Popular Posts

Labels

How to make Karaoke Text

Karaoke စာတန်းထိုး ပြုလုပ်နည်း---ကို ပြုလုပ်တဲ့နေရာမှာ (၁) မိမိပြုလုပ်မည့်စာတန်းကို Photoshop နဲ့ပြု ခြင်း (၂) ၎င်းပြုလုပ်ထားသည့် psd ဖိုင်ကို adobe after effect ဆော့ဝဲမှာထည့်ပြီး Karaoke စာတန်းထိုး ပြု လုပ်ခြင်းဆိုပြီး အပိုင်းနှစ်ပိုင်းနဲ့ပြုလုပ်ရပါမယ်။

Wireless router တစ်ခုတည်ဆောက်မယ်

ကျွန်တော်တို့ တစ်တွေသည် စာတွေနှင့်ရှင်းပြသည်ထက် ပုံကလေးတွေနှင့်ရှင်းပြသည်ကို နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ဒါကြောင့် ကျွန်တော် သူငယ်ချင်းတို့ တစ်တွေနားလည်ရလွယ်ကူအောင် router/access point တစ်ခု တည်ဆောက်ပုံကို အတတ်နိုင်ဆုံးရှင်းလင်းလွယ်ကူမှုရှိအောင် ပုံကလေးတွေနှင့်ရှင်းလင်းပြပေးပါမယ်။ ဤလမ်းညွှန် ချက်ကလေးဟာ Linksys WRT54G ကို အခြေခံထားပါတယ်ခင်မျာ။

How to Reset / Remove / Bypass a BIOS or CMOS Password

BIOS or CMOS Password တွေကို Reset / Remove / Bypass လုပ်ရမည့်နည်းတွေရေးပြမလို့။ ကျနော်ဆိုက်မှာဒီအကြာင်းနဲ့ပတ်သက်ပြီးအရင်ကတင်ထားခဲ့ပါတယ်။ သိပ်မစုံတာနဲ့ အခုထပ်ပြီးရေးလိုက်တာပါ။ BIOS or CMOS Password ဆိုတာ ကွန်ပျူတာရဲ့ လုံခြုံရေးပိုင်း၊ system ပိုင်းကို ကာကွယ်တဲ့အနေနဲ့အသုံးပြု တဲ့ Tool တစ်ခုပါ။ တစ်နည်းအားဖြင့် BIOS Setting ဒါမှမဟုတ် Boot Setting ကို တစ်စုံတစယောက်က ၀င် ရောက်မပြင်နိုင်အောင် ကာကွယ်တဲ့အနေနဲ့ BIOS or CMOS Password ကိုအသုံးပြုကြပါတယ်။

Window Password များကို Trinity Rescue Kit or TRK နဲ့ ဖြုတ်မယ်

ပတ်စ်ဝါဒ်ဖြုတ်တဲ့နည်း တွေက အများကြီး တစ်ချို့ကအဆင်ပြေတာလဲရှိသလို မပြေတာလဲအများကြီးပဲ။ အင်တာ နက်ပေါ်မှာရှာလိုက်ရင် ပတ်စ်ဝါဒ်ဖြုတ်တဲ့ဆော့ဝဲလ်တွေအများကြီး ဒါပေမယ့် တော်တော် များက Free License မဟုတ်တော့ တကယ်သုံးကြည့်တဲ့အခါ အဆင်မပြေပါဘူး။ နောက်တော့ ကျနော် Linux Live CD ကို သုံးပြီး ၀င်းဒိုးပတ်စ်ဝါဒ်ကို ဖြုတ်တဲ့နည်းကို စမ်း သုံးကြည့်တယ်။ သူကျတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် သူကျတော့ လုပ်ရ ကိုင်ရတာနည်း နည်းတော့ ခက်တယ်။

Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်း

ကျနော် ဒီ Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်းကိုရေးရသည့်အကြောင်းကသူငယ်ချင်းတွေက မကြာခဏမေးလာတာတစ်ကြောင်း၊ နောက်ပြီးဗွီဒီယို Camera ၀ယ်ထားပြီး ကွန်ပျူတာစက်များပိုင် ဆိုင်ထားပါ လျှက်နဲ့ မိမိရိုက်ထားတဲ့ ဗွီဒီယိုဖိုင်မတည်းဖြတ်တတ်သူများအတွက် ရည်ရွယ်တာကတစ်ကြောင်း၊ ကွန်ပျူတာဝါ သနာပါသော ညီငယ်များတစ်ဖက်တစ်လမ်းအကျိုးရှိစေရန်ရည်ရွယ်တာကတစ်ကြောင်းအကြောင်းပေါင်းများစွာနဲ့ ကျနော်အချိန်အနည်းငယ်ပေးပြီး ကြိုးစားရေးပေးလိုက်တာဖြစ်ပါတယ်။ တကယ်တော့ ကျနော်ဟာ Edit သမား တစ်ယောက်မဟုတ်ပါ။

