Popular Posts

Blog Archive

Labels

How to make Karaoke Text

Karaoke စာတန်းထိုး ပြုလုပ်နည်း---ကို ပြုလုပ်တဲ့နေရာမှာ (၁) မိမိပြုလုပ်မည့်စာတန်းကို Photoshop နဲ့ပြု ခြင်း (၂) ၎င်းပြုလုပ်ထားသည့် psd ဖိုင်ကို adobe after effect ဆော့ဝဲမှာထည့်ပြီး Karaoke စာတန်းထိုး ပြု လုပ်ခြင်းဆိုပြီး အပိုင်းနှစ်ပိုင်းနဲ့ပြုလုပ်ရပါမယ်။

Wireless router တစ်ခုတည်ဆောက်မယ်

ကျွန်တော်တို့ တစ်တွေသည် စာတွေနှင့်ရှင်းပြသည်ထက် ပုံကလေးတွေနှင့်ရှင်းပြသည်ကို နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ဒါကြောင့် ကျွန်တော် သူငယ်ချင်းတို့ တစ်တွေနားလည်ရလွယ်ကူအောင် router/access point တစ်ခု တည်ဆောက်ပုံကို အတတ်နိုင်ဆုံးရှင်းလင်းလွယ်ကူမှုရှိအောင် ပုံကလေးတွေနှင့်ရှင်းလင်းပြပေးပါမယ်။ ဤလမ်းညွှန် ချက်ကလေးဟာ Linksys WRT54G ကို အခြေခံထားပါတယ်ခင်မျာ။

How to Reset / Remove / Bypass a BIOS or CMOS Password

BIOS or CMOS Password တွေကို Reset / Remove / Bypass လုပ်ရမည့်နည်းတွေရေးပြမလို့။ ကျနော်ဆိုက်မှာဒီအကြာင်းနဲ့ပတ်သက်ပြီးအရင်ကတင်ထားခဲ့ပါတယ်။ သိပ်မစုံတာနဲ့ အခုထပ်ပြီးရေးလိုက်တာပါ။ BIOS or CMOS Password ဆိုတာ ကွန်ပျူတာရဲ့ လုံခြုံရေးပိုင်း၊ system ပိုင်းကို ကာကွယ်တဲ့အနေနဲ့အသုံးပြု တဲ့ Tool တစ်ခုပါ။ တစ်နည်းအားဖြင့် BIOS Setting ဒါမှမဟုတ် Boot Setting ကို တစ်စုံတစယောက်က ၀င် ရောက်မပြင်နိုင်အောင် ကာကွယ်တဲ့အနေနဲ့ BIOS or CMOS Password ကိုအသုံးပြုကြပါတယ်။

Window Password များကို Trinity Rescue Kit or TRK နဲ့ ဖြုတ်မယ်

ပတ်စ်ဝါဒ်ဖြုတ်တဲ့နည်း တွေက အများကြီး တစ်ချို့ကအဆင်ပြေတာလဲရှိသလို မပြေတာလဲအများကြီးပဲ။ အင်တာ နက်ပေါ်မှာရှာလိုက်ရင် ပတ်စ်ဝါဒ်ဖြုတ်တဲ့ဆော့ဝဲလ်တွေအများကြီး ဒါပေမယ့် တော်တော် များက Free License မဟုတ်တော့ တကယ်သုံးကြည့်တဲ့အခါ အဆင်မပြေပါဘူး။ နောက်တော့ ကျနော် Linux Live CD ကို သုံးပြီး ၀င်းဒိုးပတ်စ်ဝါဒ်ကို ဖြုတ်တဲ့နည်းကို စမ်း သုံးကြည့်တယ်။ သူကျတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် သူကျတော့ လုပ်ရ ကိုင်ရတာနည်း နည်းတော့ ခက်တယ်။

Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်း

ကျနော် ဒီ Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်းကိုရေးရသည့်အကြောင်းကသူငယ်ချင်းတွေက မကြာခဏမေးလာတာတစ်ကြောင်း၊ နောက်ပြီးဗွီဒီယို Camera ၀ယ်ထားပြီး ကွန်ပျူတာစက်များပိုင် ဆိုင်ထားပါ လျှက်နဲ့ မိမိရိုက်ထားတဲ့ ဗွီဒီယိုဖိုင်မတည်းဖြတ်တတ်သူများအတွက် ရည်ရွယ်တာကတစ်ကြောင်း၊ ကွန်ပျူတာဝါ သနာပါသော ညီငယ်များတစ်ဖက်တစ်လမ်းအကျိုးရှိစေရန်ရည်ရွယ်တာကတစ်ကြောင်းအကြောင်းပေါင်းများစွာနဲ့ ကျနော်အချိန်အနည်းငယ်ပေးပြီး ကြိုးစားရေးပေးလိုက်တာဖြစ်ပါတယ်။ တကယ်တော့ ကျနော်ဟာ Edit သမား တစ်ယောက်မဟုတ်ပါ။

