Popular Posts

Labels

How to make Karaoke Text

Karaoke စာတန်းထိုး ပြုလုပ်နည်း---ကို ပြုလုပ်တဲ့နေရာမှာ (၁) မိမိပြုလုပ်မည့်စာတန်းကို Photoshop နဲ့ပြု ခြင်း (၂) ၎င်းပြုလုပ်ထားသည့် psd ဖိုင်ကို adobe after effect ဆော့ဝဲမှာထည့်ပြီး Karaoke စာတန်းထိုး ပြု လုပ်ခြင်းဆိုပြီး အပိုင်းနှစ်ပိုင်းနဲ့ပြုလုပ်ရပါမယ်။

Wireless router တစ်ခုတည်ဆောက်မယ်

ကျွန်တော်တို့ တစ်တွေသည် စာတွေနှင့်ရှင်းပြသည်ထက် ပုံကလေးတွေနှင့်ရှင်းပြသည်ကို နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ဒါကြောင့် ကျွန်တော် သူငယ်ချင်းတို့ တစ်တွေနားလည်ရလွယ်ကူအောင် router/access point တစ်ခု တည်ဆောက်ပုံကို အတတ်နိုင်ဆုံးရှင်းလင်းလွယ်ကူမှုရှိအောင် ပုံကလေးတွေနှင့်ရှင်းလင်းပြပေးပါမယ်။ ဤလမ်းညွှန် ချက်ကလေးဟာ Linksys WRT54G ကို အခြေခံထားပါတယ်ခင်မျာ။

How to Reset / Remove / Bypass a BIOS or CMOS Password

BIOS or CMOS Password တွေကို Reset / Remove / Bypass လုပ်ရမည့်နည်းတွေရေးပြမလို့။ ကျနော်ဆိုက်မှာဒီအကြာင်းနဲ့ပတ်သက်ပြီးအရင်ကတင်ထားခဲ့ပါတယ်။ သိပ်မစုံတာနဲ့ အခုထပ်ပြီးရေးလိုက်တာပါ။ BIOS or CMOS Password ဆိုတာ ကွန်ပျူတာရဲ့ လုံခြုံရေးပိုင်း၊ system ပိုင်းကို ကာကွယ်တဲ့အနေနဲ့အသုံးပြု တဲ့ Tool တစ်ခုပါ။ တစ်နည်းအားဖြင့် BIOS Setting ဒါမှမဟုတ် Boot Setting ကို တစ်စုံတစယောက်က ၀င် ရောက်မပြင်နိုင်အောင် ကာကွယ်တဲ့အနေနဲ့ BIOS or CMOS Password ကိုအသုံးပြုကြပါတယ်။

Window Password များကို Trinity Rescue Kit or TRK နဲ့ ဖြုတ်မယ်

ပတ်စ်ဝါဒ်ဖြုတ်တဲ့နည်း တွေက အများကြီး တစ်ချို့ကအဆင်ပြေတာလဲရှိသလို မပြေတာလဲအများကြီးပဲ။ အင်တာ နက်ပေါ်မှာရှာလိုက်ရင် ပတ်စ်ဝါဒ်ဖြုတ်တဲ့ဆော့ဝဲလ်တွေအများကြီး ဒါပေမယ့် တော်တော် များက Free License မဟုတ်တော့ တကယ်သုံးကြည့်တဲ့အခါ အဆင်မပြေပါဘူး။ နောက်တော့ ကျနော် Linux Live CD ကို သုံးပြီး ၀င်းဒိုးပတ်စ်ဝါဒ်ကို ဖြုတ်တဲ့နည်းကို စမ်း သုံးကြည့်တယ်။ သူကျတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် သူကျတော့ လုပ်ရ ကိုင်ရတာနည်း နည်းတော့ ခက်တယ်။

Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်း

ကျနော် ဒီ Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်းကိုရေးရသည့်အကြောင်းကသူငယ်ချင်းတွေက မကြာခဏမေးလာတာတစ်ကြောင်း၊ နောက်ပြီးဗွီဒီယို Camera ၀ယ်ထားပြီး ကွန်ပျူတာစက်များပိုင် ဆိုင်ထားပါ လျှက်နဲ့ မိမိရိုက်ထားတဲ့ ဗွီဒီယိုဖိုင်မတည်းဖြတ်တတ်သူများအတွက် ရည်ရွယ်တာကတစ်ကြောင်း၊ ကွန်ပျူတာဝါ သနာပါသော ညီငယ်များတစ်ဖက်တစ်လမ်းအကျိုးရှိစေရန်ရည်ရွယ်တာကတစ်ကြောင်းအကြောင်းပေါင်းများစွာနဲ့ ကျနော်အချိန်အနည်းငယ်ပေးပြီး ကြိုးစားရေးပေးလိုက်တာဖြစ်ပါတယ်။ တကယ်တော့ ကျနော်ဟာ Edit သမား တစ်ယောက်မဟုတ်ပါ။

1/27/11

Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်း

အားလုံးမင်္ဂလာပါ…

ကျနော် ဒီ Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်းကိုရေးရသည့်အကြောင်း
ကသူငယ်ချင်းတွေက မကြာခဏမေးလာတာတစ်ကြောင်း၊ နောက်ပြီးဗွီဒီယို Camera ၀ယ်
ထားပြီး ကွန်ပျူတာစက်များပိုင်ဆိုင်ထားပါလျှက်နဲ့ မိမိရိုက်ထားတဲ့ ဗွီဒီယိုဖိုင်မတည်းဖြတ်
တတ်သူများအတွက် ရည်ရွယ်တာကတစ်ကြောင်း၊ ကွန်ပျူတာဝါသနာပါသော ညီငယ်များ
တစ်ဖက်တစ်လမ်းအကျိုးရှိစေရန်ရည်ရွယ်တာကတစ်ကြောင်းအကြောင်းပေါင်းများစွာနဲ့
ကျနော်အချိန်အနည်းငယ်ပေးပြီး ကြိုးစားရေးပေးလိုက်တာဖြစ်ပါတယ်။ တကယ်တော့
ကျနော်ဟာ Edit သမားတစ်ယောက်မဟုတ်ပါ။
ကျနော်တစ်ရက် နှစ်ရက်အချိန်ပေးလေ့လာပြီးတော့ ဒီ Tutorialရေးတာဖြစ်ပါတယ်။ ဒါ
ကြောင့် ဒီ Tutorial နဲ့ Premiere ကျွမ်းကျင်တဲ့ Edit သမားတစ်ယောက်ဖြစ်မလာတောင်
မှအခြေခံ Edit သမားတစ်ယောက်ဖြစ်လာနိုင်တယ်လို့ ကျနော်မျှော်လင့်ပါတယ်။

ဒီပို့စ်သည် အနည်းငယ်ရှည်သည့်အတွက်ကြောင့် စိတ်ဝင်တစား လေ့လာဂရုတစိုက်ဖတ်
မှသာ သဘောပေါက်နိုင်မည်ဖြစ်သည်။ တည်းဖြတ်တာတွေကို ၀ါသနာပါသောပုဂ္ဂိုလ်များ
အတွက် အတိုင်းအတာတစ်ခုထိအကျိုးရှိလိမ့်မည်ဟုမျှော်လင့်ပါသည်။

တည်းဖြတ်တဲ့ ဆော့ဝဲတွေများစွာရှိပေမယ့် Premiere သည် Professional သမားများ
အတွက်တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ တစ်ခုသေချာစွာလုပ်တတ်ရင် အခြားတည်းဖြတ်
မှုဆော့ဝဲတွေလဲသိပ်ပြီး မခက်ခဲတော့ပါ။ ဒါကြောင့်တစ်ခုကိုသေချာလေ့လာသင့်ပါ
တယ်။ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်တုန်းက ကျနော်တင်ခဲ့တဲ့ AdobePremiere 6.5 ၊
Video FX ၊ Canopus Procoder ဒီပို့စ်သုံးခုစလုံးကိုဒီအခုပို့စ်အတွက် ကြိုတင်တင်
ထားပေးတဲ့ သဘောပါပဲ။ အဲဒီဆော့ဝဲသုံးမျိုးစလုံဟာတစ်ခုနှင့်တစ်ခုဆက်ဆပ်နေ
သည့်အတွက် Adobe Premiere 6.5 Tutorialဗွီဒီယိုတည်းဖြတ်နည်း မဖတ်ခင်
အရင်ကြိုတင်ပြီး ဖတ်ထား အင်စတောမောင်းထားရင် ပိုပြီးလွယ်ကူမှုတွေရှိပါလိမ့်မယ်။

(ပုံတွေအားလုံး သေချာမြင်ချင်ရင် ကလစ်နှစ်ချက်ခေါက်လိုက်ပါ)

ကဲ…စကြရအောင်ဗျာ….