8/24/10

ကရင်ခြည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်စူး)

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ နွန်ထဘူရီ၊ ၀တ်နခွန်အင်ကျောင်းတွင် (၂၂-၈-၂၀၁၀) တနင်္ဂနွေနေ့
ကရင်ခြည်ဖြူဖွဲ့မင်္ဂလာကျင်းပခဲ့သည်။ ၄င်းအခမ်းအနားကို ဘန်ကောက်တွင် ထိုင်းနိုင်ငံရောက်
ကရင်တိုင်းရင်းများက ကရင်ဓလေ့ထုံးတမ်းနှင့်အညီ ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားအ
စီအစဉ်အနေဖြင့် ကြွရောက်လာကြသောသံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရေ
စက်သွန်းချအမျှပေးဝေပါသည်။ တစ်ဆက်တည်းမှာပဲ ကရင်ခြည်ဖြူဖွဲ့မင်္ဂလာကို ဆက်လက်
ကျင်းပကာ မာန်နဲာကျာ်မေဓာနန္ဒက ကရင်ခြည်ဖြူဖွဲ့မင်္ဂလာကျင်းပရခြင်းအကြောင်းကို အကျဉ်း
အားဖြင့် တက်ရောက်လာကြသောကရင်ညီကို၊ မောင်နှမများကိုပြောကြားခဲ့ပြီး ထိုနောက်ခြည်ဖြူ
ဖွဲ့မင်္ဂလာကို ဓလေ့ထုံးတမ်းနှင့်အညီကျင်းပခဲ့ပါသည်။

ကရင်ခြည်ဖြူဖွဲ့မင်္ဂလာကျင်းပပုံ ဓာတ်ပုံများ...












8/19/10

Window 7 and System Reserved Partition



Windows 7 ကို Fresh installation အနေနဲ့ တင်လိုက်မယ်ဆိုရင် System Reserved Partition တစ်ခုကို Windows 7 က ဖန်တီးပေးသွားမှာပါ။ အဲဒီ Partition ထဲမှာ bootmgr နဲ့ boot လုပ်ဖို့အတွက် လိုအပ်တဲ့ file တွေကို ထည့်သွင်းပေးထားပါတယ်။ ပြီးတော့ bitlocker encryption အတွက်လည်း ရည်ရွယ်ထားတယ်လို့ Microsoft က ပြောပါတယ်။ System Reserved Partition ရဲ့ size ဟာ 100 MB ရှိပြီး သူ့ကို System, Active နဲ့ Primary partition အနေနဲ့ ဖန်တီးထားပါတယ်။ အဲဒီ 100MB partition လေး ရှိနေမယ်ဆိုရင် Windows တစ်ခုခု ဖြစ်ရင် Troubleshoot လုပ်တဲ့အခါမှာ Windows ခွေ သုံးစရာမလိုပဲ လွယ်လွယ်ကူကူ Troubleshoot လုပ်နိုင်သွားမှာပါ။

ကျွန်တော်ကတော့ အဲဒီ partition လေးကို စိတ်ဝင်စားပါတယ်။ ပါစေချင်တယ်ပေါ့။ သို့ပေမယ့် တချို့စက်တွေ မှာ အဲဒီ partition လေးပါပြီး တချို့စက်တွေမှာကျ Windows 7 က ဖန်တီးမပေးပါဘူး။ ဘာကြောင့်လဲဆိုပြီး လိုက်ရှာကြည့်တော့ Windows 7 တင်တဲ့အခါမှာ Hard Disk မှာ partition တွေ၊ volume တွေ ရှိမထားမှ ဖန်တီးပေးတယ်လို့ သိသွားပါတယ်။ လုံးဝ unallocated space ဖြစ်နေမှ ရတယ်တဲ့။

အဲဒါကြောင့် Windows 7 တင်တဲ့အခါမှာ အဲဒီ partition လေး ရဖို့အတွက် Hard Disk တစ်ခုလုံးမှာ ရှိတဲ့ Partition တွေ ဖျက်ပြီးမှ တင်မှ အဆင်ပြေပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ စက်အသစ်တစ်လုံးအတွက် ကိစ္စမရှိပေမဲ့ သုံးနေတဲ့စက်တစ်လုံးကို Windows 7 အဖြစ် Upgrade လုပ်မယ်ဆိုရင်တော့ ရှိပြီးသား Data တွေကို နေရာရွှေ့ ရမှာကတော့ အတော်လေး လက်ဝင်တဲ့ကိစ္စပါ။