3/31/10

any Windows Vista install from Flash Drive

windows 7 ကို USB ကနေ ၀င်းဒိုးတင်နိုင်အောင် ပြောခဲ့ပြီးပါပြီ။ လက်ရှိအသုံးများတဲ့ ၀င်းဒိုးသုံးခုမှာ USB က ၀င်းဒိုးတင်နိုင်ဖို့ အလွယ်ကူဆုံးက windows 7 ဖြစ်ပါတယ်။ application သီးသန့် ရှိပြီးသားဖြစ်လို့ CD burn သလိုပဲ၊ အဲဒီဆော့ဝဲလ် ကို သုံးပြီးတော့ USB drive မှာ burn လိုက်တာပဲ ဖြစ်ပါတယ်။ Vista မှာ ကျတော့ ဒါမျိုးမရတော့ဘူး။ 7 ထက်စာရင်တော့ နည်းနည်းခက်သွားတယ်။ ဒါပေမယ့် ပိုစိတ်ဝင်စားဖို့ ကောင်းတာက ဘာဆော့ဝဲလ်မှ သုံးစရာမလိုပဲ cmd command များကိုသာ အသုံးပြုပြီး bootable USB ဖြစ်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ မခက်ခဲပါဘူး။ အရမ်းကို ရိုးရှင်းပါတယ်။ windows 7 လို ready made မဟုတ်တဲ့အတွက်သာ သူ့ထက် ခက်ခဲတယ်လို့ သတ်မှတ်ပြီး၊ windows 7 အတွက် ရေးပြီးနောက်မှ Vista အတွက် ဆက်ရေးတာဖြစ်ပါတယ်။ ကျနော်ကတော့ အခုနည်းကို ပိုကျေနပ်ပါတယ်။ ကိုယ်တိုင်လုပ်ဆောင်ရတာဖြစ်သလို ဘာ application မှလည်း ထပ်မလိုဘူး။ အချိန်တိုင်းအတွက် အဆင်ပြေပါတယ်။

windows ကို USB ကနေ တင်ဖို့ ကြိုးစားရတာက Netbook တွေပေါ်တာတဲ့ အတွက်ကြောင့်သာ ဖြစ်ပါတယ်။ (အလွယ်မှတ်ချင်ရင် CD/DVD စတဲ့ Optical drive မပါတာကို Netbook လို့ ခေါ်ပြီး၊ ပါတာကို Notebook လို့ ခေါ်ပါတယ်။ အခြားကွဲလွဲချက်တွေလည်း အများကြီးပေါ့။ အလွယ်တကူ ခွဲခြား မှတ်သားနိုင်အောင် ပြောပြတာပါ)။ အခု Vista ကို USB နဲ့ တင်လို့ရတဲ့ windows တစ်ခုရဖို့အတွက် DVD drive အသုံးပြုနိုင်တဲ့ ကွန်ပျူတာ တစ်လုံးလိုပါတယ်။ အဲဒီကွန်ပျူတာမှာ မိမိတင်ချင်တဲ့ windows Vista DVD ကို USB ထဲ bootable ဖြစ်အောင် ထည့်သွင်းပြီးမှ မိမိဝင်းဒိုးတင်ချင်တဲ့ စက်ဆီကို သွားရောက် အသုံးပြုတာဖြစ်ပါတယ်။ ပြီးအောင် ဖတ်ကြည့်လိုက်ပါ။ နားလည်သွားမှာပါ။ (cmd command တွေအကြောင်း ဘာမှမသိသေးသူများပါ နားလည်အောင် command တွေကို တစ်ဆင့်ချင်း ရိုက်ပြသွားပါ့မယ်။ မိမိရိုက်ပေးရမယ့် စာသားများကို အနီနဲ့ မျဉ်းသားပေးထားပြီး၊ ပေါ်လာတာတွေထဲက သတိပြုကြည့်ရှူရန် လိုတာများကို အ၀ါနဲ့ ၀ိုင်းပြထားပါတယ်။ တစ်ခုခု ရေးပြီးတိုင်းလည်း cmd မှ respond ပြန်လာပါတယ်။ အဲလိုပြန်လာတဲ့အထိစောင့်ပေးရမှာဖြစ်ပါတယ်)။