+/- အပြည့်အစုံသို့

Adobe Premiere 6.5 ၊ Video FX ၊ Canopus Procoder ဒီဆော့ဝဲလ်သုံးမျိုးစလုံးမိမိ

စက်တွင်အင်စတောထည့်သွင်းပြီးဆိုရင် Adobe Premiere 6.5 နဲ့ ဗွီဒီယိုစတင်တည်း

ဖြတ်လုပ်ငန်းစဉ်တွေကို စရအောင်…

အဆင့် (၁) Start Menu > Adobe > Premiere 6.5 ကိုနှိပ်ပြီးဖွင့်လိုက်ပါ

အဆင့် (၂) Edit Style ဘောက်စ်ပေါ်မည်။ မိမိ Edit Style ရွေးချယ်ဖို့ပါ။ A/B Editing

နဲ့ SingleTrack Editing စတိုင်လ် နှစ်မျိုးရှိတယ်ပေါ့ဗျာ။ A/B Editing ကိုပဲ နှိပ်ပြီးရွေး

လိုက်ပါ။


အဆင့် (၃) New Project Setting ဘောက်စ်ပေါ်လာမည်။ ဆိုလိုတာက ကိုယ်တည်း

ဖြတ်မယ့်ဗွီဒီယို Format စတာတွေကို setting လုပ်ဖို့ပါပဲ။ ဒီနေရာမှာ အသေးစိတ်

ကျနော်မရှင်းပြတော့ပါဘူး။ မိမိတစ်ခုစီ် setting တွေ လိုက်ချိန်မယ်ဆိုရင် Custom

ကိုသာနှိပ်ပြီး ကိုယ်ကြိုက်တာSetting ချိန်ပါ။ ကျနော်ကတော့ NTSC >

Standard 48kHz ကိုရွေးပြီး OK ပေးလိုက်တယ်ဗျာ။


အဆင့် (၄) အပေါ်က OK ပေးလိုက်ပြီးတာနဲ့ Premiere 6.5 Window Screenshot

ကိုတွေ့ရမှာဖြစ်ပါတယ်။ မိမိဗွီဒီယိုဖိုင်ကို တည်းဖြတ်နိုင်မယ့် Workshop area ပါပဲ။


စက်ထဲကဗွီဒီယိုဖိုင်ကို Premiere သို့ ဘယ်လိုထည့်သွင်းမလဲ
အဆင့် (၅) အောက်ပါပုံအတိုင်း Premiere ဆော့ဝဲလ်မှာ Bin လို့ခေါ်တဲ့ Project

Windowဆိုတာကိုတွေ့ပါလိမ့်မယ်။ ကျနော်တို့ တည်းဖြတ်မယ့် Video Clip တွေကို

ဒီ Bin လို့ခေါ်တဲ့ Project Window ထဲမှာ အရင်ဆုံးခေါ်ယူထားရပါတယ်။


နောက်ပြီး Bin 1, Bin 2, Bin 3 စသည်အားဖြင့် နှစ်ခု သုံးခုထားချင်ရင် Bin 1အောက်တည့်

တည့်လွတ်တဲ့နေရာမှာ Right Click ထောက်ပြီး New Bin ကိုနှိပ်ပါ။ Bin 2, Bin 3 ဆိုပြီး

Bin နှစ်ခုတိုးလာတာတွေ့ရမှာပါ။

အဆင့် (၆) အဲဒီ Bin Project Window တွင် Video Clip ထည့်ဖို့ပါ။ Premiere 6.5

Window Screens ရဲ့ Menuတွင် File > Import > file ကိုနှိပ်။ ဒါမှမဟုတ်ရင် Bin ရဲ့

ညာဘက် အဖြူရောင်အကွက်တွင် မောက်စ်နဲ့ကလစ်နှစ်ချက်ခေါက်လိုက်ပါ။ပြီးတော့

မိမိ capture လုပ်ထားတဲ့ ဗွီဒီယိုဖိုင်ကို (တည်းဖြတ်မည့်ဗွီဒီယိုဖိုင်ကို) ရွေးပြီး Open

နှိပ်။ ဒါဆို အောက်ပါပုံအတိုင်း Bin New Project Window ထဲမှာ တည်းဖြတ်မည့်

Video Clip ဖိုင်တစ်ခုရောက်ရှိလာမှာဖြစ်ပါတယ်။အသံဖိုင်ထိုနည်းတူစွာ စက်ထဲကနေ

ဒီ Bin သို့ရောက်အောင်ခေါ်ထားရမှာဖြစ်ပါတယ်။ ဥပမာ…Bin 1 မှာ ဗွီဒီယိုဖိုင် Bin 2

မှာ အသံဖိုင်ထည့်ထားလိုက်ရင် ပြန်ရှာရတာပိုပြီးလွယ်ကူတာပေါ့။


Video Clip ဖိုင်ကို Timeline သို့ ထည့်သွင်းခြင်း
အဆင့် (၇) ဒီအဆင့်မှာ ကျနော်တို့ Video Clip ဖိုင်ကို စတင်တည်းဖြတ်တဲ့အ

ဆင့်ဖြစ်ပါတယ်။အောက်ကပုံသည် Timeline လို့ခေါ်ပါတယ်။ Video Clip

ဖိုင်ကို ဒီ Timeline သို့သွင်းရမှာဖြစ်ပါတယ်။

Timeline အကွက်တွင် …
1. Video 2
2. Video 1A
3. Transation
4. Video 1B
အောက်အကွက်မှာ….Audio 1,2,3 ဆိုပြီး သုံးနေရာတွေ့ရမှာဖြစ်ပါတယ်။ ဒါဆို Bin

မှာရှိတဲ့ Video Clip ဖိုင်ကို ဒီ Timeline သို့သွင်းချင်ရင် Bin မှာရှိတဲ့Video Clip ဖိုင်ကို

မောက်စ်နဲ့ ဖိထားပါ Video 1A သို့မဟုတ် Video 1B အကွက်ထိရောက်စွဲလာပြီး

မောက်စ်ကိုလွတ်လိုက်ပါ။ အောက်ကပုံအတိုင်း Video 1Aအကွက်တွင် Video Clip

တစ်ခုရောက်ရှိလာပြီးပေါ့ဗျာ။


Audio ဖိုင် Timeline သို့ထည့်သွင်းခြင်း
အဆင့် (၈)
Audio အသံပိုင်းဆိုင်ရာထည့်သွင်းခြင်တယ်ဆိုရင် မိမိသိမ်းထားတဲ့ Audioအသံဖိုင်ကို

