို ပြန်ဖျက်မယ်ဆိုတဲ့ သဘောပါ )
    * c ကတော့ မိမိ Drive C ကို ဆိုလိုတာပါ။ ( မိမိ ဖျက်ချင်တဲ့ ဖိုဒါ တည်ဆောက်ထားတဲ့ Drive အမည်ကို ပေးရပါတယ် )
    * con ဆိုတာကတော့ ဖိုဒါ အမည်ပေါ့ ( မိမိ ဖျက်ချင်တဲ့ ဖိုဒါ အမည်ကို ပေးရပါမယ် )

    ရွှင်လန်းချမ်းမြေ့ပါစေ

    ref: http://www.manawthar.com/2009/05/create-con-folder-in-windows.html

    2/5/10

    Clear Recent Commands

    Clear Recent Commands From the Run Dialog in Windows XP

    မိမိကွန်ပျုတာမှာ နေ့စဉ်နှင့်အမျှ Run Box မှာရိုက်ထည့်အသုံးပြုနေကြတဲ့ Commands တွေကို ရှင်းလင်းပေးဖို့ ဖျက်ဖို့အတွက် နည်းလမ်းလေးပါ။ XP အတွက်သာမဟုတ်။ Vista and Window 7မှာလည်း လုပ်လို့ရပါတယ်။



    ပထမနည်း

    * Start--Run --regedit ရိုက်ထည့်ပြီး Enter ။
    * HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\RunMRU ထိရောက်အောင်သွားပါ။



    အပေါ်က ပုံမှာ မြင်တဲ့အတိုင်းပဲ ညာဘက်မှာ Recent commands တွေကို တွေ့တယ်မလား။ အဲဒီ Commands တွေထဲက ကိုယ်ဖျက်ချင်တာတွေကို Select ပေးပြီးဖျက်လိုက်ပါ။ အကုန်ဖျက်ချင်တယ်ဆိုရင်လဲ အားလုံး Select ပေးပြီး Delete ပေးလိုက်ပါ။ ဒါဆို အဆင်ပြေပါပြီ။

    ဒုတိယနည်း

    Taskbar ပေါ်မှာ Right-Click ထောက်ပြီး Properties ကို သွားပါ။ ထိုမှတဆင့် Start Menu ကို ထပ်သွားပါ။


    Start Menu ရောက်ရင် Classic Start Menu Option ကို ရွေးပါ။ ပြီးရင် Customize Button ကို Click လိုက်ပါ။ ထိုမှတဆင့် Clear Button ကို Click ပြီး Start menu မှ Recent Documents and Applications တွေကို ဖျက်နိုင်ပါတယ်။


    ပြီးသွားရင် Classic Start Menu ကို Start Menu ပြန်ထားလိုက်ပါ။ ဒါဆို အိုကေသွားလိမ့်မယ်။

    Ref : http://www.howtogeek.com/howto/windows/clear-recent-commands-from-the-run-dialog-in-windows-xp/

    စောလင်းနက်စ်

    Clear Recent Commands

    Clear Recent Commands From the Run Dialog in Windows XP

    မိမိကွန်ပျုတာမှာ နေ့စဉ်နှင့်အမျှ Run Box မှာရိုက်ထည့်အသုံးပြုနေကြတဲ့ Commands တွေကို ရှင်းလင်းပေးဖို့ ဖျက်ဖို့အတွက် နည်းလမ်းလေးပါ။ XP အတွက်သာမဟုတ်။ Vista and Window 7မှာလည်း လုပ်လို့ရပါတယ်။



    ပထမနည်း

    * Start--Run --regedit ရိုက်ထည့်ပြီး Enter ။
    * HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\RunMRU ထိရောက်အောင်သွားပါ။