Ref: http://itmen.myanmarbloggers.org/search/label/Windows%207

8/18/10

How to copy Image file CD to PC

Image file နဲ့ burnded ထားတဲ့ စီဒီတစ်ခွေ ( Window cd/ Recovery cd) ခွေများကို ကွန်ပျူတာမှာ ထည့်တဲ့နည်းလမ်းလေးပါ။ အဲဒီစီဒီခွေအမျိုးအစားများကို copy/paste နဲ့ ကွန်ပျူတာထဲထည့်လို့အဆင်မပြေနိုင်ဘူးလေ။ Window cd/Recovery cd တွေကတော့ ထားတာကြားသွားရင် ပျက်ဆီးသွားနိုင်တယ်။ image file နဲ့ သိမ်းထားတော့ ပိုပြီးစိတ်ချရတာပေါ့။ ထည့်ချင်တယ်ဆိုရင်Nero က save image project /entire cd/ entire dvd နဲ့ပြုလုပ်ရအောင်....

Window cd/ Recovery cd များ ကွန်ပျူတာထဲ ထည့်နည်း

Nero ကိုဖွင့် နောက် Neor Express ထပ်ပြီးဖွင့် ဒါပေမယ့် ဒီနေရာမှာ Nero version အလိုက် အနည်းငယ်တစ်ခုနဲ့တစ်ခု
ကွဲပြားနိုင်တယ်။ ကျနော်က Nero version 8ကို အသုံးပြုတယ်။ Nero startsmart ကနေ၀င်ရင် Rip and burn ဆိုတာ
နှိပ်ပါ။ နောက်ပြီး Burn Video Dic ဆိုတာကိုနှိပ်။ အောက်ပါ screenshot ပေါ်လာတာတွေ့လိမ့်မယ်။ (လိုရင်းက ဘယ်
နီရိုဗာရှင်းဘဲဖြစ်ဖြစ် Image copy project ဆိုတာကို တွေ့အောင်ရှာပါ)။

ကဲ ဒါဆို ....


ပုံမှာပြထားအတိုင်း....
(၁) Image copy project ကိုနှိပ်
(၂) Window CD ကို PC Drive ထဲသို့ ထည့်၊ ပြီးတော့ စီဒီဆိုရင် copy entire CD ၊ DVD ဆိုရင် copy entire DVD ကိုနှိပ်
(၃)နောက် screenshot ထပ်ပေါ်လာမည် အဲဒါကို ပုံပါအတိုင်း image recorder ကိုရွေးပါ။ ပြီးတော့ copy ကိုနှိပ်

(၄)ခဏစောင့် သိမ်းမည့်နေရာ၊ ဖိုင်နာမည်ပေးပါ၊ စောင့်လိုက်ပါ...ပြီးရင် သင်ကူးတဲ့ဖိုင်ဟာ အောင်မြင်ပါပြီ

အမှာ=အောက်က Burning CD/DVD ISO image နဲ့ Using MagicISO to create ISO file (၂)ခု
ပါတွဲလေ့လာလိုက်ရင် ISO Image File အတွက် တော်တော်ပြည့်စုံသွားမှာပါ။

Burning CD/DVD ISO image
Using MagicISO to create ISO file
အဆင်ပြေပါစေ...
စောလင်းနက်စ်

Using MagicISO to create ISO file

ဒါကတော့ ဖိုဒါ၊ ဒေတာစသည်ကို ISO ခေါ်တဲ့Image file ပြုလုပ်ဖန်တီးတဲ့နည်းဖြစ်ပါတယ်။တစ်ခြား ISO Image file Creatorတွေအများကြီးရှိတယ်။ ဒါပေမယ့် ဒီကောင်ကြီးလဲ အ တော်အသုံးတည့်သည့်အတွက် လိုအပ်တာရှိရင် တင်ပေးလိုက်
တာဖြစ်တယ်။ မူရင်းလင့်မှာစုံလင်စွာရှင်းပြထားတယ်၊ နားမလည် ရင် မူရင်းလင့်ဖွင့်ပြီး ဖတ်စေချင်တယ်။ပြုလုပ်နည်းကတော့ အောက်ပါရှင်းပြချက်ကို ကြည့်ပြီးအားလုံးလုပ်တတ်ပါလိမ့်မယ်။


iso image file ပြုလုပ်နည်း

++Run MagicISO;

* Choose File menu and click New command
Or click button on toolbar.
* Drag files or folders from Windows Explorer.
or click or button for adding files or folders.
* Click to create new folder
* Click to edit properties of ISO file.
* After complete adding and editing ISO file, click or button for saving to disk file.