Run မှာ cmd လို့ ရိုက်ထည့်ပြီး Enter ခေါက်ပါ။ ပေါ်လာတဲ့ cmd box မှာ

diskpart လို့ ရိုက်ပြီး Enter ခေါက်ပါ။ အောက်မှာ ၀ိုင်းပြထားတဲ့အတိုင်း Diskpart>> ဆိုပြီး ပြန်ပေါ်လာတဲ့အထိ စောင့်ပေးပါ။

list disk လို့ရိုက်ပါ။ (ဒီစာရေးပြီးတာနဲ့ enter ခေါက်ရမယ်ဆိုတာ အလိုလိုသိပြီးဖြစ်မှာပါ)။ ရေးပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း list ပေါ်လာတာကို စောင့်ပေးပါ။

select disk 2 ဆိုပြီး ရိုက်လိုက်ပါတယ်။ 2 ဆိုတဲ့ ဂဏန်းက အပြောင်းအလဲ ရှိမှာပါ။ မိမိသုံးမယ့် flash drive က အခု disk နံပါတ် ဘယ်လောက်ဖြစ်နေလဲ ဆိုတာကို size ကိုကြည့်ပြီး သိနိုင်ပါတယ်။ ပုံမှာ ၀ိုင်းပြထားပါတယ်။ မိမိသုံးမယ့် flash drive က disk 1 ဖြစ်နေခဲ့ရင် select disk 1 လို့ ရေးပေးရမှာဖြစ်ပါတယ်။ မိမိသုံးမယ့် drive ကို select လုပ်ပေးတာပဲဖြစ်ပါတယ်။

clean လို့ ရိုက်လိုက်ပါ။ drive မှာ ရှိနေသမျှ data တွေကို ဖြတ်ပစ်ဖို့ ဖြစ်ပါတယ်။

create partition primary လို့ ရိုက်လိုက်ပါ။ drive ကို primary partition ဖြစ်အောင် ခွဲပေးဖို့ ဖြစ်ပါတယ်။

select partition 1 လို့ရိုက်ပါ။ ဒီမှာတော့ 1 က အပြောင်းအလဲ မရှိပါဘူး။ အပေါ်အဆင့်မှာ partition ကို တစ်ခုတည်းသာ ဖန်တီးလိုက်တာဖြစ်ပြီး၊ အဲဒီ partition ကိုပဲ select လုပ်ပေးပါတယ်။

active လို့ရိုက်ပါ။ (ကျနော်ပုံတွေမှာ ပြထားတဲ့အတိုင်း စာတွေ reply ပြန်ပြန်လာပါလိမ့်မယ်။ အခုပြထားတဲ့အတိုင်း တစ်ပုံစံတည်းတူနေမှာပါ)။

format fs=fat32 quick လို့ရိုက်ပါ။ ခုနက ရွေးချယ်ပြီး active ပေးလိုက်တဲ့ partition ကို fat32 type နဲ့ format အမြန်ချမှာဖြစ်ပါတယ်။ ၀ိုင်းပြထားတဲ့အတိုင်း 100 % complete ဖြစ်အောင် စောင့်ပေးပါ။ (quick ဆိုတာ ထည့်မရိုက်ရင်တော့ အကြာကြီးစောင့်ရလိမ့်မယ်)

assign လို့ရိုက်ပါ။ ရိုက်ပြီးတာနဲ့ USB drive ရဲ့ autorun တက်လာပါလိမ့်မယ်။ ပိတ်သာ ပိတ်ပေးလိုက်ပါ။ (ဖွင့်ကြည့်လည်းရပါတယ်။ format ချထားတာဖြစ်လို့ ဘာမှမရှိပါဘူး။ ဖွင့်ပြီး ထည့်ပေးစရာဘာမှ မလိုတဲ့အတွက် ပိတ်လိုက်ဖို့ပြောတာပါ)။

exit လို့ ရေးလိုက်ပါ။ Diskpart>> ဆိုတဲ့အထဲက လွတ်သွားပြီဖြစ်ပါတယ်။ အခု USB ကို ၀င်းဒိုး bootable လုပ်ပေးနိုင်တဲ့ primary partition ဖြစ်အောင် ပြုလုပ်ပြီးသွားပါပြီ။ နောက်တစ်ဆင့်အနေနဲ့ windows ခွေကို USB ထဲ ကူးထည့်ပါမယ်။ (iso ကို winrar နဲ့ ဖြည်ပြီး ဖိုင်အားလုံးကို ကူးထည့်ပေးလိုက်ရင်လည်း boot တက်ပါတယ်။ ဒါပေမယ့် ၀င်းဒိုးတင်တဲ့အခါ ဒုတိယအဆင့်ဖြစ်တဲ့ files extraction လုပ်တဲ့အခါမှာ error တက်တာမျိုး ကြုံရတတ်ပါတယ်)။ အဲဒါကြောင့် cmd ကနေ command ပေးပြီး copy လုပ်တဲ့နည်းကိုပဲ သုံးပါတယ်။ မိမိသုံးချင်တဲ့ windows Vista DVD ကို drive ထဲထည့်ပါ။ DVD drive ရဲ့ letter ကိုကြည့်ပါ။ (drive letter ဆိုတာက ၀င်းဒိုးတင်ထားတဲ့အပိုင်းဆိုရင် C:\ ။ အခြားအပိုင်းတွေဆို D, E စသဖြင့်ပေါ့။ မိမိ ခွေထည့်လိုက်တဲ့ Drive letter က ဘာလဲကြည့်ပါ)။ ၀င်းဒိုးထည့်မယ့် USB flash drive ကိုလည်း ဘာ letter လဲကြည့်ပါ။ ကျနော့်စက်မှာတော့ DVD drive က G ဖြစ်ပြီး၊ သုံးမယ့် flash drive က J ဖြစ်ပါတယ်။