    အပေါ်က ပုံမှာ မြင်တဲ့အတိုင်းပဲ ညာဘက်မှာ Recent commands တွေကို တွေ့တယ်မလား။ အဲဒီ Commands တွေထဲက ကိုယ်ဖျက်ချင်တာတွေကို Select ပေးပြီးဖျက်လိုက်ပါ။ အကုန်ဖျက်ချင်တယ်ဆိုရင်လဲ အားလုံး Select ပေးပြီး Delete ပေးလိုက်ပါ။ ဒါဆို အဆင်ပြေပါပြီ။

    ဒုတိယနည်း

    Taskbar ပေါ်မှာ Right-Click ထောက်ပြီး Properties ကို သွားပါ။ ထိုမှတဆင့် Start Menu ကို ထပ်သွားပါ။


    Start Menu ရောက်ရင် Classic Start Menu Option ကို ရွေးပါ။ ပြီးရင် Customize Button ကို Click လိုက်ပါ။ ထိုမှတဆင့် Clear Button ကို Click ပြီး Start menu မှ Recent Documents and Applications တွေကို ဖျက်နိုင်ပါတယ်။


    ပြီးသွားရင် Classic Start Menu ကို Start Menu ပြန်ထားလိုက်ပါ။ ဒါဆို အိုကေသွားလိမ့်မယ်။

    Ref : http://www.howtogeek.com/howto/windows/clear-recent-commands-from-the-run-dialog-in-windows-xp/

    စောလင်းနက်စ်

    2/4/10

    Desktop တစ်ခုလုံးကို ဖျောက်လိုက်ကြရအောင်

    မျက်စိရှုပ်လိုက်တာနော် ကွန်ပျူတာကိုကြည့်ရတာ ဆိုသူများအတွက်ပါ ...။
    စလုပ်လိုက်ကြရအောင်.....

    အဆင့် ၁။ Run box မှာ gpedit.msc လို့ရိုက်ထည့်လိုက်ပါ ..။

    အဆင့် ၂။ ပွင့်လာပြီဆိုရင် user configuration အောက်က Adminstrative
    Template ကိုဝင်လိုက်ပါ...။

    အဆင့် ၃။ ညာဘက် အကွက်ထဲမှာပေါ်နေတဲ့ Desktop ကို ကလစ်ပေးလိုက်ပါ..။

    အဆင့် ၄။ hid and disable all item on the desktop ကို double
    ကလစ်ပေးလိုက်ပါ...။

    အဆင့် ၅။ ပေါ်လာတဲ့ dialog box ထဲမှာ Enable ကို ကလစ်ပေးပြီးတော့
    ကွန်ပျူတာကို restart သာချလိုက်ပါ ဗျာ လုံးဝ အဆင်ပြေပြီးတော့
    သင့်ရဲ့ desktop မှာ ဘာမှမမြင်ရတော့ပါဘူး...။



    အဆင်ပြေကြပါစေဗျာ...။

    ကိုဇော် (မာလတီ)

    Change CPU Information in Windows

    သံလုံးငယ်

    ရေးသင့်လို့ ရေးရတော့မယ် .... သီချင်းဆိုနေတာမဟုတ်ဘူး ... ပြောပြသင့်မယ်ထင်လို့။ အများကြီးတွေ ရေးမနေတော့ပါဘူး။ ကွန်ပျူတာ ဝယ်မယ်ဆိုတာနဲ့ (win key + Break key) ကို နှိပ်လို့ပဲဖြစ်ဖြစ်၊ my computer ကို right-click လုပ်ပြီး properties ကို နှိပ်လို့ပဲဖြစ်ဖြစ် system properties ကို ကြည့်ကြတယ်လေ။ အဓိက က CPU information ကိုး ဗျ။ တော်တော်များများက အဲဒီနေရာတစ်ခုကိုပဲ ကြည့်ပြီး ယုံနေကြလို့။ အဲဒါကို ပြောင်းပြထားပြီး အင်ရိုက်လို့ ရတယ်ဆိုရင်ရော .... အောက်မှာကြည့်လိုက်ပါဦး ...



