Popular Posts

Labels

How to make Karaoke Text

Karaoke စာတန်းထိုး ပြုလုပ်နည်း---ကို ပြုလုပ်တဲ့နေရာမှာ (၁) မိမိပြုလုပ်မည့်စာတန်းကို Photoshop နဲ့ပြု ခြင်း (၂) ၎င်းပြုလုပ်ထားသည့် psd ဖိုင်ကို adobe after effect ဆော့ဝဲမှာထည့်ပြီး Karaoke စာတန်းထိုး ပြု လုပ်ခြင်းဆိုပြီး အပိုင်းနှစ်ပိုင်းနဲ့ပြုလုပ်ရပါမယ်။

Wireless router တစ်ခုတည်ဆောက်မယ်

ကျွန်တော်တို့ တစ်တွေသည် စာတွေနှင့်ရှင်းပြသည်ထက် ပုံကလေးတွေနှင့်ရှင်းပြသည်ကို နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ဒါကြောင့် ကျွန်တော် သူငယ်ချင်းတို့ တစ်တွေနားလည်ရလွယ်ကူအောင် router/access point တစ်ခု တည်ဆောက်ပုံကို အတတ်နိုင်ဆုံးရှင်းလင်းလွယ်ကူမှုရှိအောင် ပုံကလေးတွေနှင့်ရှင်းလင်းပြပေးပါမယ်။ ဤလမ်းညွှန် ချက်ကလေးဟာ Linksys WRT54G ကို အခြေခံထားပါတယ်ခင်မျာ။

How to Reset / Remove / Bypass a BIOS or CMOS Password

BIOS or CMOS Password တွေကို Reset / Remove / Bypass လုပ်ရမည့်နည်းတွေရေးပြမလို့။ ကျနော်ဆိုက်မှာဒီအကြာင်းနဲ့ပတ်သက်ပြီးအရင်ကတင်ထားခဲ့ပါတယ်။ သိပ်မစုံတာနဲ့ အခုထပ်ပြီးရေးလိုက်တာပါ။ BIOS or CMOS Password ဆိုတာ ကွန်ပျူတာရဲ့ လုံခြုံရေးပိုင်း၊ system ပိုင်းကို ကာကွယ်တဲ့အနေနဲ့အသုံးပြု တဲ့ Tool တစ်ခုပါ။ တစ်နည်းအားဖြင့် BIOS Setting ဒါမှမဟုတ် Boot Setting ကို တစ်စုံတစယောက်က ၀င် ရောက်မပြင်နိုင်အောင် ကာကွယ်တဲ့အနေနဲ့ BIOS or CMOS Password ကိုအသုံးပြုကြပါတယ်။

Window Password များကို Trinity Rescue Kit or TRK နဲ့ ဖြုတ်မယ်

ပတ်စ်ဝါဒ်ဖြုတ်တဲ့နည်း တွေက အများကြီး တစ်ချို့ကအဆင်ပြေတာလဲရှိသလို မပြေတာလဲအများကြီးပဲ။ အင်တာ နက်ပေါ်မှာရှာလိုက်ရင် ပတ်စ်ဝါဒ်ဖြုတ်တဲ့ဆော့ဝဲလ်တွေအများကြီး ဒါပေမယ့် တော်တော် များက Free License မဟုတ်တော့ တကယ်သုံးကြည့်တဲ့အခါ အဆင်မပြေပါဘူး။ နောက်တော့ ကျနော် Linux Live CD ကို သုံးပြီး ၀င်းဒိုးပတ်စ်ဝါဒ်ကို ဖြုတ်တဲ့နည်းကို စမ်း သုံးကြည့်တယ်။ သူကျတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် သူကျတော့ လုပ်ရ ကိုင်ရတာနည်း နည်းတော့ ခက်တယ်။

Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်း

ကျနော် ဒီ Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်းကိုရေးရသည့်အကြောင်းကသူငယ်ချင်းတွေက မကြာခဏမေးလာတာတစ်ကြောင်း၊ နောက်ပြီးဗွီဒီယို Camera ၀ယ်ထားပြီး ကွန်ပျူတာစက်များပိုင် ဆိုင်ထားပါ လျှက်နဲ့ မိမိရိုက်ထားတဲ့ ဗွီဒီယိုဖိုင်မတည်းဖြတ်တတ်သူများအတွက် ရည်ရွယ်တာကတစ်ကြောင်း၊ ကွန်ပျူတာဝါ သနာပါသော ညီငယ်များတစ်ဖက်တစ်လမ်းအကျိုးရှိစေရန်ရည်ရွယ်တာကတစ်ကြောင်းအကြောင်းပေါင်းများစွာနဲ့ ကျနော်အချိန်အနည်းငယ်ပေးပြီး ကြိုးစားရေးပေးလိုက်တာဖြစ်ပါတယ်။ တကယ်တော့ ကျနော်ဟာ Edit သမား တစ်ယောက်မဟုတ်ပါ။