လို့ရိုက်လိုက်ပါတယ်။ xcopy ဆိုတာကို ရေးပြီး copy လုပ်ဖို့ ပြောလိုက်ပါတယ်။ space တစ်ချက် ခြားပါတယ်။ G ဆိုတာက DVD drive ရဲ့ letter ဖြစ်ပါတယ်။ မိမိ Drive letter အတိုင်း ပြောင်းရိုက်ပေးပါ။ drive တစ်ခုရဲ့ location ကို ညွှန်းတာဖြစ်လို့ လို့ရေးပါတယ်။ *.* ဆိုပြီး စတားရယ်၊ fullstop ရယ်၊ စတားရယ်ကို ဆက်ရေးပါတယ်။ space တစ်ချက်ခြားပြီး /s/e/f လို့ရေးပါတယ်။ space တစ်ချက် ထပ်ခြားပြီး flash drive ရဲ့ letter ကို ရေးပါတယ်။ ကျနော့်မှာက J ဖြစ်လို့ လို့ ရေးလိုက်တာပါ။

ပုံမှာ မြင်ရတဲ့အတိုင်း file တွေကို copy လုပ်နေတာကို တွေ့ရပါလိမ့်မယ်။ စောင့်ပေးပါ။

အခုပြထားတဲ့အတိုင်း ဖိုင်အရေအတွက် ပြလို့ copied ဆိုပြီး ပြောခဲ့ရင်တော့ copy ကူးလို့ ပြီးပြီ ဖြစ်ပါတယ်။ exit လို့ ထပ်ရိုက်ပြီး cmd ကို ပိတ်လိုက်နိုင်ပါတယ်။

(copy ကူးတဲ့ command ကို မရှင်းမှာ စိုးတဲ့အတွက် ထပ်ရှင်းပြပါ့မယ်။ အောက်က ပုံမှာ ပြထားတဲ့အတိုင်း မိမိရဲ့ DVD drive က R ဖြစ်ပြီး၊ flash drive က G ဖြစ်ခဲ့တယ် ဆိုပါစို့။

လို့ ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်)။

ဒါဆိုရင်တော့ USB drive မှာ windows burn တာ ပြီးသွားပြီ ဖြစ်ပါတယ်။ DVD drive ရှိတဲ့ စက်မှာပဲဖြစ်ဖြစ်၊ မရှိတဲ့ စက်မှာပဲဖြစ်ဖြစ် ဒီ flash drive ကို သုံးပြီး windows Vista ကို install လုပ်နိုင်ပြီဖြစ်ပါတယ်။ လုပ်နည်းကတော့ အခုလိုလုပ်ပြီးတဲ့ flash drive ကို တင်ချင်တဲ့ ကွန်ပြူတာမှာထိုး၊ စက်ဖွင့်ပြီး boot menu ကို ခေါ်ပါ။ (boot menu ခေါ်ဖို့ shortcut key မပါတဲ့ (သို့) မသိတဲ့ စက်တွေက BIOS ထဲမှာ USB drive ကို first boot ဖြစ်အောင်ပြောင်းပေးပါ)။ ပြီးရင် boot ကို USB drive ကနေ ယူပေးလိုက်။ loading စလုပ်ပြီး windows installing အတွက် ပြင်ဆင်ပေးပါလိမ့်မယ်။ ကျန်တာအားလုံးကတော့ DVD က တင်တာနဲ့ တူတူပဲပေါ့။ သုံးတဲ့ stick ကသာ speed ကောင်းခဲ့ရင် ခွေနဲ့ တင်ထာထက်ကို မြန်ပါတယ်။ ကျနော့်ကို အဆင့်ကျော်ပြီး ရေးတယ်လို့ ပြောတဲ့လူများတဲ့အတွက် အတတ်နိုင်ဆုံး step by step ရေးပေးထားပါတယ်။ ဒီလောက်ဆိုရင် နားလည်မယ်လို့ ထင်ပါတယ်။ ၀င်းဒိုးတင်တတ်သူတွေ အနေနဲ့တော့ ဒီလောက်ဆိုရင် အဆင်ပြေသွားပါပြီ။ လုံးဝ ၀င်းဒိုးမတင်တတ်သေးဘူး ဆိုရင်တော့ ကျနော့် PC တပ်ဆင်ခြင်း ဆောင်းပါးရဲ့ နောက်ဆက်တွဲဖြစ်တဲ့ PC စတင် အသုံးပြုနိုင်ရန် ဆိုတာကို မျှော်ပေးကြပါ။ ဒီခေတ် ဒီအခါ နဲ့ ၀င်းဒိုးတင်တာကို ရေးဖို့ အားမရှိပေမယ့်၊ PC တစ်ခု ပိုင်ဆိုင်နိုင်ဖို့အတွက် ရေးသားခဲ့တာမှာ ၀င်းဒိုးတင်တာကလည်း ဒီလမ်းကြောင်းပေါ် ရောက်နေတော့ အဲဒီမှာပဲ အဆင်ပြေအောင် ထည့်ရေးပေးပါ့မယ်။ ထုံးစံအတိုင်း မသိသေးတဲ့သူတွေ အတွက် အဆင်ပြေနားလည်နိုင်ဖို့အပြင်၊ သိပြီးသားသူတွေအတွက်လည်း အကျိုးအမြတ်ကျန်နိုင်တဲ့ ဆောင်းပါးတစ်ခုဖြစ်အောင် ကြိုးစားရေးသားပေးပါ့မယ်။ … မကြာမှီ … မျှော် ….း)