    တွေ့တယ်နော် ... Dual-Core ကနေ Core 2 Quad ကြီးကို ဖြစ်သွားပြီ။ ဘယ်လောက်ပိုပေးမှာလဲ။း) ..ဘယ်လိုပြောမှာလဲ ... ထားပါ။ ပြောင်းလို့ ရနိုင်တဲ့ နည်းလေး အရင်ပြောပါ့မယ်။
    +/- အပြည့်အစုံသို့



    Run - regedit လို့ရေးပြီး registry editor ထဲဝင်။ အောက်က ပြောထားတဲ့ လမ်းကြောင်းအတိုင်း အစဉ်လိုက်သွားပေတော့။


    HKEY_LOCAL_MACHINE\Hardware\Description\System\CentralProcessor\0


    CentralProcessor ရဲ့ အောက်မှာ 0 နဲ့ 1 ဆိုပြီး နှစ်ခု ရှိပါတယ်။ 0 ကို ပြောင်းလိုက်ရင်ပဲ ပေါ်ပါပြီ။
    Image Hosting by imagefra.me


    0 ကို နှိပ်ပြီး ညာဘက်မှာ ProcessorNameString ဆိုပြီးရှိပါတယ်။ Double-click နှိပ်ပြီး မိမိကြိုက်နှစ်သက်ရာ ထည့်နိုင်ပါတယ်။


    ပြောင်းပြီးရင် registry editor ကိုပိတ်ပြီး system properties ကို ပြန်ဖွင့်ပါ။ ပြောင်းလိုက်တဲ့အတိုင်း ပေါ်လာတာကို မြင်ရပါလိမ့်မယ်။

    ပြောင်းရ၊ ရှာရပျင်းတဲ့လူတွေကတော့ အောက်မှာ ကျနော်ပေးထားတဲ့ စာအားလုံးကို Notepad မှာ ကူးထည့်၊ နာမည်တစ်ခုပေးပြီး .reg နဲ့ save လိုက်ပါ။ (name.reg)

    Windows Registry Editor Version 5.00

    [HKEY_LOCAL_MACHINE\HARDWARE\DESCRIPTION\System\CentralProcessor]

    [HKEY_LOCAL_MACHINE\HARDWARE\DESCRIPTION\System\CentralProcessor\0]
    "Component Information"=hex:00,00,00,00,00,00,00,00,00,00,00,00,00,00,00,00
    "Identifier"="x86 Family 6 Model 23 Stepping 10"
    "Configuration Data"=hex(9):ff,ff,ff,ff,ff,ff,ff,ff,00,00,00,00,00,00,00,00
    "ProcessorNameString"="Core 2 Quad Q6600 @ 2.40GHz"
    "VendorIdentifier"="GenuineIntel"
    "FeatureSet"=dword:60ef3fff
    "~MHz"=dword:000007cb
    "Update Signature"=hex:00,00,00,00,07,0a,00,00
    "Update Status"=dword:00000006
    "Previous Update Signature"=hex:00,00,00,00,07,0a,00,00
    "Platform ID"=dword:00000080

    [HKEY_LOCAL_MACHINE\HARDWARE\DESCRIPTION\System\CentralProcessor\1]
    "Component Information"=hex:00,00,00,00,00,00,00,00,01,00,00,00,00,00,01,00
    "Identifier"="x86 Family 6 Model 23 Stepping 10"
    "Configuration Data"=hex(9):ff,ff,ff,ff,ff,ff,ff,ff,00,00,00,00,00,00,00,00
    "ProcessorNameString"="Core 2 Quad Q6600 @ 2.40GHz"
    "VendorIdentifier"="GenuineIntel"
    "FeatureSet"=dword:60ef3fff
    "~MHz"=dword:000007cb
    "Update Signature"=hex:00,00,00,00,07,0a,00,00
    "Update Status"=dword:00000006
    "Previous Update Signature"=hex:00,00,00,00,07,0a,00,00
    "Platform ID"=dword:00000080