11/26/10

how to Restore bootloader for Windows

ဒီပို့စ်လည်း ကိုkznt ရဲ့လက်ရာပါပဲ။ ကျနော်ဒီနေ့အချိန်ရှိတာနဲ့ မြန်မာမိသားစုဖိုရမ်မှာရေးထားတဲ့ Linuxနဲ့ ပတ်သက်တဲ့
အမေး+အဖြေများဆိုတဲ့ ကဏ္ဍလေးတစ်ခုကိုဖတ်ဖြစ်ခဲ့တယ်။ အဲဒီမှာ ကိုkznt နဲ့ ကိုကျောက်ဖြူတို့ရေးသားချက်လေး
တွေအများဆုံးဖတ်ဖြစ်ပါတယ်။ သူတို့ရေးတာတွေဟာ ကျနော်တို့လို လေ့လာသူများအတွက် အတော်အထောက်အကူဖြစ်
စေပါတယ်။ ဒါကြောင့် လင်းနက်စ်အတွက် လိုအပ်မယ့်ပို့စ်တွေကို စုဆောင်းထားရင်း တဖက်ကလည်း လိုအပ်မယ့်ပုဂ္ဂိုလ်
များအတွက် သူတို့ရဲ့ရေးသားချက်များကို ပြန်လည်ဝေငှချင်တာနဲ့ ကျနော်ဆိုက်မှာပြန်လည်တင်ပြခြင်းသာဖြစ်ပါတယ်။

ကဲ...ဖတ်ရအောင်...

ဟုတ်ကဲ့ ဖြစ်နိုင်ချေ ရှိတာတော့ Ubuntu (Grub) bootloader မှာ error တက်တာ ဖြစ်နိုင်ပါတယ်။ တစ်ခုပြီး တစ်ခု မေးနေတာပဲ လို့တော့ ဖြစ်တော့မယ် - ခုနကတည်းက မေးလိုက်ရမှာ ကျွန်တော်ကလည်း လောသွားတော့ မဖော်ပြဖြစ်လိုက်ဘူး - ကို hellboy dual boot သုံးနေတဲ့ Windows အမျိုးအစားက ဘာများလဲ ?? xp / vista / 7 ?? ဒါပေမယ့် ထားလိုက်ပါတော့ ကျွန်တော် အခု အရင်ဆုံး xp / vista / 7 ဘယ် Windows ပဲ bootloader ကို ပြန်ပြင်ပြီး Windows ကို ပြန်ခေါ်နိုင်အောင် ကြိုးစားကြည့်ပါမယ်။ တကယ် ရမရ ဆိုတာ သေသေချာချာ ပြောဖို့ မဖြစ်နိုင်သေးပေမယ့် ကို hellboy စမ်းသပ်ကြည့်ပါ - Wubi နဲ့ တင်ထားတာ မို့လို့ ဘာပဲ ပြောပြော Windows ပြန်ရတယ် ဆိုရင်ပဲ Ubuntu ဆိုတာ ပြန် install လုပ်ဖို့ မခက်နိုင်ဘူးမလား ??

Windows XP bootloader ကို Restore လုပ်ဆောင်မယ် ဆိုရင်

ကျွန်တော်တို့ အရင်ဆုံး Windows XP installation CD လိုအပ်ပါတယ်။ ရပြီဆိုရင် ကွန်ပြူတာကို အဲကနေ Boot တက်လိုက်ပါ။

အဲလို Boot တက်လိုက်ရင် Windows XP CD ကနေပြီး repair ဒါမှမဟုတ် recover လုပ်မှာလား ဆိုပြီး မေးတဲ့ အပိုင်းကို တွေ့ပါလိမ့်မယ်။ အဲတာကိုလုပ်ဆောင်ဖို့ "r" ကိုနှိပ်ပါ။