Bin ထဲကို ခေါ်ယူရပါတယ်။ ဒါကလဲ Bin 1 မှာထည့်မလား ဒါမှမဟုတ် Bin 2 မှာထည့်မ

လားဆိုတာ ကိုယ့်အပေါ်မှာမှီတည်ပါလိမ့်မယ်။

ကျနော်ဆိုရင် Bin 1 မှာ Video Clip ထားပြီး Bin 2 အသံဖိုင်တွေထားတယ်ဗျာ။

Bin ထဲမှာရောက်လာတဲ့ အသံဖိုင်ကို မောက်စ်နဲ့ဖိထားပြီး Timeline မှာရှိတဲ့ Audio 1

အကွက်တွင်သွင်းလိုက်ပါ။ ဒါဆို Audio 1 အကွက်တွင်အသံဖိုင်တစ်ခုရောက်လာတာ

တွေ့ရမှာဖြစ်ပါတယ်။

Effect Transition လှုပ်ရှားမှုပုံများ Timeline သို့ထည့်သွင်းခြင်း
အဆင့် (၉)
နောက်တစ်ခုက ဒီ Timeline ထဲမှာ Video Clip ကိုတည်းဖြတ်တဲ့အခါ Video1A နဲ့ Video 1B

မှာထည့်ပြီး တည်းဖြတ်ရသလို သူတို့နဲ့အတူ တွဲဖက်လာမယ့် Effect (စတိုင်လ်အမျိုးမျိုး)

လှုပ်ရှားမှုတွေကိုတော့Video 1A နဲ့ Video 1B ကြားမှာရှိတဲ့ Transition အကွက်တွင်

Effect များအတွက်ထည့်သွင်းရမှာဖြစ်ပါတယ်။

အောက်ကပုံအတိုင်း ညာဘက်မှာရှိတဲ့ Transition ဆိုတာကိုနှိပ်။ (အကယ်၍မရှိသေးရင်

Menu > File >Window > Show Transition ကိုနှိပ်)

ပြီးတော့ ထည့်ချင်တဲ့ Effect တစ်ခုခုကိုဖွင့်လိုက်ပါ။ ကျနော်ကတော့ Video FXကိုဖွင့်

လိုက်တယ်။ အဲဒီ Video FX Effects ဆိုတာလေးကို မောက်စ်နဲ့ဖိထားပြီး TimeLine

မှာရှိတဲ့ Transition အကွက်တွင် သွင်းလိုက်တယ်။ အောက်ကပုံအတိုင်း Transition

အကွက်တွင်Effect တစ်ခုရောက်နေတာတွေ့ရမှာဖြစ်ပါတယ်။

အကယ်၍ Effect ကိုမောက်စ်နဲ့ စွဲယူရက်သားနဲ့ Transition အကွက်တွင် ဘာမှရောက်မ

လာဘူးဆိုရင် Timeline ရဲ့ ညာဘက်အစွန် မျှားလေးကိုနှိပ်ပါ။ ပြီးတော့ A/B Editing

ဆိုတာကို အမှန်ခြစ်လိုက်ပါ။ အဲဒါဆိုပြန်လုပ်ကြည့်ရသွားပါလိမ့်မယ်။

နောက်ပြီး Effect စတိုင်လ်အမျိုးမျိုးပြောင်းချင်တယ်ဆိုရင် Transition အကွက်ထဲက

Effectကိုမောက်စ်နဲ့ ကလစ်နှစ်ချက်ခေါက်ပါ။ ပြီးတော့ကြိုက်တဲ့ စတိုင်လ်ကိုရွေးပြီး

OK ကိုနှိပ်။

(Effect များကို ကြည့်ရှုချင်လျှင် Keyboard က Alt ကိုနှိပ်ထားပြီး မောက်စ်နဲ့ရွေ့ကြည့်မှ

တွေ့နိုင်မည်။Playback ပေးရုံနဲ့မြင်ရမည်မဟုတ်ပါ)

စာသား Tex များ ထည့်သွင်းခြင်း
အဆင့် (၁၀)
ဒီ Premiere ဆော့ဝဲဟာ စာသားထည့်သွင်းတဲ့နေရာမှာ တစ်ခြားဆော့ဝဲလ်နဲ့ဆိုင်ရင်

နည်းနည်းပိုခက်တယ်လို့ဆိုရမှာပဲ။

စာသားကို ထည့်သွင်းတဲ့နေရာမှာ (၂)ချက်ရှိပါတယ်။
(၁) Adobe Design Title ကနေ စာသားများကို ဖန်တီးခြင်း
(၂) Photoshop ကနေ စာသားများကို ဖန်တီးခြင်း
အဲဒီနှစ်မျိုးထဲတွင် ကြိုက်ရာတစ်မျိုးမျိုးနဲ့ ပြုလုပ်ထားပြီးမှ Premiere သို့ သွင်းယူရ

ပါတယ်။ ကျနော်အရင်ဆုံး
(၁) Adobe Design Title ကနေ စာသားများကို ဖန်တီးခြင်း ကိုပြောပြမယ်။ အဲဒါဆို

Premiere က File > New > Title ကိုနှိပ်။ အောက်ပါပုံအတိုင်း Adobe Design

Title Window ပေါ်လာမည်။ အသေးစိတ်ကျနော်မပြောတော့ပါဘူး။ ကိုယ်တိုင်သာ

လိုက်လုပ်ကြည့်ပါ။ လွယ်ပါတယ်။ ပြီးရင် Save ကိုနှိပ်ပြီး နေရာမှတ်ထားပြီး သိမ်း

လိုက်ပါ။


နောက်တစ်နည်းက (၂) Photoshop ကနေ စာသားများကို ဖန်တီးခြင်း
Photoshop ကိုဖွင့်ပါ။ ပြီးတော့ New ကိုနှိပ်ပြီး Page size ကို NTSC, PAL DVတို့ကို

သာ ရွေးရမည်။ ကျနော်ကတော့ NTSC DV 720 ကိုရွေးလိုက်ပါတယ်။ လိုချင်တဲ့စာသား

ရိုက်ပါ။ ပြီးတော့ Save as ကို Photoshop (PSD) နဲ့သိမ်းလိုက်ပါ။

နောက်ပြီး Premiere ပရိုဂရမ်ကိုပြန်ဖွင့်လိုက်ပါ။ ခုဏက လုပ်ထားတဲ့ စာသားကို

Bin ထဲကိုရောက်အောင်ပို့ရမှာဖြစ်ပါတယ်။ အဆင့် (၆)တွင် Video Clip ဖိုင်ထည့်

့်သွင်းလိုမျိုးပဲ မိမိသိမ်းထားတဲ့ စာသားဖိုင်ကိုရွေးပြီး Open နှိပ်။ အောက်ပါပုံအတိုင်း

choose layer ဘောက်စ်ပေါ်လာမည်။Scroll Down ကိုနှိပ်ပြီး Marge Layer,

Background, Mwvf (sawlinux) သုံးမျိုးတွင် နောက်ဆုံး Mwvfပါသော တစ်ခုကို

ရွေးပြီး OK ပေးပါ။

ဒါဆို မိမိလုပ်ထားတဲ့စာသားဖိုင်သည် Bin ထဲကိုရောက်လာပြီလေ။ Bin ထဲကိုရောက်

လာတဲ့ စာသားဖိုင်ကို Timeline သို့ထည့်သွင်းရမှာဖြစ်သည့်အတွက် ၎င်း Bin ထဲက

စာသားဖိုက်ကို မောက်စ်နဲ့ဖိထားပြီ Video 1A နဲ့ Video 1B အကွက်တွင်ထည့်လိုက်ပါ

ဒါမှမဟုတ် Video 2 အကွက်တွင်ထည့်လိုက်ပါ။

အဲဒီစာသား Tex တွေကို စတိုင်လ်အမျိုးမျိုး ဒါမှမဟုတ်အချိန်တွေ setting လုပ်ချင်ရင်

Timelineထဲကထည့်ထားတဲ့ စာသားဖိုင်ကို မောက်စ်နဲ့တစ်ချက်နှိပ်ပြီး ကီးဘုတ်ပေါ်က

Ctrl + y တွဲနှိပ်ပါ ။အောက်ပါပုံအတိုင်း MotionSettings ဘောက်စ်ပေါ်လာမည်…

အဲဒီဘောက်စ်ထဲမှာ Start အကွက်ဆိုတာတွေ့ပါလိမ့်မည်။ ကိုယ်ထားချင်ပြေးချင်တဲ့စာ

သားရဲ့ စတိုင်လ်တွေကို အဲဒီမျှားကိုသာလိုက်ပြီး လေးထောင့်စလုံးရွေးကြည့်ပါ။ ပြီးတော့