    ပြီးရင် Double-click နဲ့ run လိုက်တာနဲ့ ကျနော် ပေးထားတဲ့ information အတိုင်း ပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်။

    အဓိက ပြောချင်တာတော့ ဒါတစ်ခုထဲ ကြည့်ပြီး မယုံရဘူးဆိုတာ သိစေချင်တာပါပဲ။ ကဲ ... ဒါဆို ဘယ်ကနေ အမှန် သိနိုင်မလဲ ? ။ ကျနော် စာတွေ အများကြီး ရေးခဲ့ပြီးပါပြီ။ ပို့စ်တွေပဲ ၃၀၀ ကျော်ခဲ့ပြီ။ ဘာပြန်ပြောမလဲ နားထောင်နေမယ်။း) မိမိတို့ စိတ်ထင်တာလေးတွေ ပြောခဲ့ကြည့်ကြပါဦး ....

    2/2/10

    ဘလောဂါနဲ့ ကျွန်တော်


    ဘလောဂါလောကသို့ ရောက်လာတာ အခုဆို သုံးနှစ်နီးပါးရောက်လုနီးပါပြီ၊ ကျနော့်အတွက်ဘာတွေကျန်
    လဲ။ အချိန်သာကုန်သွားပြီး တစ်စုံတစ်ခုကော အကျိုးဖြစ်ထွန်းခဲ့ရဲ့လား။ ဒါတွေကို သုံးသပ်ကြည့်ရင် ပိုပြီး
    သိသာနိုင်တဲ့အကျိုးရလာဒ်တွေ ရရှိလာနိုင်မယ်ထင်လို့ ဒီစာကိုရေးဖို့စိတ်ကူးပေါ်လာခြင်းဖြစ်တယ်။
    ကျနော်ဘလောဂါလောကကို ၂၀၀၇-ခုနှစ်တွင် ၀ါသနာအလျှောက်စတင်ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်
    တုံးက သူများတွေဘလောဂါဆိုတော့ ကိုယ်လဲ ဘလောဂါပေါ့။ ဘလောဂါဆိုတာ ဘာလဲ သိတဲ့လူတွေကို
    လိုက်မေးကြည့်တယ်။ သူတို့လည်း သိသလောက်ပြောပြခဲ့ပါတယ်။ အဲဒီတုန်းက ကျနော် ခပ်အိုအိုလက်တော့
    ကွန်ပျူတာတစ်လုံးနဲ့ပေါ့။ ဒါပေမယ့် သူငယ်ချင်းဆီကနေ ဒေါ်လာ ငါ့းရာလောက်နဲ့ပြန်ဝယ်ရတယ်။ တန်လား
    မတန်ဘူးလားဆိုတာလဲ မသိခဲ့ပါ။ လက်တော့က XP နဲ့ အဆင်မပြေတော့ Linux Ubuntu နဲ့ ခရီးဆက်ရတာ
    ပေါ့။ အဲဒီအချိန်ကစပြီး စောလင်းနက်စ်ဆိုတဲ့ နာမည်ပါရသွားတယ်။ ဒါပေမယ့် Linux သာ သုံးတာပါ။
    သူ့ရဲ့ OS တွေကို ဘယ်လိုတင်ရမလဲဆိုတာ မသိခဲ့။
    နောက်ပိုင်း လက်တော့ Dell Brand New အသစ်တစ်လုံးဝယ်လိုက်တယ်။ ကျောင်းအချိန်မှ လွဲပြီး လိုချင်
    သိချင်တဲ့ ဘလော့အကြောင်းတွေကို တစ်ဆိုက်မတ်မတ်လေ့လာခဲ့တယ်။ ပို့စ်တွေကလည်း သူများဆိုက်က ကော်ပီတွေယူပေါ့ဗျာ။ ကျနော့်ရဲ့လက်ဦးဆရာတွေကတော့ အရှင်ကေသရ(မွန်)၊ အရှင်မေတ္တာစာရ (ဘလော့ ဂါ)တို့ဖြစ်ပါတယ်။ သူတို့ကလည်း အမြဲတစေသင်ပေးတာမျိုးမဟုတ်ပါ၊ ကိုယ်သိချင်တာလေးတွေ မေးမေးနေ
    ရတယ်လေ။ ကိုယ်လိုချင်ရင် သူများပေးချင်အောင်ပြုမူနေထိုင်မှ ကိုယ်ရနိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်
    သူများဆီက ပညာကိုလည်းလိုချင်သေး သူများပေးချင်အောင်လည်း မပြောတတ်မဆိုတတ် မာနတခွဲသား
    နဲ့ဆိုလျှင် ဘယ်သူမဆိုပေးနိုင်မည်မထင်။ နောက်ပိုင်း HTML and CSS beginner, preimtermiate and in
    -termiate စာအုပ်လေးတွေကို နည်းနည်းပါးပါးလေ့လာဖြစ်ခဲ့တယ်။ အခုထိ စမ်းတ၀ါးဝါးဖြစ်နေတုန်းပါပဲ။