Windows XP administrator password ပေးထားတယ်ဆိုရင် သူက ထည့်ပေးဖို့ တောင်းပါလိမ့်မယ် ထည့်ပေးလိုက်ပါ။ အဲတာပြီးတာနဲ့ သူက ကျွန်တော်တို့ကို command line ရှိရာဆီ ခေါ်သွားပါလိမ့်မယ်။ အဲ့ဒီ့နေရာမှာ အောက်ဖော်ပြပါ commands ကို ရိုက်ထည့်ပြီး Enter ပေးပါ -

fixboot

fixmbr

ပြီးသွားရင် ဒါကို ရိုက်ပါ။

exit

ပြီးသွားရင် Windows XP CD ကို ထုတ်ပြီး Restart ပေးလိုက်ပါ။ အားလုံး အဆင်ပြေတယ်ဆိုရင် XP bootloader ပြန်အလုပ်လုပ်ပြီး Windows XP ထဲ ပြန်ဝင်လို့ ရပါလိမ့်မယ်။

Windows Vista ဒါမှမဟုတ် 7 bootloader ကို Restore လုပ်ဆောင်မယ် ဆိုရင်

ဒီလုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့ ကျွန်တော်တို့ အရင်ဆုံး Windows Vista/7 installation DVD လိုအပ်ပါတယ်။ ရပြီဆိုရင် ကွန်ပြူတာကို အဲကနေ Boot တက်လိုက်ပါ။

တကယ်လို့ recovery disk တွေရှိရင် ပုံစံတူ သဘောတရားတူ လုပ်ဆောင်လုပ်လို့ ရပါတယ်။ Windows Vista နဲ့ 7 အတွက် Recovery Disc ကို ဒီနေရာကနေရယူနိုင်ပါတယ်။

အဲကနေ Boot တက်လိုက်လို့ Regional settings ကိုရောက်ပြီ ဆိုရင် Location/Keyboard setting ကို ရွေးပေးပြီး next ကိုသွားပါ။ နောက်စာမျက်နှာမှာ "Repair your computer." ကို နှိပ်ရပါမယ်။

အဲကနေ နောက်စာမျက်နှာမှာ အောက်ဖော်ပြပါအတိုင်း Windows Vista/7 installation တစ်ခုခုကို တွေ့ပါလိမ့်မယ်။ ဘာကိုမှာ မရွေးပဲ Next ကို ဆက်သွားပါ။

အောက်မှာ ဖော်ပြထားတဲ့ အတိုင်း အောက်ဆုံးမှာ ရှိနေတဲ့ "Command prompt" ကို click ပေးပါ။ နောက်ပြီးရင် အောက်ဖော်ပြပါ command တွေကို ရိုက်ပေးပြီး Enter ခေါက်ပါ။

bootrec /fixmbr

bootrec /fixboot

bootrec /rebuildbcd

ပြီးရင် Windows တွေအားလုံးကို ပိတ်ပြီး "Restart" ပေးပါ။

ထည့်ထားတဲ့ Vista/7 DVD ပြန်ထုတ်ပါ။ အားလုံး အဆင်ပြေတယ်ဆိုရင် Windows Vista/7 Bootloader ပြန်အလုပ်လုပ်ပြီး Windows Vista/7 ထဲ ပြန်ဝင်လို့ ရပါလိမ့်မယ်။

တစ်ခြား ဒီ့ထက်လွယ်ကူမယ့် နည်းလေးများ ရှိရင် ကူညီပေးလိုက်ကြပါဦး အရပ်ကတို့ရေ

KznT.

Dual-Boot မှာ Windows ကို Default ထားမယ်

ဒီပို့စ်က မြန်မာမိသားစုဖိုရမ်မှာ Linux အကြောင်းကိုအမြဲရေးလေ့ရှိတဲ့ ကိုKznTရဲ့လက်ရာဖြစ်ပါတယ်။ ကျနော်က သူ့ပို့စ်တွေကိုအမြဲဖတ်ပြီး လိုအပ်တာလေးတွေကို လင်းနက်စ်အတွက်ပြန်ပြီးလက်တွေ့လုပ်တယ်။ ဒါကြောင့် အခုဒီပို့စ်သည်လည်း အကျိုးများသည့်အတွက် စုစည်းတဲ့သဘောနဲ့ပြန်လည်တင်ထားတာဖြစ်ပါတယ်။ ကဲ...ဖတ်ကြည့်ရအောင်...

Dual-Boot မှာ Windows ကို Default ဘယ်လိုထားမလဲ ??