OK ပေး။ဒါက ကျနော်အကျဉ်းလေးသာပြောပြတာပါ။ သိချင်တတ်ချင်ရင် ကိုယ့်ကိုသာ

လိုက်ကလိကြပေတော့။

Timeline မှာရှိတဲ့ Video Clip စတင်တည်းဖြတ်ခြင်း
အဆင့် (၁၁)
ဗွီဒီယိုကိုတည်းဖြတ်စတင်တည်းဖြတ်တော့မယ်ဆိုရင် ဒီ Timeline မှာရှိတဲ့အရေးပါတဲ့

Tool တစ်ချို့ကိုသိထားသင့်တယ်။ အထက်ပါ ဗွီဒီယို ကလစ်၊အသံဖိုင်တွေကို Timeline

မှာ သွင်းထားပြီးဆိုရင် စတင်တည်းဖြတ်လို့ရပါပြီ။ ဒီပုံကို Timeline အတွက် အထောက်

အကူဖြစ်စေရန်ရည်ရွယ်ပါတယ်။


Timeline မှာရှိတဲ့ တည်းဖြတ်မယ့်ဖိုင်များကို ကြည့်ရှုခြင်း
ဒါပေမယ့် တည်းဖြတ်မယ့်ဖိုင်တွေကို အရင်ဆုံးကြည့်ရှုသင့်တယ်။ အဲဒါမှဘယ်ပိုင်းဟာဖြတ်

တောက်ရမလဲစသည် ဆုံးဖြတ်နိုင်မှာဖြစ်တယ်။ ဒါကြောင့်အောက်က Monitor > Play

Button ကိုနှိပ်ပြီးကြည့်ပါ။


ဖိုင်ဖြတ်တောက်ခြင်း
ကဲ…ဒီနေရာကိုဖြတ်တောက်ပစ်မယ်လို့ ဆုံးဖြတ်လိုက်ပြီးဆိုရင် MultipleRazar Tool (C)

ကို မောက်စ်နဲ့တစ်ချက်နှိပ်ပါ။ ပြီးတော့ ဖြတ်မယ့်ဗွီဒီယိုဖိုင်ပေါ်တည့်တည့်တွင် မောက်စ်နဲ့

တစ်ချက်နှိပ်။အောက်ပါပုံအတိုင်း ဖိုင်နှစ်ပိုင်းဖြစ်သွားတာတွေ့ရမှာပါ။ Selection Tool

(V)(မျှား)ကို တစ်ချက်နှိပ်ပြီးမလိုချင်တဲ့အပိုင်းကို မောက်စ်တစ်ချက်နှိပ်ပါ။ ပြီးတော့ Delete

Key ကိုနှိပ်လိုက်ရုံဖြင့် ဖြတ်တောက်ချင်တဲ့ ဖိုင်ပျက်သွားဖြစ်ပါတယ်။


ဖိုင်ကိုရွေ့ခြင်း
ဥပမာ…ဖိုင်တွေအပိုင်းများလာမယ်။ ရှေ့အပိုင်းကို နောက်အပိုင်းသို့ပို့ချင်တယ်။

ဒါဆို Tool ထဲကSelection Tool (မျှား)ကိုနှိပ်ပြီး ရွေ့ချင်တဲ့ဖိုင်ကိုမောက်စ်နဲ့ဖိ

ထားလိုက်ပါ။ ပြီးတော့ ထားချင်တဲ့နေရာရောက်ရင် မောက်စ်ကိုလွတ်လိုက်ပါ။


တည်းဖြတ်ထားတဲ့ဖိုင်ကို ပြန်လည်ကြည့်ရှုခြင်း
တည်းဖြတ်ထားတဲ့ဖိုင်ကို ပြန်လည်ကြည့်ရှုချင်ရင် Timeline အကွက်တွင် 00;00,

00;02;00 ဂဏန်းပြထားတဲ့အကွက်မှာ မောက်စ်အရင်တစ်ချက်နှိပ်ပါ။ ပြီးတော့ အောက်

ပါပုံအတိုင်း တိုင်ငုတ်လေးကို စကြည့်ချင်တဲ့နေရာကိုရွေ့ပါ။


နောက်ပြီး အပေါ်က Monitor ရဲ့ Play Button ကိုနှိပ်ပါ။ အဲဒါဆို မိမိတည်းဖြတ်ထား

တဲ့ဖိုင်ရဲ့အနေအထားကိုမြင်ရပါလိမ့်မယ်။

မှတ်ချက်= တည်းဖြတ်နေဆဲအချိန်မှာ Effect နဲ့ Tex စာသား ရိုးရိုးMonitor ရဲ့ Play

Button ကိုနှိပ်၍ တွေ့ရမည်မဟုတ်ပါ။ အဲဒီ Effect နဲ့Tex စာသားများကို တည်းဖြတ်

နေဆဲအချိန်မှာ အနေအထားကိုသိချင်ရင် Effect နဲ့ Tex စာသားပေါ်တည့်တည့်မှာ Alt

ကီးကိုနှိပ်ပြီး မောက်စ်နဲ့ ဒုတ်တိုင်ကိုလိုက်ရွေ့မှသာ တွေ့နိုင်မှာဖြစ်ပါတယ်။

အသံဖိုင်များ ဖြတ်တောက်ခြင်းနှင့် အသံညှိခြင်း
အသံဖိုင်ကို ဖြတ်တောက်ခြင်း၊ တနေရာမှ တနေရာသို့ရွေ့ခြင်း ပြုလုပ်ပုံတွေကိုအထက်

က ဗွီဒီယိုနဲ့အတူတူပင်ဖြစ်ပါတယ်။

Add Just Audio Level အသံညှိခြင်း
ထည့်ထားတဲ့ အသံဖိုင်ကို အသံအနိမ့်၊ အမြင့်ညှိချင်ရင် အောက်ကပုံအတိုင်း Audio

ဘေးနားကမျှားကိုနှိပ်ပါ။


မျှားကိုနှိပ်ပြီးရင် အောက်ပါပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။ တွေ့ရတဲ့ အနီရောင်၊အပြာရောင်

လေးထောင့်ကွက်လေးတွေကို နှိပ်ပြီး မောက်စ်နဲ့ အနီရောင်၊ အပြာရောင်အတန်းလေးကို

လိုသလိုလိုက်စွဲကြည့်ပါ။ ပြီးတော့ အသံကိုပြန်နားထောင်ကြည့်။ ဒီလောက်ဆိုလုပ်တတ်

လောက်ပါပြီ။


Timeline မှာရှိတဲ့ Video, Audio တွေကို ထားချင်တဲ့ Frame
Timeline မှာရှိတဲ့ Video, Audio Frame ကို တည်းဖြတ်တဲ့အခါ Frameတွေကို

လိုသလိုပြောင်းလို့ရပါတယ်။ ပုံမှန်အားဖြင့် Frame ကို ½ Secondထားလေ့ရှိပါ

တယ်။ ဒါလဲ မိမိကြိုက်တဲ့ Frame ကိုပြောင်းသုံးလို့ရပါတယ်။

အောက်ကပုံကြည့်ပါ….