    နောက်ပြီး အထူးကျေးဇူးတင်ရမှာ အင်တာနက်ပေါ်က ဆရာတွေပါပဲ၊ အင်တာနက်ပေါ်မှာ နည်းပညာတွေရေး
    နေတဲ့ ကိုရန်အောင်၊ သံလုံငယ်၊ ညီနေမင်း၊ မနောသား......စတဲ့ နည်းပညာဘလောဂါပညာရှင်များဟာ
    ကျနော့်အတွက်တော့ မတွေ့ ဖူးတဲ့သင်ဆရာ၊ မြင်ဆရာတွေပါပဲ။ သံလုံငယ်ဆိုလျှင် ပညာကို အခြေခံကျကျ
    သင်ယူကြဖို့၊ သူများတွေအထင်ကြီးခံရတာမျိုးမလုပ်ကြဖို့ ပညာပေးရေးသားမှုတွေဟာ အင်မတန်နမူနာယူ
    စရာကောင်းပါတယ်။ ”mail Hacking များအတွက် ရှင်းလင်းချက်” ပို့စ်ကို ဖတ်ကြည့်ရင် သူ့စေတနာကို သိ
    နိုင်ပါတယ်။

    ဒီလိုပါပဲ သူတစ်ယောက်တည်းမဟုတ်ပါဘူး အားလုံးသော နည်းပညာရေးသားကြတဲ့ ဘလောဂါပညာရှင်များ
    ဟာ ကျနော်တို့လို ၀ါသနာရှင်များအတွက် တစ်ထောက်တစ်နေရာမှ ကျေးဇူးများမှာသေချာတယ်။ ကျနော်
    အဓိကဆိုလိုသည်မှာ ဘလောဂါလောကကို ၀င်ရောက်လာခဲ့တဲ့ သုံးနှစ်ဝန်းကျင်အတွင်း ဘာတွေရခဲ့သ
    လဲ.....ဟုတ်ကဲ့ တကယ်ပဲရခဲ့ပါတယ်။ ၀မ်းလဲဝမ်းသာတယ် ။ ဘာကြောင့်လဲဆိုတော့ ဒီသုံးနှစ်အတွင်းမှာ
    ဘလော့ကို ဆရာတွေလို မဖန်တီးတတ်ပေမယ့် ဘာပဲပြောပြော ဘလော့နဲ့တူအောင် ဖန်တီးနိုင်စွမ်းရှိလာ
    တယ်။ ကွန်ပျူတွေကို ဘယ် OS ဖြစ်ဖြစ်တင်ချလုပ်နိုင်တယ်။ ဒါတွေသည် ကျနော့်အတွက်ကုန်ဆုံးခဲ့ရတဲ့
    အချိန်တွေရဲ့အမြတ်ပဲ။ ဒါတွေကို ကျေးဇူးတင်သင့်တင်ထိုက်တဲ့လူတွေကို ညွန်းပါဆိုရင် အင်တာနက်ပေါ်
    က ဘလောဂါနည်းပညာရှင်တွေရဲ့ ကျေးဇူးတရားတွေသာဖြစ်ပါတယ်။