ကျွန်တော်တို့တွေကို Ubuntu ကို Windows နဲ့ dual-boot တွဲသုံးတဲ့ အခါမှာ Windows ကို ပိုအားကိုးပြီး သုံးနေကြရတဲ့ သူတစ်ယောက် အတွက် စိတ်ပျက်ဖို့ ကောင်းတာ တစ်ခုက Grub loader လို့ခေါ်တဲ့ Boot loader မှာ Default Operating System က Ubuntu ဖြစ်နေတာပါ - Restart ပေးရင် ဖြစ်ဖြစ် - ကွန်ပြူတာ စဖွင့်ရင် ဖြစ်ဖြစ် အဲ့ဒီ့ Grub loader ပေါ်တဲ့ အထိစောင့်ပြီး Windows ကို ရွေးရွေးပေးနေရတာ တော်တော်လေး စိတ်ကသိကအောက် ဖြစ်စေပါတယ် - အဲလို စိတ်ကသိကအောက် ဖြစ်နေရရင် Grub loader မှာ Default Operating System ကို Ubuntu ကနေ Windows ပြန်ဖြစ်အောင် bootup options မှာ ပြောင်းယူလို့ ရတဲ့ နည်းလမ်းတွေတော်တော်များများ ရှိပါတယ် - အောက်မှာဖော်ပြထားတဲ့ နည်းက အဲလိုနည်းလမ်းပေါင်း များစွာထဲက လွယ်ကူတဲ့ နည်းတစ်နည်းပါ -

အရင်ဆုံး System --> Administration ကိုသွားပြီး သူ့အောက်မှာ Startupmanager ဆိုတာ ရှိမရှိ ကြည့်ပါ - တကယ်လို့ မရှိဘူး ဆိုရင် Applications --> Accessories --> Terminal ကိုသွားပြီး အောက်ဖော်ပြပါ စာကြောင်းတွေကို ရိုက်သွင်းပါ -

sudo apt-get install startupmanager

အဲလိုရိုက်ပြီး Enter ခေါက်လိုက်ရင် Password တောင်းပါလိမ့်မယ် - Password ထည့်လိုက်ပါ - နောက် သူ့ဘာသာ သူ ရှေ့ဆက်သွားပါလိမ့်မယ် - နောက်တစ်ဆင့်မှာ

Do you want to continue {y/n}?

ဆိုပြီး မေးပါလိမ့်မယ် - "y" ဆိုပြီး ရိုက် Enter ခေါက်ပါ - လုပ်ဆောင်နည်း အသေးစိတ်ကို အောက်ဖော်ပြပါ ပုံမှာ ပြထားပါတယ် - လေ့လာကြည့်ပါ -

အဲလို ဆက်သွားလိုက်ပြီး ပြီးသွားရင် Terminal ကို ပိတ်ပြီး System --> Administration အောက်မှာ Startupmanager ရှိမရှိ ထပ်ကြည့်လိုက်ပါ - သူ့ကို အောက်မှာ ဖော်ပြထားသလို တွေ့ရပါလိမ့်မယ် -

အဲ့ဒီ Startupmanager button ကိုနှိပ်လိုက်ရင် Administrative tasks တွေလုပ်ဆောင်ဖို့ အတွက် Password ထပ်တောင်း ပါလိမ့်မယ် - ပုံမှန်အတိုင်း ကိုယ့် Password ကို ပေးပြီး ရှေ့ဆက်သွားလိုက်ရင် အောက်ဖော်ပြပါ အတိုင်း Window တစ်ခု ပွင့်လာပါလိမ့်မယ် - အဲ့ဒီကနေ Timeout နေရာမှာ ကိုယ် ကြာစေချင်သလောက် ရွေးပေး - နောက် Default operating system မှာ ကိုယ်ထားချင်တဲ့ Windows ကို ရွေးပေးပြီး Close လိုက်ပါ။

ခုဆိုရင် Grub loader မှာ Ubuntu ကနေ windows ကို ပြောင်းသွားပါပြီ - System ကို Restart ပေးပြီး ကြည့်ကြည့်ပါ - အရင်လို Choice လုပ်စရာမလိုတော့ပဲ Windows တက်လာပါလိမ့်မယ် - Ubuntu ဝင်ချင်ရင်တော့ ပြန်ရွေးပေးပြီး ဝင်ရပါလိမ့်မယ်။

KznT.

11/25/10

မေ့ကျန်ခဲ့တဲ့ Gmail Address ကို ဖျက်နည်း

ကွန်ပျူတာမှာကျန်ခဲ့တဲ့ Gmail Address တွေကို ပြန်ပြီးဖျက်နည်းလေးပါ။ Registry Editorမှာ
ဝင်ကြည့်လိုရင် မိမိအသုံးပြုနေတဲ့ကွန်ပျူတာတွင် အီးမေးလ်ဝင်ခဲ့တဲ့ account တွေအားလုံးကိုတွေ့နိုင်
ပါတယ်။ အဲဒီ Gmail Address အားလုံးကိုလည်းဖျက်လို့ရပါတယ်။ ဒါကြောင့်အသုံးတည့်တဲ့ topic
ပဲ။ ကဲ...စမ်းကြရအောင်..