ရှည်လျှားတဲ့ Video, Audio Frame တွေလွယ်ကူစွာလိုရာကိုရောက်ချင်ရင်အောက်က

လေးထောင့်ကွက် သို့မဟုတ် မျှားကိုနှိပ်ပြီး မောက်စ်နဲ့ဖိစွဲပါ။

အောက်ပါပုံအတိုင်း…


Project များမပြီးသေးပဲ ဖိုင်များကိုသိမ်းစည်းခြင်း
လုပ်နေဆဲ Project များကို မပြီးသေးပဲ မိမိက Premiere Program ပိတ်ဖို့လိုအပ်လာရင်

လုပ်နေဆဲProject များကို သိမ်းစည်းထားရပါမယ်။ ဒါကProject များကို ပြန်ပြီးဆက်လက်

တည်းဖြတ်ပိုင်းဆိုင်ရာလုပ်မှာဖြစ်သည့်အတွက် သိမ်းတဲ့သဘောပါပဲ။ Menu > File >

Save ကိုနှိပ်ပြီး သိမ်းမယ့်နေရာ၊ဖိုင်နာမည်တွေကို ပေးလိုက်ပြီးတော့ Ok ကိုနှိပ်။ အဲဒီဖိုင်

ကိုပြန်ပြီး တည်းဖြတ်ချင်တဲ့အခါ သိမ်းထားတဲ့ ဖိုင်နာမည်ကို ရှာဖွေဖွင့်လိုက်ရုံပါပဲ။


ပြီးသွားတဲ့ Project တည်းဖြတ်မှုများကို ဗွီဒီယိုဖိုင်အဖြစ်သိမ်းခြင်း
ကဲ…တည်းဖြတ်ထားတဲ့ Project ကို စိတ်တိုင်းကျဖြစ်ပြီးဆိုရင် CD ခွေအဖြစ်ကူးယူနိုင်ရန်

လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။ ဒီတိုင်းကူးယူလို့မရပါဘူး။Quality ကောင်းအောင်ဆိုပြီး

Canopus Procoderနဲ့ဖမ်းယူပြီးမှ ရရှိလာတဲ့ဖိုင်ကို CD ထဲကူးယူလို့ရမှာဖြစ်ပါတယ်။
( ဒါလဲ Canopus Procoder ကို Premiere နဲ့ Plug ins ချိတ်ထားပြီမှ ဒီလုပ်ငန်း

စဉ်ကို လုပ်လို့ရမှာဖြစ်ပါတယ်)

ဒါဆို အောက်ကပုံအတိုင်း Menu > File > Export Timeline > ProCoder Easy

Exporter ကိုနှိပ်ပါ။


ထိုနောက်canopus procoder ဘောက်စ်ပေါ်လာမည်။ VCD/DVD tag ကိုရွေးပြီး

အောက်က မိမိကူးမည့် ဗွီဒီယိုဖေါမက်တွေကိုရွေးပါ။ ကျနော်ကတော့ MPEG 1 VCD

NTSCကိုရွေးလိုက်တယ်။ပြီးတော့ Next ကိုနှိပ်


နောက်ဘောက်မှာ မိမိဖိုင်ကိုသိမ်းမည့်နေရာဖြစ်ပါတယ်။ Output File ကိုနှိပ်ပြီး

သိမ်းချင်တဲ့နေရာကိုရွေးပြီး Next ကိုနှိပ်။


နောက်ပေါ်လာတဲ့ဘောက်စ်တွင် Start ကိုသာနှိပ်ပါ။


ကဲ…ဒါကတော့ နောက်ဆုံးအဆင့်ဖြစ်တဲ့ ဖိုင်ကို Conversion လုပ်နေတာဖြစ်ပါတယ်။

အေးဆေးသာထားခဲ့လိုက်ပါ။ CD တစ်ခွေစာဆိုတော့ တစ်နာရီလောက်တော့ကြာနိုင်

ပါတယ်။


အမှာ= ကျနော်ဒီ Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်းကို အချိန်အနည်း

ငယ်ပေးဆပ်လိုက်ပါတယ်။ဘာဖြစ်ဖြစ် အသက်မွေးဝမ်းကြောင်းနဲ့ဆိုင်တဲ့ အတတ်

ပညာတစ်ခုကို လိုအပ်တဲ့ ညီ၊ကိုများထံဝေငှလိုက်ရသည့်အတွက် ကျနော်ပျော်ရွှင်

ကျေနပ်ခဲ့ရပါတယ်။ ဒီအတွက်ကြောင့် ဖြစ်လေရာဘ၀တိုင်းမှာ စိတ်ချမ်းသာ ကိုယ်

ကျမ္မာနဲ့ နည်းပညာတွေဆက်လက်ဝေငှနိုင်ပါစေလို့ ကျနော်မျှော်လင့်မိပါတယ်။


အားလုံးအဆင်ပြေပြီး ပျော်ရွှင်နိုင်ကြပါစေ….

စောလင်းနက်စ် { http://www.sawlinux.net/ }

1/23/11

လ၀်ဟှိုင့်သီးယးထီသိုလ်ကိုဝ်ဟှာဍေ (အသိပေးခြင်း)

အားလုံးမင်္ဂလာပါ...

ညီလေး အဲလာရဲ့ကူညီမှု၊ လက်ဆောင်အဖြစ် ကျနော်ရဲ့ဆိုက်ကို net ဒိုမိန်းနိမ်းဖြင့်
ဖွင့်လို့ရပါပြီ။ အရင်က com ပေါ့ဗျာ။ သက်တမ်းကုန်းသွားတော့ blospot.com
နဲ့ ခရီးဆက်ရပြန်ရော။ ကဲ အခုတော့ ညီလေးအဲလာရဲ့လက်ဆောင်ပေးမှုကြောင့်
http://www.sawlinux.net/ ဆိုပြီး ဟော...မြန်မာနိုင်ငံမှာရှိတဲ့ ကျနော့်ရဲ့
ညီ၊ကိုတွေလဲ မကျော်မခွပဲနဲ့ ဘွားကနဲ ဘွားကနဲဖွင့်လို့ရတာပေါ့ဗျာ။

အေ...တစ်ခြား blogspot, website တွေ မြန်မာနိုင်ကနေ အလွယ်တကူကျော်ခွ
ချင်တဲ့ ကိုယ်ပိုင် proxy server လုပ်ချင်ရင် ဒီနေရာသွားရောက်ဖတ်နိုင်ပါသည်။

http://www.sawlinux.net/ ကို (US 10) နဲ့ လက်ဆောင်ပေးခဲ့တဲ့
ညီလေးအဲလာကို အထူးကျေးဇူးတင်ပါသည်။ ကျနော့်ဆိုက်ကို အချိန်မရသည့်ကြား
မှ လာရောက်တဲ့ ညီ၊ကိုများအားလုံးလဲ ကျေးဇူးတင်တင်လို့ပဲပြောပါရစေ...

စောလင်းနက်စ်

1/21/11

အသံပိုင်းဆိုင်ရာ တည်းဖြတ်နိုင်တဲ့ Audacity


အသံပိုင်း ဆိုင်ရာ တည်းဖြတ်မှု(edit) တွေလုပ်ဖို့ဘယ်ဆော့ဖ်ဝဲကိုသုံးရမလဲ ဆိုတာ
စဉ်းစားလို့မရရင် Audacity ကို စမ်းသုံးကြည့်ဖို့အကြံပေးပါရစေ။ သီချင်းတွေ၊ အပျော်
တမ်းဖမ်းထားတဲ့ အသံတွေကစလို့ ရေဒီယိုလုပ်ငန်း ဆိုင်ရာအသံတွေထိ တည်းဖြတ်
နိုင်တဲ့ Audacity ဟာ အသံပိုင်းဆိုင်ရာ အတွေ့အကြုံနုတဲ့ သာမန် userတွေ
အတွက်တောင်မှ အသုံးပြုရတာ လွယ်ကူရိုးရှင်းလှ ပါတယ်။