    နိဂုံးချုပ်အားဖြင့်...အင်တာနက်ဆိုတာ သုံးတတ်ရင်ကျေးဇူးသိပ်များတယ်လို့ ထင်တယ်။ အင်တာနက်ပေါ်က
    နည်းပညာပိုင်းဆိုင်ရာစသည် ရေးသားတဲ့ဆိုက်မှန်သမျှ ကျနော်တို့အတွက် သတင်တန်းကျောင်းပဲ။ ထိုဆရာ
    များသည် အဖိုးအခတပြားတချပ်မှမယူပဲ ကျနော်တို့ကိုပေးသည်။ သူတို့ရဲ့ကုန်ဆုံးခဲ့ရတဲ့အချိန်တွေ စေတနာ
    တွေဟာ ဘယ်ဟာနဲ့မှ မနှိုင်းယှဉ်နိုင်ပါ။ ၀ါသနာရှင်ကျနော်တို့များ ယူဖို့သာလိုပါသည်။ ယူနိုင်၊ လေ့လာနိုင်
    ခဲ့မည်ဆိုလျှင် ဆရာကြီးတစ်ဆူမဖြစ်တောင်မှ သူများနည်းတူ အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် ရှင်သန်
    နိုင်မှာဖြစ်ကြောင်း ”ဘလောဂါနဲ့ ကျွန်တော်” ဆိုတဲ့ ဘလောဂါလောကကို ၀င်ရောက်လာခြင်းရဲ့ဖြစ်စေနိုင်တဲ့
    အကျိုးကျေးဇူးများကို မီးမှောင်းထိုးပြခြင်းဖြစ်ပါသည်။

    အမှားအယွင်းရှိခဲ့ပါက နားလည်ပေးစေချင်သည်

    စောလင်းနက်စ်

    ရယူခြင်းသည် ပေးစပ်ဖို့အတွက်

    ရယူခြင်းသည် ပေးစပ်ဖို့အတွက် (For it is giving that we receive)



    ရယူခြင်းသည် ပေးစပ်ဖို့-ဆိုတဲ့ အကြောင်းအရာတစ်ခုကို ဦးတည်ပြီး ပို့စ်ကိုတင်ရခြင်းသည် ကျွန်တော် အပါအ၀င် `မိမိရယူထားတဲ့ အရာဝတ္ထမှန်သမျှ` အခြားသူတစ်ပါးကို ပြန်လည်ပေးစပ်နိုင်ဖို့၊ ပရဟိတ လို့ခေါ်လူသိများတဲ့ အများသူငါအကျိုးတွေကို သယ်ပိုးဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။

    ရယူခြင်းသည် ပေးစပ်ဖို့-ဆိုတဲ့ စကားပုံသည် -အင်္ဂလိပ်စာမူရင်းမှ ကျွန်တော် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

    ညီ၊ အကိုနှစ်ယောက်

    ဟိုရှေးတုန်းက အကိုကြီးနဲ့ ညီငယ်နှစ်ယောက်လုံး မိသားစုပိုင်တဲ့လယ်ယာမြေတစ်ခုတည်းမှာအတူတကွ
    လုပ်ကိုင်ကြပါတယ်။ အကိုကြီးက အိမ်ထောင်သည်ဖြစ်ပြီး မိသားစုနဲ့အတူနေထိုင်ကြပါတယ်။ အခြားညီငယ်
    တစ်ယောက်က လူပျိုလူလွတ်ဖြစ်ပြီး လယ်ယာလုပ်ငန်းတစ်နှစ်တာပြီးဆုံးတဲ့အချိန်တွင် ညီ၊ အကိုနှစ်ယောက် ရရှိလာတဲ့အလယ်ယာအကျိုးအမြတ်တွေကိုဝေငှကြပါတယ်။