ကျေနပ်မယ်လို့ ထင်ပါတယ်။ အဆင်ပြေပါစေဗျာ … (wp က မျဉ်းစောင်းတစ်ဖက် မပေါ်ဘူးဖြစ်နေတယ်။ အဲဒါနဲ့ အောက်ပိုင်းက ရေးရမယ့် စာတွေကို ပုံနဲ့ ပြောင်းပြလိုက်ရတယ်။ pdf မှာတော့ အပေါ်က command တွေအတိုင်း ရှင်းလင်းအောင် ရေးထားပါတယ်)။

Ref: http://thanlonnge.net/2010/03/06/any-windows-vista-install-from-usb-flash-drive/

3/30/10

Windows and Zawgyi

Ref: http://thanlonnge.info/

ဝင်းဒိုးမှာ ဇော်ဂျီဖောင့် ကို install လုပ်တာက စပြောပေးပါ့မယ်။ XP မှာ ဆိုရင်တော့ အောက်ကပေးထားတဲ့ installer ကို Download လုပ်ပြီး run ပေးလိုက်ပါ။ Blogger day အတွက် ဆိုပြီး အမှတ်တရ ထုတ်ထားတဲ့ font and keyboard installer ဖြစ်ပါတယ်။ font ရော keyboard ရော install လုပ်ပေးမှာ ဖြစ်ပြီး၊ IE တွင် ဇော်ဂျီဖောင့် ပေါ်ရန် ပြောင်းလဲပေးခြင်း၊ အခြား installer များကဲ့သို့ password ရိုက်ပေးရမှု မရှိခြင်း၊ အခြားသော ၀င်းဒိုးမှာ ဖောင့်အတွက် ပြောင်းပေးရတဲ့ clear type ပြောင်းတာတွေ ဇော်ဂျီရွေးပေးရတာတွေကို ဒီ installer ကို run ပြီး restart လုပ်ပေးလိုက်ရုံနဲ့ အလိုလိုလုပ်ပေးပါတယ်။ အောက်မှာ ထူးခြားချက် အားလုံးကို ရေးထားပါတယ်။ ဖတ်ကြည့်ပါဦး။ ပုံအောက်က လင့်မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။

Zawgyi keyboard and font installer Download (IEZawgyiGtalkfont.exe)

အားနည်းချက်ကတော့ Vista နဲ့ Windows 7 အချို့စက်များတွင် installing မပြီးဆုံးသော ပြဿနာများကို ကြုံရပါတယ်။ ပြီးတော့ 64-bit အတွက် support မရှိပါဘူး။ အဲဒါကို ဖြေရှင်းဖို့ အရင်ဆုံး manually install အနေနဲ့ ပြောပြပါ့မယ်။ Zawgyi font Installer များ run သော်လည်း စာရိုက်လို့ မရဘူး၊ သူများရေးတာပဲ မြင်ရတယ်ဆိုသူများအတွက်ပါ။ သူများရေးတာ မြင်ရတာက မိမိမှာ ဇော်ဂျီဖောင့် ရှိနေလို့ပါ။ ကိုယ်ပြန်ရေးမရတာက မိမိ zawgyi keyboard က အဆင်မပြေဖြစ်နေလို့ပါ။ ဘာသာစကား အမျိုးမျိုးကို ရိုက်နိုင်ရန်အတွက် keyboard တွေကို add ထားလို့ ရပါတယ်။
run မှာ intal.cpl လို့ ရိုက်၍သော်လည်းကောင်း၊ သို့မဟုတ် control panel မှ Region and Language ကို နှိပ်၍သော်လည်းကောင်း သွားပါ။ ပေါ်လာတဲ့ Region and Language box မှာ အလယ် tab ဖြစ်တဲ့ keyboards and languages ကို နှိပ်ပြီး၊ change keyboards ကို နှိပ်ပါ။