3 MB အရွယ်ရှိတဲ့ အဲ့ဒီဆော့ဖ်ဝဲနဲ့ အသံထပ်ခြင်း၊ နောက်ခံအသံထည့်ခြင်း၊ ရှုပ်ထွေး
နေသည့် အသံများကို ကြည်လင်ပြတ်သားအောင် ပြုလုပ်ခြင်း၊ မလိုချင်သည့် အသံများ
ကို ဖျက်ထုတ်ခြင်း စတာတွေကို စိတ်ကျေနပ် လောက်အောင် တည်းဖြတ်(edit)
နိုင်တာ တွေ့ရပါတယ်။ တည်းဖြတ်ပြီး သွားရင်လည်း mp 3/ wave/ mono/
stereo စတဲ့ စိတ်ကြိုက် ဖိုင်အမျိုးအစားနဲ့ save လုပ်နိုင်တဲ့အချက်ဟာ သုံးစွဲသူ
အတွက် အဆင်ပြေ ချောမွေ့စေမှာပါ။

+/- အပြည့်အစုံသို့

ဒေါင်းလုဒ်လင့်...
Audacity
Audacity Tutorial

Ref: ITJournal

1/20/11

Video FX : Plug in with Adobe Premiere

ဒီ Video FX ဆော့ဝဲလ်ကတော့ ဗွီဒီယိုတည်းဖြတ်တဲ့နေရာမှာ ပိုပြီး effect တွေကောင်း
အောင် အသုံးပြုတဲ့ဆော့ဝဲလ်ဖြစ်ပါတယ်။ သူလဲ Adobe Premiere နဲ့ plug in ချိတ်
ဆက်ပြီးမှအသုံးပြုရတဲ့ဆော့ဝဲလ်လေးပါ။ MB ဆိုက်နည်းနည်းကြီးတော့ winRAR နဲ့ဖြတ်ပြီး
တင်ပေးလိုက်ပါတယ်။ လိုချင်ရင်အပိုင်းအားလုံးကိုဒေါင်းလိုက်ပါ။ ပြီးတော့ part-01 ကို
Right Click နှိပ်ပြီး Extract Here ကိုသာနှိပ်လိုက်ရင် အပိုင်းငါးပိုင်းလုံးကို တစ်
ပိုင်းတည်း၊ တစ်ခုတည်းဖြစ်သွားပါလိမ့်မည်။ ဖိုင်ဖြတ်တာ၊ ဖိုင်ဆက်တာမသိရင် ဒီမှာဖတ်ပါ။


+/- အပြည့်အစုံသို့



အောက်ပါဒေါင်းလုဒ်ပေးထားသောလင့်များကို ဒေါင်းလုဒ်ပြီးလျှင်....

ဇစ်ဖိုင်ကိုဖြည့်လိုက်ပါ။ Serial Key တွေကိုယူထားပြီးရင် setup ဖိုင်ကိုနှိပ်။

Instruction ပြတဲ့အတိုင်းလိုက်လုပ်ပါ။ ပြီးတော့ ဒီဘောက်စ်ကိုရောက်ရင် User
Name, Serial Key တွေကို ဖြည့်ပါ။


ပြီးတော့ Destination Folder ကို C/Program File/adobe/Premiere
6.5/Plug ins ထိရောက်အောင်သွားပါ။ ပြီးရင် OK

ခဏကြာရင် အားလုံးပြီးသွားလိမ့်မယ်။

ဗွီဒီယိုတည်းဖြတ်တာနဲ့ပတ်သက်ပြီး ဒီလောက်ဆိုအတိုင်းတာတစ်ခုထိအကျိုးရှိလိမ့်မယ်ထင်
ပါတယ်။

ဒေါင်းလုဒ်လင့်များ....
part-01
part-02
part-03
part-04
part-05


အားလုံးအဆင်ပြေပါစေ...

စောလင်းနက်စ်

Video FX : Plug in with Adobe Premiere

ဒီ Video FX ဆော့ဝဲလ်ကတော့ ဗွီဒီယိုတည်းဖြတ်တဲ့နေရာမှာ ပိုပြီး effect တွေကောင်း
အောင် အသုံးပြုတဲ့ဆော့ဝဲလ်ဖြစ်ပါတယ်။ သူလဲ Adobe Premiere နဲ့ plug in ချိတ်
ဆက်ပြီးမှအသုံးပြုရတဲ့ဆော့ဝဲလ်လေးပါ။ MB ဆိုက်နည်းနည်းကြီးတော့ winRAR နဲ့ဖြတ်ပြီး
တင်ပေးလိုက်ပါတယ်။ လိုချင်ရင်အပိုင်းအားလုံးကိုဒေါင်းလိုက်ပါ။ ပြီးတော့ part-01 ကို
Right Click နှိပ်ပြီး Extract Here ကိုသာနှိပ်လိုက်ရင် အပိုင်းငါးပိုင်းလုံးကို တစ်
ပိုင်းတည်း၊ တစ်ခုတည်းဖြစ်သွားပါလိမ့်မည်။ ဖိုင်ဖြတ်တာ၊ ဖိုင်ဆက်တာမသိရင် ဒီမှာဖတ်ပါ။


+/- အပြည့်အစုံသို့



အောက်ပါဒေါင်းလုဒ်ပေးထားသောလင့်များကို ဒေါင်းလုဒ်ပြီးလျှင်....

ဇစ်ဖိုင်ကိုဖြည့်လိုက်ပါ။ Serial Key တွေကိုယူထားပြီးရင် setup ဖိုင်ကိုနှိပ်။

Instruction ပြတဲ့အတိုင်းလိုက်လုပ်ပါ။ ပြီးတော့ ဒီဘောက်စ်ကိုရောက်ရင် User
Name, Serial Key တွေကို ဖြည့်ပါ။


ပြီးတော့ Destination Folder ကို C/Program File/adobe/Premiere
6.5/Plug ins ထိရောက်အောင်သွားပါ။ ပြီးရင် OK

ခဏကြာရင် အားလုံးပြီးသွားလိမ့်မယ်။

ဗွီဒီယိုတည်းဖြတ်တာနဲ့ပတ်သက်ပြီး ဒီလောက်ဆိုအတိုင်းတာတစ်ခုထိအကျိုးရှိလိမ့်မယ်ထင်
ပါတယ်။

ဒေါင်းလုဒ်လင့်များ....
part-01
part-02
part-03
part-04
part-05


အားလုံးအဆင်ပြေပါစေ...

စောလင်းနက်စ်

1/19/11

Procoder 1: Plug in with Adobe Premiere

နောက်ထပ် video editing အတွက် အသုံးတည့်တဲ့ ဆော့ဝဲလ်တစ်ခုမိတ်ဆက်ပေးလိုက်
မယ်။ အဲဒါကတော့ Procoder 1 ပါပဲ။ Procoder ဆော့ဝဲလ်သည် Adobe Premiere
နဲ့ edit လုပ်ထားတဲ့ avi video ဖိုင်တွေကို edit ပြီးတဲ့အခါ CD ခွေထဲသို့မကူးခင်
Procoder နဲ့အရင် ဖမ်းယူထားရတယ်။ အဲဒါမှ quality အရည်အသွေးပိုကောင်းမှာဖြစ်
ပါတယ်။

ဒါကြောင့် ဒီ Procoder ကိုလဲ အင်စတောထည့်သွင်းတဲ့အခါ Adobe Premiere>
Plug in သို့ ရောက်အောင် မောင်းရပါတယ်။ ပြီးခဲ့တဲ့ Kodak ဆော့ဝဲလ်ကို Plug in
အင်စတောထည့်သွင်းနည်းလုပ်တတ်မယ်ဆိုရင် အခုဒီဆော့ဝဲလ်သည်လည်း အလွယ်တကူ
လုပ်တတ်မှာဖြစ်ပါတယ်။ ဒါကိုလဲ ကျနော်ပုံနဲ့တကွထပ်ပြီးပြအုန်းမှာပါ။ ဒီဆော့ဝဲလ်နှစ်ခုနဲ့
ဆို Plug in အင်စတောထည့်သွင်းတတ်ရင် ကျန်ဆော့ဝဲလ်များ Plug in ထိ အင်စ
တောထည့်ဖို့လိုအပ်မယ်ဆိုရင် လုပ်ဆောင်တတ်သွားမှာသေချာပါတယ်ဗျာ...