    တစ်နေ့သောအခါမှာ ညီငယ်က သူ့ကိုယ်သူ စဉ်းစားပြီး ဒီလယ်ယာအကျိုးအမြတ်တွေကို အချင်းချင်း ဝေငှတာ မသင့်တော်လောက်ဘူးလို့ ထင်တယ်။ ငါသည် တကိုယ်တကာယသမားပဲ ဘာအထူးအထွေမှလည်းမလိုအပ်
    ဘူး။ ဒါနဲ့ပဲ ညစဉ်ညတိုင်း သူရဲ့စပါးကြီမှ စပါးတစ်အိပ်ကိုယူပြီး သူရဲ့အကိုကြီး စပါးကြီထဲကို သွားထည့်ခဲ့ပါတယ်။

    တစ်ချိန်တည်းမှာပဲ အကိုကြီးကလည်း သူ့ကိုယ်သူစဉ်းစားပြီ ပြောဆိုမိပါတယ်။ဒီလယ်ယာအကျိုးအမြတ်တွေကို
    အချင်းချင်း ဝေငှတာ မသင့်တော်လောက်ဘူးလို့ သူညီနည်းတူ စဉ်းစားခဲ့ပါတယ်။ ကျွန်တော်ဟာ အိမ်ထောင်
    သည်ပဲ နောက်ပြီး လာမည့်နှစ်များအတွင်း ကျွန်တော်ကိုစောင့်ရှောက်ဖို့ ကျွန်တော်ဇနီး၊ခလေးတွေ လည်းရှိ တယ်။

    ငါ့ညီကတော့ ဘယ်သူမှ သူ့ကိုစောင့်ရှောက်မည့်သူမရှိ၊ သူရဲ့အနာဂါတ်အတွက်လည်း ကြည့်ရှုမည့်သူမရှိ။ ဒါနဲ့ပဲ
    အကိုကြီးဖြစ်သူက ညတိုင်း သူရဲ့စပါးကြီးမှ စပါးတစ်အိပ်ကိုယူပြီး သူညီရဲ့စပါးကြီးထဲသို့ သွားထည့်ခဲ့ပါတယ်။

    ဒီလိုနဲ့ပဲ နှစ်အတော်ကြာ သူတို့နှစ်ယောက်စလုံး ပဟေဠိဖြစ်ခဲ့ကြပါတယ်။ အကြောင်းကတော့ သူတို့ရဲ့လုပ် ဆောင်ချက်တွေကို တစ်ယောက်တစ်ယောက်မသိကြလို့ပါပဲ။ အချိန်တွေကြာညောင်းလာတာနဲ့အတူ အမှောင်ထုကြီးမှားသော ညတစ်ညမှာ ညီ၊ကိုနှစ်ယောက်စလုံး အချင်းအချင်းတိုက်မိုက်ကြပြီးမှ ဒီအဖြစ်
    အပျက်တွေကိုသိခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကို သိခဲ့ပြီးတဲ့နောက် သူတို့ရဲ့လုပ်ဆောင်ချက်ကို ၀မ်းသာ
    ကြည်နူးခဲ့ကြပြီး တစ်ဦးကိုတစ်ဦး ပွေ့ဖက်ကြပါတော့တယ် ။ ။

    ကဲ…ဒို့တစ်ထွေလည်း အဲဒီညီ၊အကိုနည်းတူ စိတ်ထားတတ်၊ လုပ်ဆောင်တတ်မယ်ဆိုရင်…ရယူခြင်းသည် ပေးစပ်ဖို့ပဲ
    မဟုတ်လား……