MagicISO also can create ISO from CD/DVD driver. For more information, please see Create ISO from CD/DVD Driver

Download

မူရင်းလင့်းhttp://www.magiciso.com/tutorials/miso-overview.htm

Dispear CD/DVD Drive

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော့်ဆီ အီးမေးလ်တစ်စောင် ၀င်လာပါတယ်။ DVD Drive က My Computer ထဲမှာ မပေါ်တော့လို့ ဆိုပြီး မေးထားပါတယ်။ သူ့မေးခွန်းမှာက Device Manager ထဲ ၀င်ကြည့်တော့လဲ DVD Drive ရဲ့ ဘေးမှာ Caution Sign ပုံလေး ပြနေတယ်ဆိုတာပါ ထည့်ရေးထားပါတယ်။

ကျွန်တော့်အထင်က Driver ပျောက်သွားလို့ အဲဒီလိုဖြစ်တာပေါ့။ Driver ပြန်တင်ကြည့်လိုက်လို့ ခပ်ပေါ့ပေါ့ ဖြေလိုက်မိပါတယ်။ ဒါပေမဲ့ CD/DVD Drive တွေ Driver ပျောက်တယ်ဆိုတာမျိုးကို တစ်ခါမှ မကြားဖူးပါဘူး။ ကြုံလည်း မကြုံဖူးပါဘူး။

နောက် မကြာခင်ပဲ သူက အဆင်ပြေသွားပြီဆိုတဲ့အကြောင်း reply လုပ်ပါတယ်။ သူ့ Laptop က Dell ဆိုတော့ Dell ကို မေးလိုက်တာနဲ့ တူပါတယ်။ ကျွန်တော့်ဆီကို သူနဲ့ Dell က Help Desk နဲ့ ပြောကြတာတွေကို ရှယ်ယာ ပြန်ပေးလိုက်ပါတယ်။ Dell က ပြောတဲ့ ဖြေရှင်းနည်းက ကျွန်တော် တစ်ခါမှ မကြားဖူးတဲ့ မတွေ့ဘူးတဲ့ ဖြေရှင်းနည်း ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော့်လိုပဲ မသိသေးသူတွေ သိရအောင်၊ ကွန်ပျူတာမှာ CD/DVD Drive တွေ မသိတော့ရင် လုပ်ဆောင်ကြည့်သင့်တဲ့ ဖြေရှင်းနည်းလေးကို ဖော်ပြလိုက်ပါတယ်။

Problem

My Computer တွင် CD/DVD Drive မပေါ်ပါ။ Device Manager တွင်လည်း CD/DVD Drive ၏ ဘေးတွင် အ၀ါရောင် Caution Sign လေး ပေါ်နေသည်။ Properties တွင်(Windows cannot load the device driver for this hardware. The driver may be corrupted or missing. (Code 39) ဟု ပြသနေသည်။

Cause

Upper Filter နှင့် Lower Filter များကြောင့် ဖြစ်နိုင်ပါသည်။ Upper Filer Lower Filter ဆိုသည်မှာ ထို CD/DVD Drive ၏ Driver ကို ထိန်းချုပ်ပေးသော Registry Key များ ဖြစ်သည်။ ထို Key နှစ်ခုကို Registry မှ ဖျက်ပစ်ခြင်းဖြင့် ပြန်လည် ကောင်းမွန်လာနိုင်ပါသည်။

Resolution

1. Click Start>Run> and type regedit and press Enter.
2. Locate, and then click the following registry subkey:
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class\{4D36E965-E325-11CE-BFC1-08002BE10318}
In the right pane, right-click UpperFilters, and then click Delete.
3. Click Yes to confirm the removal of the UpperFilters registry entry.
4. In the right pane, right-click LowerFilters, and then click Delete.
5. Click Yes to confirm the removal of the LowerFilters registry entry.
6. Exit Registry Editor, and then restart the computer.

Original link

Mozilla firefox မှာ Bookmark Toobar



ဒါကတော့ မော်ဇီလာမှာ Bookmark Toobar လုပ်နည်းလေးပေါ့။ အဲဒီ Bookmark Toobar ပေါ်မှာ
Long in to Gmail ဒါမှမဟုတ် -အီးမေးလ်သို့ဝင်ရောက်ရန်-စသည်တွေ့ဖူးကြပါလိမ့်မယ်။ အောက်က ပုံတွေကိုကြည့်ပြီးလုပ်လိုက်ရင် အဆင်ပြေသွားမှာပါ။ မသိသေးသောပုဂ္ဂိုလ်များအတွက်သာ...

Bookmark Toobar ပြုလုပ်နည်း
(၁)
လိုချင်တဲ့လင့်ကိုဖွင့်ပြီး address ကို copy ယူလိုက်ပါ။ ဥပမာ=Gmail ကိုထည့်ချင် gmail ရဲ့ url
ပေါ့ (ဘလော့၊ မာလတီပလိုင်းစသည်)


(၂)
မော်ဇီလာ မင်နယူးဘားပေါ်မှာ View = Toolbar = Bookmark Toolbar တစ်ခြစ်ပြီးနှိပ်ပါ။


(၃)
Address bar အောက်က လွတ်တဲ့နေရာမှာ Right click ထောက်ပါပြီး New Bookmark ကိုနှိပ်


အောက်ပါပုံအတိုင်းတွေ့ပါလိမ့်မည်....