(၁) Start Menu> Run or Window + R တွဲနှိပ်

(၂) Run ဘောက်စ်တွင် regedit ရိုက်ထည့် Enter

(၃) Registry Editor ဘောက်စ်ပေါ်လာမည်...ထိုဘောက်စ်တွင် HKEY_CURRENT_USER ကို
ိDouble Click နှိပ်

(၄) ကျလာတဲ့ list ထဲမှာ Software ကို Double click နှိပ်

(၅) Google ကို Double click ဆက်နှိပ်

(၆) Google Talk ကို Double click ဆက်နှိပ်

(၇) Account ကို Double click ဆက်နှိပ်။ အဲဒီကွန်ပျူတာမှာ အသုံးပြုခဲ့တဲ့ Gmail Address
များကိုတွေ.ရပါလိမ့်မည်။ မိမိ Gtalk ၀င်ခဲ့တယ်ဆိုရင် မိမိGmail Addressနာမည်ပေါ်နေပါလိမ့်မည်။
ဖျက်လိုပါက မိမိGmail addressပေါ်မှာ Right click, Delete ကိုနှိပ်လိုက်ပါ။ Name/Type/
Data တို.အောက်ကျန်ခဲ့ပါက Name အောက်ရှိ ab ပေါ်တွင် Right click, Delete ပေါ့ဗျာ။

အဆင်ပြေပါစေ...

စောလင်းနက်စ်

11/24/10

enable or disable the CTRL+ALT+DELETE

ဒီပို့စ်ဟာ တလောက ”Alt+Ctrl+Delete နှိပ်မှ ၀င်းဒိုးပွင့်တဲ့ပြဿနာ” ဆိုပြီးတင်ခဲ့ပြီးသားပါ။ အဲဒီတုန်းက
XP အတွက်သာရည်ရွယ်တာပါ။ အခုပို့စ်က XP ရော vista, 7 အတွက်ပါ ရှင်းပြပေးတယ်။ ခေါင်းစဉ်နာမည်
ကြည့်လိုက်တာသိပါတယ်။ ”enable or disable the CTRL+ALT+DELETE” တစ်ချို့ကွန်ပျူတာမှာ
ဖွင့်လိုက်တာနဲ့ CTRL+ALT+DELETE နှိပ်မှပွင့်လာတယ် ဒါမှမဟုတ် မိမိစက်မှာ password တွေခံထားရက်
သားနဲ့ CTRL + ALT + DELETE ကိုနှိပ်၍ administrator account ထဲသို့သွားပြီး ၀င်ရောက်ပြင်
ဆင်တာတွေရှိတတ်တယ်။

အဲလိုပြဿနာမျိုးတွေအတွက် ကျနော်တို့ ”enable or disable the CTRL+ALT+DELETE” CTRL+
ALT+DELETE ကို ဖွင့်ချင်တာဖြစ်စေ၊ ပိတ်ချင်တာဖြစ်စေလုပ်ဆောင်သင့်တဲ့အရာတစ်ခုဖြစ်တယ်။

လုပ်နည်းလေးကတော့ http://support.microsoft.comမှာ တင်ထားတဲ့အတိုင်းပါပဲ။ အင်္ဂလိပ်လို
ဆိုပေမယ့် အတော်ရှင်းပါတယ်။ ကျနော်ပုံလေးနဲ့ပါရှင်းအောင်ထပ်ထည့်ပေးလိုက်တယ်။

For Windows XP, follow these steps:

1. Log on to the computer as an administrator.
2. Click Start, click Control Panel, and then double-click User Accounts.
3. Click Change the way users log on or off.
4. Click to select the Use the Welcome screen check box if you want to disable the CTRL+ALT+DELETE sequence.

Or

5. Click Start, click Run, type Control Userpasswords2, and then press ENTER.

Note You may receive the following dialog box:
You must be a member of the Administrators group on this computer to open User Accounts. You are logged on as user name, and this account is not a member of the Administrators group.
In this condition, you are required to type the user name and password when the system prompts the dialog box to type the user name and password of the administrator of the computer.

6. Click the Advanced tab.
7. In the Secure logon section, click to clear the Require users to press Ctrl+Alt+Delete check box if you want to disable the CTRL+ALT+DELETE sequence.

For Windows Vista and Windows 7, follow these steps:

1. Click Start, click Run, type Control Userpasswords2, and then press ENTER.

Note You are required to type the user name and password when the system prompts the dialog box to type the user name and password of the administrator of the computer.