မလိုအပ်တာများရှိနေခဲ့ရင် click နဲ့ ရွေးပြီး remove လုပ်နိုင်သလို မိမိလိုချင်တဲ့ keyboard ကိုလည်း add လုပ်နိုင်ပါတယ်။ တကယ်လို့ အောက်မှာ ပြထားတဲ့အတိုင်း zawgyi keyboards ကို run ပေးထားရဲ့ သားနဲ့ ရှိမနေခဲ့ဘူးဆိုပါစို့။ ကိုယ့်ဘာသာ ရှာပြီး add ပေးကြည့်ရအောင်။

ပြထားတဲ့အတိုင်း add ကို နှိပ်ပါ။ မြန်မာဘာသာ ဆိုပြီး ၀င်းဒိုးမှာ ထည့်ပေးထားခြင်း မရှိသေးတဲ့အတွက် မြန်မာဇော်ဂျီ ကီးဘုတ်များကို English (United State) အောက်မှာ ထည့်ထားပါတယ်။ ရှာပြီး check ပေးပါ။ ပြီးရင် OK ကိုနှိပ်လိုက်ပါ။

ခုနက add နှိပ်ခဲ့တဲ့ နေရာမှာ ဇော်ဂျီကီးဘုတ် လာဝင်နေပါပြီ။ (အခြားကီးဘုတ်တစ်ခု ထည့်ချင်တယ်ဆိုလည်း ဒီအတိုင်းပါပဲ။ ဘယ်ဘာသာစကားလဲဆိုတာကိုရှာ keyboard ဆိုတာကို check ပေးပြီး apply လိုက်ရုံပါပဲ)။ အဲဒီထည့်လိုက်တဲ့ ကီးဘုတ် အမျိုးမျိုးကို shortcut key တွေသုံးပြီး ပြောင်းရေးနိုင်အောင်အတွက် သတ်မှတ်ပေးလို့ရပါတယ်။ XP မှာတုန်းကတော့ အဲဒီ add နှိပ်ပေးရတဲ့ box ရဲ့ အောက်မှာပဲ key setting ဆိုပြီး ပါတာပါ။ Vista နဲ့ 7 အတွက်တော့ လက်ရှိပွင့်နေတဲ့ box ရဲ့ နောက်ဆုံး tab ဖြစ်တဲ့ Advanced key settings ဆိုတာကိုနှိပ်ပြီး key setting တွေ ပြောင်းပေးလို့ရပါတယ်။

နောက်တစ်ခုက အခုလို ဇော်ဂျီကီးဘုတ် add ပေးထားတာတောင် မိမိ taskbar မှာ keyboard icon ပေါ်မနေဘူးဆိုရင်လည်း စာရိုက်မရတာ ဖြစ်တတ်ပါတယ်။ ခုနက ဖွင့်ထားတဲ့ ဒုတိယ tab မှာ language အတွက် setting တွေ ရှိပါတယ်။ ဖတ်ကြည့်လိုက်ရင် နားလည်မှာပါ။ မိမိရဲ့ keyboard icon ကို ဘယ်မှာ ဘယ်လို ပေါ်ချင်လဲ ရွေးပေးနိုင်ပါတယ်။ တစ်နေရာရာမှာတော့ language bar ရှိမှ ကီးဘုတ်တွေပြောင်းပြီး ဘာသာအမျိုးမျိုးကိုရိုက်နိုင်မှာပါ။

အပေါ်ကအတိုင်း လုပ်ပေးလိုက်ရင်တော့ ဇော်ဂျီဖောင့်ကီးဘုတ်အတွက် အဆင်ပြေပြီး စာရိုက်နိုင်ပါပြီ။ ဒါပေမယ့် မိမိအသုံးပြုခဲ့တဲ့ installer နဲ့ ၀င်းဒိုး အဆင်မပြေတာရှိခဲ့ရင်တော့ ဇော်ဂျီကီးဘုတ်ကို add တဲ့အချိန်မှာ error ပြပါတယ်။ အဲဒါမျိုးဆိုရင်တော့ ဒီဝင်းဒိုးမှာ မိမိသုံးထားတဲ့ ကီးဘုတ်က ဘယ်လိုမှ အသုံးပြုလို့မရတာပါ။ (အပေါ်က manually install လုပ်ဖို့ ပြောခဲ့တာပါ။ အဆင်သင့်သုံးချင်သူများအတွက် အောက်က နည်းအတိုင်းသုံးနိုင်ပါတယ်)။ အခြို့က zawgyi အတွက်ဆိုရင် အနည်းဆုံးနှစ်မျိုးကလေ လေးမျိုးလောက်ထိ run ပေးတတ်ကြတယ်ဗျ။ အဲဒီမှာ ရှုပ်ကုန်ပြီး ပြဿနာတွေလည်း တတ်တတ်ပါတယ်။ နောက်ပြီး လက်ရှိ http://www.mandalayalpha.com/ မှာ ကီးဘုတ်အမျိုးအစား အမျိုးမျိုးနဲ့ removal တွေပါ free download ပေးပါတယ်။ ကျနော်မကြိုက်ပါဘူး။ ဘာလို့လဲတော့ မမေးနဲ့။ အပေါ်က ကျနော်ပေးခဲ့တဲ့ installer တစ်ခုထဲကိုပဲ သုံးကြည့်ပါ။ installing complete ဖြစ်တယ်ဆိုရင် သူတောင်းတဲ့အတိုင်း restart ပေးလိုက်ပါ။ နေရာတိုင်းအတွက် လုံးဝ အဆင်ပြေပါတယ်။ အကယ်၍ အခြို့ ၀င်းဒိုးမှာ installing မပြီးခဲ့ရင် အောက်က keyboard installer ကို run ပေးပါ။ (Vista နဲ့ Windows 7 မှာ ဖြစ်တတ်ပါတယ်။ 64-bit windows ဆိုရင်လည်း အခုပေးတဲ့ ကီးဘုတ်ပဲ အဆင်ပြေမှာပါ)