Name နေရာမှာ = မိမိထားလိုသောအမည်= ဥပမာ=အီးမေလ်သို့ဝင်ရောက်ရန် (Long in to Gm
ail)
Location နေရာမှာ = copy ယူထားသောလင့်ကို paste ချလိုက်ပါ။ ကျန်တာကို လိုချင်ရင်ဖြည့်ဗျာ..
ပြီးတော့ Add/ မော်ဇီလာကို ပိတ်ပြီးပြန်ဖွင့်ပါ....



အဆင်ပြေပါစေ...

Sawlinxu

8/13/10

Password Resetter


မိတ်ဆက်ပေးလိုက်အုံးမယ်။ ကွန်ပျူတာ password မေ့ပြီး ၀င်းဒိုးပြန်မတက်တဲ့ ပြဿနာကြုံဖူးကြပါလိမ့်မယ်။
Password Resetter က တာဝန်ဖြေရှင်းပေးနိုင်ပါတယ်။ ဒါပေမယ့် ကျနော်ဖရီးမရသေးတာကြောင့် ကြော်
ငြာအနေနဲ့ပဲ ပို့စ်တင်လိုက်တယ်။ သူရဲ့လုပ်ဆောင်ပုံ ဗွီဒီယိုဖိုင်လေးပါတင်ပေးလိုက်တယ်။ ကျန်တာတော့ မူရင်း
အင်္ဂလိပ်ဘာသာအတိုင်းပဲ ထားလိုက်တယ်။

What Is Password Resetter?

Password Resetter is a software program which is designed to help you to reset your Windows password. This way, you'll be able to login to your current Windows version again without using a password.

When you use Password Resetter, you can easily reset your Windows password within a couple of minutes. This is excellent since you won't have to spend lots of time on resetting your Windows password.

Also, this program works all 100% automatically and it's very quickly and easy to use. But, how does Password Resetter work?

How Does Password Resetter Work?

In order to let Password Resetter reset your Windows password, you have to follow 3 easy steps.

Step 1
You click on either prepare USB, or burn CD. Password resetter will then copy or burn your Windows files over to either a USB or a CD.

Step 2
Once burned or copied, you simply insert the burned disk, or USB stick into your PC. Once there, Password Resetter will automatically crawl into your Windows files to locate your Windows username. Once founded, the program will automatically reset your password.

Step 3
You simply restart your PC and you'll be able to login to Windows again without using a password.



Reset Your Window7 Password



Reset Your Windows Password

Windows Password Reset Kit 1.5

Windows Password Reset Kit is an advanced password reset CD that can safely remove, bypass or reset Windows administrator and user passwords in a matter of minutes. Boot Windows Password Reset Kit from a CD-ROM and gain access to your locked computer by reseting the forgotten or unknown password to blank. Safe, easy and effective! No need to re-install Windows, no need to call an expensive technician.

Simply burn Windows Password Reset Kit to a CD, then boot your locked computer from it. The program will automatically detect all Windows installations and allow you to safely reset any pre-existing administrator or user account password. You will then be able to reboot and quickly log back into Windows with a blank password.



Key Features & Benefits
* 100% recovery rate.
* Simple, intuitive graphic interface. No ugly DOS prompts.
* Reset Windows login password without knowning the original password.
* Unlock and enable user and administrative accounts.
* Disable the password expiration for local Windows accounts.
* Disable the "Force Smart Card Login" group policy.
* Allow you to reset Windows password to blank instantly.
* Automatically detect all operating systems installed on your computer.
* Reset Windows login passwords for Windows 7, Windows XP, 2003, 2000, NT, Windows XP Professional x64 Edition (64-bit), Windows Server 2003 x64 Edition (64-bit), Windows VISTA, Windows VISTA (64-bit), Windows Server 2008.
* Change or reset Domain administrator passwords on Windows 2000, 2003 and 2008 Active Directory Server.
* Support FAT16, FAT32, NTFS, NTFS5 file systems.
* Support RAID/SATA/IDE/ SCSI/SAS hard disk drives.
You can free download Windows Password Reset Kit 1.5 now.

Download Link = http://www.brothersoft.com/windows-password-reset-kit-387859.html


Download Link = http://www.downloadplex.com/Windows/Security-Privacy/Password-Managers/windows-password-reset-kit_272520.html


8/6/10

Extended Partition

Sawlinux

Extended partition အကြောင်းကို နည်းနည်းလောက်ဝေမျှချင်ပါတယ်။ သိပြီးသားပုဂ္ဂိုလ်များအနေနဲ့
လိုအပ်တာတွေ့ရင် ထပ်မံဖြည့်စွက်ပေးချင်ပါတယ်။ ဒီပို့စ်သည် မသိသေးသောပုဂ္ဂိုများအတွက် ရည်ရွယ်ပါတယ်။
ကျနော်ဒီစကားကို ပို့စ်တင်တိုင်းသုံးရခြင်းသည် ကျနော်ဟာ ၀ါသနာရှင်မျှသာဖြစ်သည့်အတွက် တစ်စုံတစ်ခု
ချွတ်ချော်မှုရှိခဲ့သော် တတ်သိသူများအားကြိုတင်တောင်းပန်ထားခြင်းဖြစ်ပါတယ်။ တော်ကြာဆော်ပလော်တီးခံ
ရမှာကြောက်လို့....