    Saw Linux

    2/1/10

    Myanmar Calendar on Blogspot

    မြန်မာ သက္ကရစ်ခုနှစ်၊ ရက်စွဲများ ဘလော့မှာပေါ်ချင်သူများအတွက် မာ့ခ်၏ ကိုယ်​ပိုင် အတ္တများ
    နာမည်ကတော့မိုက်တယ်နော် (နာမည်တွေ့တာနဲ့ကြောက်စရာကြီး) ကျနော်တောင် အဲဒီဆိုက်ရောက်ရင် ကြောက်ကြောက်လာတယ်။သူ့ဆိုက်ကိုရောက်ရင် အသာလေးပြန်လှည့်လာရတယ်။ တော်ကြာဆော်ထည့်
    လိုက်မှ ရှိစုမဲ့စုလေးတွေကြွကုန်အုံးမယ်။နောက်တာပါဗျာ....နာမည်ကြမ်းတယ်ဆိုပေမယ့် စိတ်ကောင်းမယ့်
    ပုံပါဗျာ။ သူတို့တစ်တွေကိုကြည့်ပြီးအားကျခဲ့ရတယ်။

    ကျနော်တို့လို ၀ါသနာမျှသာရှိပြီး နည်းပညာမရှိသူတွေအတွက် အဲဒီဆိုက်တွေကို အားကိုးရတယ်လေ။ တကယ်တော့
    သူတို့တွေဟာ နည်းပညာတွေကို အဖိုးအခတစ်ပြားတစ်ချမယူပဲ စေတနာပြည့်ဝစွာဖြင့် ဝေငှတဲ့သူတွေဖြစ်ပါတယ်။
    ဒါကြောင့် နည်းပညာရေးသားသူအားလုံး ကျနော်က သူတို့ကို မတွေ့မမြင်ရပေမယ့် စိတ်ထဲမှာအမြဲကျေးဇူးတင်မိတယ်။
    နောက်ပြီး သူတို့အားလုံးအဆင်ပြေကြပါစေ ထာဝရအောင်မြင်ကြပါစေဆိုပြီး မေတ္တာပို့ပေးခဲ့ပါတယ်။
    အဓိကပြောလိုသည်မှာ သူ့ဆိုက်မှာဒီအကြောင်းကိုရေးထားပါတယ်။ အောက်ဆုံးကလင့်ပေးထားပါတယ်။

    အော်မြန်မာ ပြက္ခဒိန်ထည့်နည်းက ဘယ်ရောက်နေပါလိမ့်၊ အဲ...ထည့်ချင်ရင် အောက်ပါအတိုင်းလုပ်ပါ....

    Layout ကိုသွားပါ. Add a gadget ကိုသွားပါ. HTML/Javascript ကိုယူပါ. ပြီးရင်တော့ ဒီအောက်က ကုဒ်ဒင်းလေးတွေကို ကော်ပီပေ့စ်လုပ်လိုက်ပါ. ဒါပါပဲ.

    <script src="http://soemin.googlecode.com/svn/scripts/myanmar_calendar.js" type="text/javascript"></script>

    ပိုပြီးတော့ အဆင်ပြေချင်ရင်တော့ ဒီ JS ဖိုင်လေးကို ဒေါင်းလုပ်ချလိုက်ပါ. ပြီးတော့ ကိုယ့်ဖာသာ အဆင်ပြေမယ့် Hosting site တစ်ခုခုမှာ ကိုယ့်ဖာသာပဲ Hosting လုပ်ပြီး လင့်ခ်လေးကို ထုတ်ယူလိုက်ပါ. ဒါဆိုရင် အများကြီးက ၀ိုင်းဆွဲလို့ Bandwidth Limit ကျော်သွားတာမျိုး မဖြစ်နိုင်တော့ပါဘူး.
    ဒီမှာ ဒေါင်းလုပ်ချပါ. (ဒါကတော့ ကိုရန်အောင်လေသံပါ)။

    ဒါကကိုစိုးမင်းရဲ့အိမ်ပါ

    Sawlinux

    Related Posts...! {ဆက်စပ်ပို့စ်များ}