2. Click the Advanced tab.

3. In the Secure logon section, click to clear the Require users to press Ctrl+Alt+Delete check box if you want to disable the CTRL+ALT+DELETE sequence.

Note If the Advanced tab is not available, click Start, click Run, type control userpasswords2, and then click OK.

http://support.microsoft.com/kb/308226

11/23/10

How to Enable or Disable Run Box W 7

ဒါကတော့ Run Box ကို Local Group Policy Editor အသုံးပြုပြီး Enable or Disable
ဖွင့်+ပိတ်တဲ့နည်းဖြစ်ပါတယ်။ အောက်ပါအတိုင်းလုပ်ရအောင်...

1. Open the Local Group Policy Editor.

2. In the left pane, click on to expand User Configuration, Administrative Templates, and Start Menu and Taskbar. (See screenshot below)

3. In the right pane, right click on Remove Run from Start Menu and click on Edit. (See screenshot above)

4. To Enable Run Command -

A) Select (dot) either Not Configured or Disabled. (See screenshot below step 6)

B) Go to step 6.

5. To Disable Run Command -

A) Select (dot) Enabled. (See screenshot below step 6)

6. Click on OK. (See screenshot below)

7. Close the Local Group Policy Editor window.

Ref: http://www.sevenforums.com

အဆင်ပြေပါစေ...

စောလင်းနက်စ်

11/16/10

Reset Windows PW from Ubuntu Live CD

အရင်တစ်ခါက Window 7 password ကို Linux နဲ့ ဖြုတ်မယ်ဆိုတာ ရေးခဲ့ပါတယ်။ အခုတစ်ခါ ကျန်တဲ့ဝင်းဒိုး
password ကို Linux Ubuntu ဖြုတ်တဲ့နည်းကိုထပ်ပြီးဖေါ်ပြလိုက်ပါတယ်။
ဒီပို့စ်သည်မြန်မာမိသားစုဖိုရမ်မှ ကိုကျောက်ဖြူ pdf ဖိုင်နဲ့ တင်ထားတဲ့ပါတယ်။ မြန်မာမိသားစုဖိုရမ်မှာ ကိုကျောက်ဖြူ၊ ကိုKzntတို့ ရေးတဲ့ Linux Ubuntu အကြောင်းတွေကို ကျနော်အမြဲဖတ်ဖြစ်ပါတယ်။ ဒီ pdf ဖိုင်ဟာ convert လုပ်တာအဆင်မပြေတာနဲ့ ကိုယ့်ကိုပြန်ပြီးEdit လုပ်ထားလိုက်တယ်။ အင်မတန်အကျိုးများတဲ့ topic တစ်ပုဒ်ဖြစ်ပါ
တယ်။ Linux အကြောင်းတွေကို သိချင်ရင် ဒီဆရာတို့နဲ့ကင်းလို့မရပါဘူး။ ကဲ…လုပ်ကြည့်ရအောင်…

ကျနော်တို့မှာ Ubuntu Desktop Edition ခွေတစ်ခွေရှိတယ်ဆိုကြပါစို့။ ဒါမှမဟုတ်ရင်လဲFlash Drive တစ်ခုရှိတယ်ဆိုကြပါစို့။ ဒါဆိုရင် Window password ကို ကျွမ်းကျင်စွာ ကိုင်တွယ်သုံးချတတ်ဖို့ program
(package) တစ်ခုလိုပါလိမ့်မယ်။ အဲဒါကတော့ chntpw လို့ခေါ်ပါတယ်။ 32-bit/ 64-bit နှစ်ခုလုံးမှာ
install လုပ်တာ ကွဲပြားမှုတွေရှိတဲ့အတွက် တစ်ခုချင်းစီခွဲပြီး ပြုလုပ်ကြရအောင်…

Installation 32-bit

Ubuntu Desktop Edition ခွေကို Drive ထဲထည့်လိုက်ပြီး boot တက်လိုက်ပါ။ ခဏစောင့် ကျနောတို့က
Live အနေဖြင့် သုံးမှာမို့လို့ Try it ကို နှိပ်လိုက်ပါ။ ဒါဆို အောက်မှာပြထားသ လိုမျိုး Live ထားတဲ့ Gnome
Desktop ကိုမြင်ရပါ့မယ်။ အဲဒီမှာ…

System>Administration> Synaptic Package Manager ဆိုပြီး သွားပါမယ်။

Synaptic Package Manager ကိုရောက်ရင် Settings > Repositories ကိုနှိပ်ပါ၊၊

အောက်ကပုံလိုမျိုး Community-maintained Open Source software (universe) ဆိုဒါကို check
ပေး Select ပေးပြီး close လုပ်ပါ ၊၊