ပထမအနေနဲ့ ပါတေးရှင်း (၃)မျိုးအရင်မှတ်ထားရအောင်...
၁. primary partition
၂. extended partition
၃. logical drives ဆိုပြီး (၃)ရှိပါတယ်။

extended partition ဆိုတာ master boot record (MBR) disks မှာ ပြုလုပ်ဖန်တီးလို့ရနိုင်တဲ့
ပါတေးရှင်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ master boot record (MBR) disks မှာ volumes (၄)
ထက် ပိုတဲ့ Driveတွေ ဖန်တီးချင်တဲ့အခါ extended partition ကို အသုံးပြုရမည်ဖြစ်သည်။ extended
partition ထဲတွင် ပါတေးရှင်းအဆင့်ဆင့်ထပ်မံပိုင်းခြားနိုင်ပါသည်။

extended partition အတွက် ပါတေးရှင်းထိုင်ပုံ

အထက်ပါ ပါတေးရှင်းထိုင်ပုံကို သေချာကြည့်စေချင်သည်။ တတ်နိုင်သလောက် နားလည်နိုင်မယ့်အနေအထား
နဲ့ ပြုလုပ်ထားပါတယ်။ ပိုပြီး ရှုပ်သွားလာတော့မသိဘူး။ ကလစ်နှစ်ချက်နှိပ်ပြီးသေချာလေ့လာစေချင်တယ်။
ကျနော်အဲဒီပုံကို ရှင်းမပြတော့ပါ။ ထပ်ခါထပ်ခါကြည့်ရင် extended partition ထိုင်ပုံနဲ့ အခြားပါတေး
ရှင်းထိုင်ပုံပါ တွဲပြီးသိသွားနိုင်တယ်။

extended partition အတွက် ပြုလုပ်ပုံ
extended partition အတွက် ပြုလုပ်ပုံကို ကျနော်ကြိုက်တဲ့နည်းနဲ့ နည်းနည်းရှင်းပြပါမယ်..

၁. Gparted နဲ့ ၀င်းဒိုးရှိတဲ့ (C) Driveကို အရင် ချုံးလိုက်ပါ။ ချုံးပြီးရင် ကြိုက်တဲ့ ဖေါမက်ကိုပေး။
Gparted CD ကနေပြန်ထွက်လိုက်ပါ။

၂. ၀င်းဒိုးထဲမှာဝင်လိုက် Dsikmanagement ကို ဖွင့်ပါ။ ၀င်းဒိုးရှိတဲ့ (C) Drive ကလွဲပြီး ကျန်
Driveတွေအားလုံး Deleteလုပ်ပါ။ (Data တွေကို back up လုပ်ထားဖို့တော့ မမေ့နဲ့)ထိုနောက်
Unlocated space GBများကို extended partition အဖြစ်ပိုင်းလိုက်ပါ။ ပိုင်းပုံကိုဒီမှာကြည့်ပါ..
extended partition ပိုင်းပုံ

၃. Gparted CD ပြန်ထည့်၊ window and linux တွဲတင်ချင်ဆိုရင် အပေါ်ကပုံအတိုင်းကြည့်ပြီး
ပိုင်းလိုက်ရုံပါပဲ။ Gparted ကို မသုံးတတ်ရင် ဒီမှာကြည့်ပြီးလုပ်ပါ

ကဲဒီလောက်ဆို Extended Partition နဲ့ပတ်သက်ပြီး အနည်းအကျဉ်းအထောက်ကူပြုလိမ့်မယ်
ထင်ပါတယ်။ တကယ်တော့ extended partition အတွက် ပါတေးရှင်းထိုင်ပုံသည် လင်းနက်စ်တင်
ချင်တဲ့ပုဂ္ဂိုလ်များအတွက်ပါ အထောက်အကူဖြစ်စေနိုင်သည်။ ကျတော်ထင်သလို အထောက်အကူမဖြစ်ဘဲ၊ ပိုပြီး
ရှုပ်ထွေးသွားမယ်ဆိုရင် ကျနော့်ရဲ့အားနည်းချက်သာဖြစ်ပါတယ်ခင်ဗျား....

အားလုံးအဆင်ပြေပါစေ....