Zawgyi keyboard installer Download (x86 and x64-bit windows)

ကျနော်ပေးထားတာကို ဇစ်ဖြည်လိုက်ရင် Zawgyil ဆိုပြီး ဖိုဒါတွေ့လိမ့်မယ်။ အဲဒီထဲမှာ setup ဆိုတဲ့ ကမ္ဘာလုံးပုံလေးကို run ပေးပါ။ ၅ စက္ကန့် ခန့်အတွင်း complete လို့ ပြပါလိမ့်မယ်။ (loading တွေ installing တွေ ဘာမှ မပြပါဘူး)။ Finish ဆိုတာကို နှိပ်ပေးလိုက်တာနဲ့ taskbar မှာ ဇော်ဂျီကီးဘုတ် ပေါ်လာမှာ ဖြစ်ပါတယ်။ (ဒီ installer နဲ့ အလွဲအချော်ဖြစ်တာ၊ အဆင်မပြေတာ တခါမှ မတွေ့ဘူးသေးပါဘူး။ ၀င်းဒိုးအားလုံးအတွက် အဆင်ပြေပါတယ်)။ ဒီ installer က ကီးဘုတ် တစ်ခုထဲကိုသာ ထည့်သွင်းပေးတာဖြစ်လို့ ဖောင့်မပါသေးပါဘူး။ (အပေါ်က ပေးခဲ့တဲ့ installer သို့မဟုတ် အခြား Installer တွေ run ပြီးလို့ အဆင်မပြေမှ ဒါကို run တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒါတစ်ခုထဲ run ထားတာ ဆိုရင်တော့ ဖောင့်ကို မိမိဘာသာ ထည့်ပေးရမှာဖြစ်ပါတယ်။

XP မှာ ဖောင့်တစ်ခုကို ထည့်သွင်းဖို့က ဖောင့်ကို copy ယူလာပြီး Control panel – Font ထဲမှာ paste ချပေးပါ။ ပြီးရင် ထည့်ပေးလိုက်တဲ့ ဖောင့်ကို double click နှိပ် (သို့) restart ချပေးမှ ဖောင့် active ဖြစ်ပါတယ်။ ဖောင့်အများကြီးကို install လုပ်ချင်တာ ဆိုရင်တော့ Control panel – Font ရဲ့ နေရာလွတ်တစ်ခုမှာ right-click လုပ်ပြီး install font ကို နှိပ်ပါ။ ပြီးရင် မိမိဖောင့်ထည့်ထားတဲ့နေရာကေို ရွေးပေးပြီး၊ select လုပ်ကာ install လို့ ပေးလိုက်လို့ရပါတယ်။

Vista နဲ့ windows 7 အတွက်တော့ အရမ်းလွယ်သွားပါပြီ။ Install လုပ်ချင်တဲ့ ဖောင့်ပေါ် right-click ထောက်ပြီး install ဆိုတာကို နှိပ်ပေးရုံပဲ။ အများကြီး install လုပ်ချင်ရင် အားလုံးကို select လုပ်ပြီး right-click ထောက် install နှိပ်ပါ။