ပြီးရင် ကျနော်တို့ Synaptic Package Manager မှာ ဘယ်ဘက်က Reload ကိုပေးလိုက်ပါ။

အင်တာနက်ရလျှင် အောက်ပါလိုမျိုးအလိုအလျှောက် ဒေါင်းလုဒ်ချသွားမှာဖြစ်ပါတယ်။

အင်တာနက်မရှိလျှင် 32-bit အတွက် အောက်ပါ (Deb package) ကို ဒေါင်းလုဒ်ရယူထား နိုင်ပါတယ်။
Double Click နှိပ် သွင်းလိုက်ရုံပါပဲ။

http://packages.debian.org/sid/i386/chntpw/download

တနည်းနည်းနဲ့ ရယူသွားပြီးဆိုလျှင် Synaptic Package Manager ရဲ့ Quick Search မှာ chntpw
ဆိုပြီးရှာလိုက်ပါ၊၊

အောက်ကပုံမှာလိုမျိုး chntpw ရဲ့ ဘေးက checkbox ကို Right click ထောက်လိုက်ရင် Mark for Installation ဆိုဒါကိုရွေးလိုက်ပါ။

Install လုပ်မှာသေချာလို့ apply ပေးပါ့မယ်။

Accept the changes လုပ်မှာလားဆိုတဲ့အတွက် ထပ်ပြီး apply လုပ်ပါ့မယ်။

ဒါဆိုအထက်ပါအတိုင်းလုပ်ဆောင်ဒါပြီးသွားပြီးဆိုရင် ပြည့်စုံပါပြီ သက်ရောက်မှုရှိပါပြီဆိုပြီး အောက်ကလိုမျိုး close ပေးလိုက်ပါ။

Chntpw ကို install လုပ်တာပြီးသွားလို့ Synaptic Package Manager ကိုပိတ်လိုက်ပါ၊၊ ပြီးရင် Using
chntpw to reset your password လုပ်ရအောင်။ ဒါကတော့ 32-bit အတွက်ပါ။ နောက်တစ်ခုကျန်တဲ့
64-bit အတွက် ဆက်လုပ်ကြရအောင်။ အားလုံးပြီးမှပဲ အသုံးချနည်းကို ဆက်ဆွေးနွေးကြတာပေါ့။

Installation: 64-bit
32-bit မှာလိုမျိုး Ubuntu’ universe repository ကနေ chntpw ကို 64-bit မှာအလုပ်မ
လုပ်အတွက် Download ရယူရပါမယ်။် Ubuntu Live CD environment ကနေ Mozilla Browser
ဖွင့်ပါ့မယ်။

ပြီးရင် အောက်ဖေါ်ပြပါ နေရာကိုသွားပြီး ဒေါင်းလိုက်ပါ..
http://packages.debian.org/sid/amd64/chntpw/download

မိမိနေရာဒေသအလိုက် ကြိုက်ရာ ftp လင့်ကိုနှိပ်ပြီး ( Deb Package) ဒေါင်းလုဒ်ရယူလိုက်ပါ။
(အင်တာနက်မရှိရင် ရှိတဲ့နေရာ ကြိုပြီးဒေါင်းယူထားပါ)

ဒေါင်းလုဒ်ရယူပြီးလျှင် Double Click နဲ့ သွင်းလိုက်ရုံပါပဲ။ လင်းနက်စ်သုံးနေတာလေ command လေးနဲ့မှ
ဆိုရင်လဲ Applications> Accessories> Terminal ဆိုပြီး သွားလိုက်ပါ

Terminal Window အပေါ်မှာ…

cd Downloads
sudo dpkg –i chntpw*

ဒါဆိုရင် ပြီးသွားပြီပေါ့ဗျာ။ Download ဆိုတာ မိမိရဲ့ deb တည်ရှိတဲ့နေရာပေါ့ဗျာ။ 32/64-bit machine နှစ်မျိုးလုံးပေါ်မှာ chntpw ကို ကျနော်တို့သွင်းပြီးပါပြီ။ လိုချင်တယ်ဆိုရင် deb ကို 32/64-bit အတွက်ဒေါင်းထားပေါ့။

Using chntpw to reset your password

Chntpw ကို install မောင်းပြီးတဲ့နောက် Window folder ကို mount လုပ်ပါ့မယ်။ Command လေးနဲ့
mount မနေပါနဲ့တော့ ရှည်နေပါ့မယ်။ ဘယ်ဘက်ထိပ်ပေါ်က Place ဆိုတဲ့ နေရာလေးကို cursor ထိုးလိုက်ရင် ခုလိုမျိုးမြင်နေရပါ့မယ်။ မိမိဝင်းဒိုးတင်ထားတဲ့ နေရာပေါ့။