(Plug in မသွင်းလဲအသုံးပြုလို့ရပါသည်)

+/- အပြည့်အစုံသို့



အောက်ပါ Procoder ဆော့ဝဲလ်ကိုဒေါင်းလုဒ်လိုက်ပါ
Procoder 1

၁။ ရလာတဲ့ဇစ်ဖိုင်ကိုဖြည်ပါ။ ၎င်းဖိုလ်ဒါထဲတွင် Procoder 1 ကို ကလစ်နှစ်ချက်နှိပ်ပြီး
setup ကိုနှိပ်ပါ။

၂။ ဒီအဆင့်တွင် Next ကိုနှိပ်


၃။ Linece agreement အတွက် yes ကိုနှိပ်

၎။ ဒီဘောက်စ်မှာ Destination Folder အတွက် adobe premiere > Plug
in ထိရောက်အောင်သွားရမှာဖြစ်ပါတယ် ။ Browse ကိုနှိပ်


၅။ ဘောက်စ်တွင် program file > adobe ကို ကလစ်နှစ်ချက်နှိပ်


၆။ adobe premiere 6.5 ကိုကလစ်နှစ်ချက်နှိပ်


၇။ ဘောက်စ်တွင် plug ins ကို ကလစ်နှစ်ချက်နှိပ်


၈။ အောက်ကပုံအတိုင်း C/program file/adobe/premiere 6.5/plug in
ဆိုပြီး တွေ့နိုင်ပါတယ်။ ပြီးတော့ Next ကိုနှိပ်


ကျန်တာတွေကို ပြဆိုတဲ့အတိုင်းလိုက်လုပ်ပါ။ လွယ်ပါတယ်။ အင်စတောထည့်သွင်းတာ
ပြီးပါပြီ...

အားလုံးအဆင်ပြေပါစေ...

စောလင်းနက်စ်

Video Editing : Adobe Premiere 6.5


ကျနော် ဒီရက်ပိုင်းအချိန်ရတာနဲ့ လိုအပ်မယ့်ဆော့ဝဲလ်တွေ အသုံးတည့်ဆော့ဝဲလ်တွေကို
တင်ပေးလိုက်ပါတယ်။ ခုတလော Video Editing အတွက်ကျနော့်ကိုမေးမေးနေကြ
တယ်။ ကျနော်ကedit သမားမဟုတ်တော့ အတိအကျအဖြေမပေးနိုင်ဘူးလေ။ နည်း
ပညာနယ်ပယ်ကို ချဉ်းကပ်တဲ့နေရာမှာ target ပစ်မှတ်ဆိုတာရှိရစမြဲမဟုတ်လား။
ဟိုတွေ့ဟိုတတ်ခြင်၊ ဒီတွေ့ဒါတတ်ခြင်တယ်ဆိုရင် တစ်ခုမှမယ်မယ်ရရသိမှာမဟုတ်။
ဒါကြောင့် ကျနော်ကိုမေးလာတဲ့ အချို့သူငယ်ချင်းများဆို သူတို့လိုရာပန်းတိုင် သူတို့
လိုချင်တဲ့ပညာနယ်ပယ်ကိုအရင်ပြန်မေးရတယ်။

အဲဒါမှ သူတို့ကို လေ့လာပုံလေ့လာနည်း ချဉ်းကပ်ပုံချဉ်းကပ်နည်း ကျနော်သိသလောက်
တတ်သလောက်နဲ့ ပြန်ဝေငှပါတယ်။ ကျနော်အနေနဲ့ပွင့်ပွင့်လင်းလင်းပြောရရင် နည်းပညာ
တိုင်းဟာways and means သူဟာနဲ့သူ အားလုံးအတိမ်အနက်ရှိစမြဲပဲ။ ဘယ်ဟာမှလွယ်တယ်လို့မရှိ
ပါဘူး။ သို့သော် လေ့လာတဲ့ပုဂ္ဂိုလ်ရဲ့ လိုချင်မှု စူးဆိုက်မှု အလေးထားမှုပေါ်မှာ မှီတည်နေတယ်
လို့ကျနော်ထင်ပါတယ်။ ဟေ..နိဒါန်းပျိုးလိုက်တာနည်းနည်းများသွားတယ်...

+/- အပြည့်အစုံသို့


video editing ဆော့ဝဲလ်တွေက အများကြီးပါ။ Ulead, Premiere, Panicale
တို့ဟာ နာမည်ကြီး video editing ဆော့ဝဲလ်တွေဖြစ်ပါတယ်။ WinDVD Creator
အလားတူပါပဲ။ ဒီနေရာမှာ အများသုံးဖြစ်တဲ့ Adobe Premiere 6.5 ကိုတင်ပေးလိုက်ပါ
တယ်။ Serial ပါပြီးသား။ Keygen ပါ တင်ပေးလိုက်တယ်။ လိုလိုမယ်မယ်ပေါ့။
ဒေါင်းလုဒ်ချင်တယ်ဆိုရင် ကျနော် Mediafire ဆိုက်မှာတင်ထားပေးလိုက်တယ်။ Media
fire ဆိုက်ကိုကျေးဇူးတင်ရမှာဖြစ်ပါတယ်။ MB 190လောက်ရှိတဲ့ ဖိုင်တစ်ခုကို ဖရီး
hosting လက်ခံပေးလို့ပါပဲ။

Adobe Premiere 6.5 ဒေါင်းလုဒ်ရယူရန်
Adobe Premiere 6.5
အဲဒီဖိုလ်ဒါတွင် Serial ပါပြီးသား။

အကယ်၍ Keygen ပါထပ်လိုချင်သေးတယ်ဆိုရင် အောက်ပါလင့်အတိုင်းဒေါင်းလိုက်ပါ
Keygen

အင်စတောထည့်သွင်းပုံကတော့လွယ်ပါတယ်။ ၎င်းဖိုလ်ဒါတွင်ပါသော premiere ဆိုတာ
ကိုဖွင့်ပြီး Setup ကိုသာနှိပ် ပြီးတော့ ညွန်ကြားချက်အတိုင်း အဆင့်ဆင့်သွားလိုက်ပါ။

(သတိထားရမှာက ခရက်၊ ကီးဂျင်း၊ serial မှန်သမျှ အင်စတောမထည့်သွင်းခင် In-
ternet connection ပိတ်ထားဖို့လိုပါသည်။ သို့မဟုတ်ရင် ကိုယ့်ထိုက်နဲ့ကိုယ်ပေါ့)

Adobe Premiere နဲ့ချိတ်ဆက်ရမည့် အခြားဆော့ဝဲလ် ( Procoder, Video FX
ဆော့ဝဲလ်များကိုလဲ ဆက်လက်တင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျား။

Adobe Premiere Tutorial တည်းဖြတ်ပုံတည်းဖြတ်နည်းတွေကို အားတဲ့အခါ
တင်ပေးဖို့စိတ်ကူးထားပါတယ်။

အားလုံးအဆင်ပြေပါစေ...