Extended Partition

Sawlinux

Extended partition အကြောင်းကို နည်းနည်းလောက်ဝေမျှချင်ပါတယ်။ သိပြီးသားပုဂ္ဂိုလ်များအနေနဲ့
လိုအပ်တာတွေ့ရင် ထပ်မံဖြည့်စွက်ပေးချင်ပါတယ်။ ဒီပို့စ်သည် မသိသေးသောပုဂ္ဂိုများအတွက် ရည်ရွယ်ပါတယ်။
ကျနော်ဒီစကားကို ပို့စ်တင်တိုင်းသုံးရခြင်းသည် ကျနော်ဟာ ၀ါသနာရှင်မျှသာဖြစ်သည့်အတွက် တစ်စုံတစ်ခု
ချွတ်ချော်မှုရှိခဲ့သော် တတ်သိသူများအားကြိုတင်တောင်းပန်ထားခြင်းဖြစ်ပါတယ်။ တော်ကြာဆော်ပလော်တီးခံ
ရမှာကြောက်လို့....

ပထမအနေနဲ့ ပါတေးရှင်း (၃)မျိုးအရင်မှတ်ထားရအောင်...
၁. primary partition
၂. extended partition
၃. logical drives ဆိုပြီး (၃)ရှိပါတယ်။

extended partition ဆိုတာ master boot record (MBR) disks မှာ ပြုလုပ်ဖန်တီးလို့ရနိုင်တဲ့
ပါတေးရှင်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ master boot record (MBR) disks မှာ volumes (၄)
ထက် ပိုတဲ့ Driveတွေ ဖန်တီးချင်တဲ့အခါ extended partition ကို အသုံးပြုရမည်ဖြစ်သည်။ extended
partition ထဲတွင် ပါတေးရှင်းအဆင့်ဆင့်ထပ်မံပိုင်းခြားနိုင်ပါသည်။

extended partition အတွက် ပါတေးရှင်းထိုင်ပုံ

အထက်ပါ ပါတေးရှင်းထိုင်ပုံကို သေချာကြည့်စေချင်သည်။ တတ်နိုင်သလောက် နားလည်နိုင်မယ့်အနေအထား
နဲ့ ပြုလုပ်ထားပါတယ်။ ပိုပြီး ရှုပ်သွားလာတော့မသိဘူး။ ကလစ်နှစ်ချက်နှိပ်ပြီးသေချာလေ့လာစေချင်တယ်။
ကျနော်အဲဒီပုံကို ရှင်းမပြတော့ပါ။ ထပ်ခါထပ်ခါကြည့်ရင် extended partition ထိုင်ပုံနဲ့ အခြားပါတေး
ရှင်းထိုင်ပုံပါ တွဲပြီးသိသွားနိုင်တယ်။

extended partition အတွက် ပြုလုပ်ပုံ
extended partition အတွက် ပြုလုပ်ပုံကို ကျနော်ကြိုက်တဲ့နည်းနဲ့ နည်းနည်းရှင်းပြပါမယ်..

၁. Gparted နဲ့ ၀င်းဒိုးရှိတဲ့ (C) Driveကို အရင် ချုံးလိုက်ပါ။ ချုံးပြီးရင် ကြိုက်တဲ့ ဖေါမက်ကိုပေး။
Gparted CD ကနေပြန်ထွက်လိုက်ပါ။

၂. ၀င်းဒိုးထဲမှာဝင်လိုက် Dsikmanagement ကို ဖွင့်ပါ။ ၀င်းဒိုးရှိတဲ့ (C) Drive ကလွဲပြီး ကျန်
Driveတွေအားလုံး Deleteလုပ်ပါ။ (Data တွေကို back up လုပ်ထားဖို့တော့ မမေ့နဲ့)ထိုနောက်
Unlocated space GBများကို extended partition အဖြစ်ပိုင်းလိုက်ပါ။ ပိုင်းပုံကိုဒီမှာကြည့်ပါ..
extended partition ပိုင်းပုံ

၃. Gparted CD ပြန်ထည့်၊ window and linux တွဲတင်ချင်ဆိုရင် အပေါ်ကပုံအတိုင်းကြည့်ပြီး
ပိုင်းလိုက်ရုံပါပဲ။ Gparted ကို မသုံးတတ်ရင် ဒီမှာကြည့်ပြီးလုပ်ပါ

ကဲဒီလောက်ဆို Extended Partition နဲ့ပတ်သက်ပြီး အနည်းအကျဉ်းအထောက်ကူပြုလိမ့်မယ်
ထင်ပါတယ်။ တကယ်တော့ extended partition အတွက် ပါတေးရှင်းထိုင်ပုံသည် လင်းနက်စ်တင်
ချင်တဲ့ပုဂ္ဂိုလ်များအတွက်ပါ အထောက်အကူဖြစ်စေနိုင်သည်။ ကျတော်ထင်သလို အထောက်အကူမဖြစ်ဘဲ၊ ပိုပြီး
ရှုပ်ထွေးသွားမယ်ဆိုရင် ကျနော့်ရဲ့အားနည်းချက်သာဖြစ်ပါတယ်ခင်ဗျား....