Click နှိပ်ပြီးဖွင့်လိုက်ရင် Computer ဆိုတဲ့နေရာကို ခုလိုမျိုးမှန်၊ မမှန် စစ်ဆေးလိုက်ပေါ့ဗျာ။

ဝင်းဒိုးတင်ထားတဲ့နေရာမှန်ကန်တယ်ဆိုရင် Click နှစ်ချက်ပေးပြီးဖွင့်လိုက်ပေါ့ဗျာ။ Windows Folder ကို mount လုပ်ပြီးသားခုလိုတွေ့ရမှာဖြစ်ပါတယ်။

Mount လုပ်ပြီးသားဖြစ်လို့ Terminal ကို သုံး၍ chntpw ကို အသုံးချရအောင်။
Applications > Accessories > Terminal.

Terminal Window ပေါ်မှာ အောက်ပါ command အတိုင်း တစ်ဆင့်ချင်းသွားပါ…

cd /media
ls
cd {hard drive lable}
({hard drive lable} ဆိုတာ ကျနော် အပေါ်မှာပြောခဲ့တဲ့ ၀င်းဒိုး 7 folder ကို mount လုပ်ထားတဲ့
များပြာလှတဲ့ စာလုံးတွေကို ပြောတာပါ။ အောက်ကပုံကြည့်ရင် ရှင်းသွားပါလိမ့်မယ်။)

ခုဆိုရင် ကျနော်တို့ HDD ထဲက Window တင်ထားတဲ့ နေရာကိုရောက်နေပါပြီ။ အောက်က command လေးနဲ့ဆက်သွယ်လိုက်ပါ။

cd WINDOWS/system32/config/

ပုံ (၁၈)

change or reset the administrator password လုပ်မှာဖြစ်သည့်အတွက် အောက်က command
လေးနဲ့ ဆက်သွယ်လိုက်ပါ။

sudo chntpw SAM

ကျနော်တို့ SAM ဆိုတဲ့ file မှာ Window Registry ပါဝင်နေပါတယ်။ ကျနော်တို့ Window ရဲ့ user system
ကို အောက်ကလိုမျိုး တွေ့မြင်ရမှာဖြစ်ပါတယ်။ ပြင်ဆင်လို့လဲ ရနေပါပြီ။
ပုံ (၁၉)

အပေါ်ပုံက အောက်မှာနည်းနည်းဆွဲချလိုက်ရင် user edit menu ကို အောက်ကပုံလိုမျိုး တွေ့ပါ့မယ်။ ကျနော်က password ကို clear လုပ်မှာဖြစ်သည့်အတွက် 1 ကိုရွေးပြီး y ကို ဆက်နှိပ်လိုက်ပါတယ်။

ခုဆိုရင် password clear ဖြစ်သွားပါပြီ။ ကျနော်တို့ နံပါတ် 2 ကို ရွေးခဲ့မယ်ဆိုရင် password instead
လုပ်ပြီး change မှာဖြစ်ပါတယ်။ မိမိကြိုက်ရာကို စမ်းကြည့်ပါ။

Clear ဘဲလုပ်လုပ် change ဘဲလုပ်လုပ် စိတ်ကြိုက်ဖြစ်သွားဆိုရင် အောက်က command လေးနဲ့ ဆက်သွယ်
လိုက်ပါ။

sudo chntpw –u {user name} SAM

( user name ဆိုတဲ့နေရာမှာ မိမိ ယူစားနိမ်းပေါ့ ကျနော်က kyaukphu စသည်ဖြင့်ပေါ့။ Guest ကိုသွားမယ်
ဆိုရင်လည်း အောက်ကလို ထပ်သွားလိုက်ပါ။
ပုံ (၂၂)

ဒီမှာလဲ User edit menu ပါလာမယ်။ 1 ကိုရွေးရင် clear reset ဖြစ်သွားပြီ blank ဖြစ်သွားမယ်။ 2
ကိုရွေးရင် change ဖြစ်သွားမယ်လေ။

ကဲ..ခုဆိုရင် Administrator ရော Guest ပါ ချိန်းတတ် ပြောင်းတတ်ပါပြီ။ ရှင်းပြရခဲ့တဲ့နေရာတွေမှာ ပုံကိုအား
ကိုးပြီး စမ်းစေချင်တယ်။

အားလုံးအဆင်ပြေပါစေ…

Related Posts...! {ဆက်စပ်ပို့စ်များ}