စောလင်းနက်စ်

Kodak : how to plug in Photoshop

ကျနော်အခုရေးပြချင်တာ Kodak ဆိုတဲ့ဆော့ဝဲလ်အကြောင်းပါပဲ။ Kodak ဆော့ဝဲလ်ဟာ
Adobe Photoshop မှာ plug in လုပ်ပြီး အသုံးပြုရတဲ့ဆော့ဝဲလ်ပါ။ ဒီ Kodak
ဆော့ဝဲလ်နဲ့ Photoshop မှာ plug in လုပ်ပြီးလျှင် ကျနော်တို့ ပုံတွေ အထူးသဖြင့်
မျက်နှာတွေမှာ ပြုပြင်တဲ့အခါမျိုးအတော်သုံးတည့်ပါတယ်။
ကျနော် ဒီမှာအဓိကပြောချင်တာ Kodak ဆော့ဝဲလ်ကို photoshop နဲ့ plug in
ဘယ်လိုချိတ်ဆက်မလဲ (ဘယ်လိုအင်စတောထည့်သွင်းရမလဲ) plug in မလုပ်တတ်
သူများအတွက် ပုံနဲ့တကွတင်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီ Kodak ဆော့ဝဲလ်ရဲ့ plug in
လုပ်နည်းလေးသိသွားရင် ကျန်တဲ့ ဆော့ဝဲများ plug in ချိတ်ဆက်နည်းများအထောက်
အကူဖြစ်စေနိုင်မှာဖြစ်ပါတယ်။ ကဲ...စရအောင်..

Kodak ဆော့ဝဲလ်ကို လိုချင်ရင် ဒီမှာဒေါင်းလိုက်ပါ
Kodak

၁။ ဒေါင်းလုဒ်ရလာတဲ့ ဇစ်ဖိုင်ကို ဖြည်လိုက်ပါ။ ပြီးတော့ အ၀ါရောင်ဖိုလ်ဒါကိုဖွင့်လိုက်ရင်
ဖိုင် ၄-ခုတွေ့ရမှာပါ။ အဲဒီမှာ setup, gemairkg101 ၂ဖိုင်ကိုပဲအသုံးပြုရမှာဖြစ်ပါတယ်။
အင်စတော့ထည့်သွင်းမယ်ဆိုတော့...setup ကိုနှိပ်

၂။ နောက်ဘောက်စ်တစ်ခုကျလာမည် Next ကိုနှိပ်


+/- အပြည့်အစုံသို့


၃။ ဒီဘောက်စ်ကတော့ plug in ကိုချိတ်ဆက်ဖို့အတွက်အရေးကြီးတဲ့ Destination
Directory ကို မိမိလိုချင်တဲ့ photoshop > plug in ထိရောက်ရောက်အောင်သွင်း
ရမည်။ ဒါကြောင့် change ကိုနှိပ်ပါ။


၎။ အခုဘောက်စ်မှာ အောက်ကပုံအတိုင်း Scrolldown Menu ကိုနှိပ်ပြီး Program File
ကိုရွေးပြီး ကလစ်နှစ်ချက်ခေါက်ပါ။


၅။ ဒီဘောက်စ်မှာ adobe ကိုရွေးပြီး ကလစ်နှစ်ချက်ခေါက်


၆။ နောက် adobe photoshop CS2 ကိုရွေးပြီး ကလစ်နှစ်ချက်ဆက်ခေါက်
(မိမိသုံးတဲ့ဖိုတိုရှော့ဗားရှင်းအလိုက်ရွေးလိုက်ရုံပါပဲ)


၇။ Plug in ကိုရွေးပြီး ကလစ်နှစ်ချက်ဆက်ခေါက်ပါ


၈။ အောက်ကပုံအတိုင်း Destination Directory မှာ C/Program File/Adobe
Photoshop CS2/Plug in ဆိုပြီး တွေ့ရမှာဖြစ်ပါတယ်။ ပြီးတော့ Next ကိုနှိပ်

(ဒါပေသည် plug in ချိတ်ဆက်တဲ့သဘောက်လို့မှတ်ရမည်)

၉။ ပြီးတော့ Install ကိုနှိပ်


၁၀။ အင်စတော့ထည့်သွင်းတာပြီးသွားပြီဆိုရင် ကျနော်တို့ Kodak ဆော့ဝဲလ်ကို အစစ်ဖြစ်အောင်
Crack ချိုးရမှာဖြစ်ပါတယ်။
အစကဖိုလ်ဒါထဲတွင် gemairkg101 ဖိုင်ကို Double Click နှိပ်ပါ
အောက်ကပုံအတိုင်းပေါ်လာမည်....

ဘောက်စ်ထဲမှာ ... Name, Email အကွက်တွေမှာ မိမိနာမည်၊ အသုံးပြုတဲ့အီးမေးလ်
တွေဖြည့်လိုက်ပါ။ ပြီးတော့ push your luck ကိုနှိပ်။ Serial နံပါတ် ရလာမည်။
အဲဒါတွေအားလုံးကော်ပီယူထားလိုက်ပါ။

၁၁။ ပြီးတော့ Photoshop ကိုဖွင့်ပါ။ Photoshop ပွင့်လာရင် ပုံတစ်ခုခုဖွင့်ပါ ပြီးရင် Menu
တွင် Filter ကိုနှိပ်ပြီး အောက်ဆုံး plug in လုပ်ထားတဲ့ Kodak > Digital Gem
Airbrush Professional ကိုနှိပ်ပါ။ Kodak Editor ကျလာမည်။

အဲဒီမှာ Checkfor Register ကိုနှိပ်ပြီး ပေါ်လာတဲ့ဘောက်စ်တွင် အဆင့် (၁၀)မှာ
ကော်ပီကူးထားတဲ့Name, Email, Serial များအစဉ်အတိုင်းထည့်လိုက်ပါ။

ဒါဆို Kodak Software ကောင်းကောင်းအသုံးပြုလို့ရပါပြီ၊ နောက်ပြီး Plug in လုပ်ရမည့်
ဆော့ဝဲလ်မှန်သမျှ ဒီပို့စ်နဲ့အထောက်အကူရနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

အားလုံးအဆင်ပြေပါစေ...

စောလင်းနက်စ်

1/13/11

USB Stick တွင် File, Data တွေ ကူး၊ ရေးလို့မရအောင်လုပ်ထားချင်လား

မိမိ USB Stick တွင် File, Data တွေကို သူများ Copy, Deleteလုပ်လို့မရအောင်
ဒါမှမဟုတ် virus ရှိတဲ့စက်များရဲ့ Data စသည်ကို မိမိ USB Stick ထဲသို့ မရောက်ရ
လေအောင် Registry Editor နဲ့ ကာကွယ်ထားလို့ရပါတယ်။

လုပ်နည်းလေး...

Start Menu > Run Window + R ကိုနှိပ်ပြီး Registry Editor ဖွင့်ပါ

HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control ထိရောက်အောင်သွားပါ။

+/- အပြည့်အစုံသို့


Control ကို Double Click, အဲဒီမှာ StorageDevicePolicies ဆိုတာကိုလိုက်ရှာပါ။

(တွေ့လား၊ မတွေ့ဘူး)

မရှိသေးရင် control ကို right click လုပ်လိုက်ပြီး new key ကိုရွေးလိုက်ပါ။ နာမည်ကိုတော့ StorageDevicePolicies ပေးလိုက်ပါ။


StorageDevicePolicies ဆိုတာကို left-click တစ်ချက်လုပ်လိုက်ပါ။

ပြီးရင် ညာဖက် box ထဲမှာ right-click လုပ်လိုက်ပြီး new > Dword Value ဆိုတာကိုရွေးလိုက်ပါ။
နာမည်ကို WriteProtect လို့ပေးလိုက်ပါ။


WriteProtect ဆိုတဲ့ value ကို Double-Click နှိပ်၊ ပေါ်လာတဲ့ box မှာ 1 လိုက်ရိုက်လိုက်ပါ။


(WriteProtect ဖြစ်သွားပါမယ်။)

(ပြန်ဖျက်ချင်ရင် 0 ထားပါ။ ရေးလို့ပြန်ရပါမယ်)

OK နှိပ်ပါ။ Registry Editor ကိုပိတ်လိုက်ပါ။ စက်ကို restart ပြန်လုပ်ပါ။

Note-Value ကို 0 နှင့် 1 ပြောင်းတိုင်း စက်ကို restart လုပ်ပေးရန်လိုအပ်ပါသည်။

အဆင်ပြေပါစေ...

စောလင်းနက်စ်

Related Posts...! {ဆက်စပ်ပို့စ်များ}