အားလုံးအဆင်ပြေပါစေ....

Gnome Partition Editor

Sawlinux

Gnome Partition Editor သည် partition ပြန်ပိုင်းတဲ့နေရာမှာ အကောင်းဆုံး tool တစ်ခု
ဖြစ်ပါတယ်။ ဒါကြောင့် ၀င်းဒိုးရှိထားပြီး computer တစ်လုံးအတွက် Linux OS ထပ်တင်ခြင်တယ်ဆိုရင်
(Dual Boot) တင်ခြင်တယ်ဆိုရင် Linux OS အတွက် partition ကြိုတင်ပိုင်းထားရမယ်။ အဲလို
လုပ်မယ်ဆိုရင် Gnome Partition Editor နဲ့ သုံးဖို့ တိုက်တွန်းချင်ပါတယ်။

Linux OS အတွက် partition ပိုင်းပုံနဲ့ပတ်သက်ပြီး အနည်းငယ်ရှင်းပြချင်ပါတယ်။ မသိသေးသော
ပုဂ္ဂိုလ်မျှသာရည်ရွယ်ပါတယ်။ ဥပမာ...C/ D/ Drive နှစ်ခုရှိတယ်ပေါ့ဗျာ။ အဲဒါကို Linux OS တင်ချင်
တယ်။ အရင်ဆုံး Gnome Partition CD ကို ကွန်ပျူတာထဲထည့်ပြီး boot တက်လိုက်ပါ။ Gprat
ed Screen-shoot ပေါ်တဲ့အထိစောင့်ပါ။ Gprated Screen-shoot ပေါ်လာပြီးဆိုရင် ပါတေးရှင်း
အတွက်ပိုင်းဖို့အဆင့်သင့်ဖြစ်နေပါပြီး။

ဒါကတော့ Gprated Screenshot


ကျနော်အဓိက ပြောချင်တာ Window ထဲက C/ နဲ့ D Drive နှစ်ခုထဲမှာ C Drive ကို Resize
လုပ်စေချင်တယ်။ Resize လုပ်တယ်ဆိုတာ C Drive ထဲမှာ GB ခွဲယူလိုက်တာဖြစ်ပါတယ်။ ဥပမာ..
C Drive ထဲမှာ GB 80 ရှိတယ်ဆိုကြပါစို့။ GB 40 (MB 40000)New Size=မှာ ရိုက်ထည့်လိုက်ပါ။
အဲဒါဆို C Drive ထဲမှာ GB 40 သာကျန်တော့မှာဖြစ်တယ်။ ကျန်တဲ့ ဒါမှမဟုတ် ရရှိလာတဲ့ GB 40မှာ
partition အနေနဲ့ primary partition.
Format အနေနဲ့ Linux OS အတွက် ext3 ကိုရွေးစေချင်ပါတယ်။

နောက်တစ်ခုက linux-swap အတွက်လဲ တစ်ခုထားပေးရမယ်။ အဲဒါဆို Linux OS-ext3 partition
ထဲက Gparted နဲ့ပဲ Resize ထပ်လုပ်ပေးလိုက်ပါ။ သူက မိမိကွန်ပျူတာ Ram ပမာဏထက် ၂ဆ များရ
မယ်ဆိုတော့ Rum က 500 MB ရှိရင် 1GB (1000 MB)ထားပေးလိုက်ပေါ့။ သူလဲ primary partition/
Format ကတော့ linux-swap ရွေးလိုက်ရုံပဲ။

အားလုံးပြီးလျှင် menuပေါ်က apply ကိုနှိပ်။ ခဏစောင့်၊ အိုကေပါလိမ့်မယ်။

အားလုံးချုံးကြည့်လျှင်...C/ Linux ext3/ linux-swap/ D ဆိုပြီး သဘောတရား-၄-ခုပေါ့ဗျာ။
ဒါပေမယ့် တကယ်တွေ့ရမှာက SATA အတွက် sda1/ sda2/ sda3/ sda4 စသည် ၊
IDE အတွက် hda1/ hda2/ hda3/ hda4 စသည်

Gnome Partition Editor အတွက် ဒေါင်းလုဒ်
Dawnload

Gnome Partition Editor လုပ်ဆောင်ချက်များ ကြည့်ရှုရန်
Gnome Partition Editor လုပ်ဆောင်ချက်များ ကြည့်ရှုရန်

Gnome Partition Editor ရဲ့ Screenshot (partition-ခွဲပုံများ)
Screenshot (partition-ခွဲပုံများ)

Related Posts...! {ဆက်စပ်ပို့စ်များ}