Zawgyi font ဆိုလို့ သက်တမ်းတစ်လျှောက်မှာ ထူးခြားတဲ့ ဖောင့်တမျိုးရှိပါတယ်။ စာလုံးမှားရေးတတ်သူတွေအတွက် အတော်လေး အထောက်ကူရပါတယ်။ ဥပမာ – သုညနဲ့ ၀လုံးလိုမျိုးပေါ့။ အခြားဖောင့်တွေ အားလုံးက အတူတူပါပဲ။ အဲဒီအတွက် အလွယ်ပဲ ၀လုံးနေရာ သုညကိုပဲ ရေးလိုက်ပါတယ်။ ဒီဖောင့်မှာကျတော့ သုည အပေါက်လေး နှစ်ပေါက် လုပ်ပေးလိုက်တဲ့အတွက် ၀လုံးနဲ့ သိသိသာသာကြီး ကွာခြားသွားပါတယ်။ နောက်ပြီး “နု” ဆိုပြီးရေးမယ်ဆိုပါစို့ မိမိက န ကို အခုအတိုင်း ခြေထောက်ပါတဲ့ အရှည်ရေးမိလိုက်ရင်လည်း -ု ထည့်တဲ့ အချိန်မှာ သူ့ဘာသာ ခြေထောက်မပါတဲ့ နငယ် ဖြစ်အောင် ပြောင်းလဲပြီး နု အဖြစ်ရေးပေးသွားပါတယ်။ အထူးသဖြင့် ယရစ်တွေပေါ့။ မြန်မာစာလုံးမှာ ယရစ်တွေ အမျိုးမျိုးရှိပါတယ်။ လုံးကြီးတင်ပါ ၊ မပါ ၊ ယရစ်ကြီး၊ သေး တွေ ရှိပါတယ်။ြ-ြ-ြ-ြ- စသဖြင့်တွေ့ပါလိမ့်မယ်။ လုံးကြီးတင်ပါရဲ့သားနဲ့ အပြည့်ယရစ်နဲ့ရေးမိရင် မလှသလို၊ လုံးကြီးတင်မပါပဲနဲ့ အပွင့်နဲ့ဆိုလည်း မလှပါဘူး။ အဲလို မျိုးအတွက် ဒီဖောင့်က မိမိကြိုက်တာရေးလိုက် သူ့ဘာသာ ပြောင်းလဲသွားပေးပါတယ်။ ဒါတွေရဲ့ creator က မာ့ခ် လို့ သိရပါတယ်။ ကျနော်ပြောတာထက် အများကြီးပိုပြီး update လုပ်ထားပြီးပါပြီ။ ဒီနေရာမှာ ဖောင့်တွေအတွက် သူပြောထားတာ အများကြီးရှိပါတယ်။ လေ့လာကြည့်ပါဦး။
Zawgyi font 2009 Download

ဇော်ဂျီဖောင့်နဲ့ ကီးဘုတ်တွေအတွက် အဆင်မပြေဖြစ်နေသေးသူများအတွက် ဒီပို့စ်ကို ရေးသားပါတယ်။ အစကတော့ all about of Zawgyi ဆိုပြီး ဇော်ဂျီနဲ့ other application အားလုံးအတွက်ရေးဖို့ ရည်ရွယ်တာပါ။ ပို့စ်အရမ်းရှည်သွားမှာစိုးလို့ ၀င်းဒိုးဆိုင်ရာကို တစ်ပိုင်း ပိုင်းလိုက်ပါတယ်။ ebook ထုတ်မှပဲ အားလုံးကို တစုတစည်းတည်း ပေါင်းပြီး ထည့်ပေးပါ့မယ်။ အဆင်ပြေပါစေ …. all about of zawgyi ကို နောက်ဆက်တွဲ အနေနဲ့ ရေးပါ့မယ်။ … ဟေးဟေး … ဒီလိုပြောပေါင်းများပြီ။ ဒီနေ့ကို ရေးပါ့မယ်။

3/25/10

ဝက်ဆိုက်ကို CMD ဖြင့်ကျော်ကြည့်နည်း

သူငယ်ချင်းတစ်ယောက်က ၀က်ဆိုက်ကို CMD ကနေဘယ်လိုကျော်ကြည့်မလဲလို့မေးလာတဲ့အတွက် ဒီ CMD အသုံးပြုပုံကိုတင်ပေးလိုက်ပါတယ်။ အခုလိုမေးခွန်းကိုကြားရတာဝမ်းလည်းဝမ်သာပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်တတ်တဲ့ပညာကို သူများနဲ့မျှဝေပေးတာဟာ ဓါးဟောင်းတစ်လက်ကိုထပ်ခါထပ်ခါ သွေးပေးသလိုပဲ မဟုတ်ပါလားခင်ဗျာ။

ပထမဆုံး Start Menu ထဲက Run ကိုသွားပါ။ ပြီးရင် cmd ရိုက်ထည့်ပြီးတော့ Ok သို့မဟုတ် Enter ခေါက်ပါ။ Menu တစ်ခုထွက်ကျလာပါလိမ့်မယ်။

အဲ့ဒီထွက်ကျလာတဲ့ Menu ထဲကိုဒီစာသား tracert နဲ့ ကိုယ်ကျော်မယ့်ဝက်ဆိုက် adress ကိုရိုက်ထည့်လိုက်ပါ။ ပြီးရင် Enter ခေါက်ပါ။ ဥပမာ tracert www.yahoo.com
အဲ့ဒါဆိုရင် ကိုယ်ဖွင့်ချင်တဲ့ဝက်ဆိုက်ရဲ့ IP Address နံပါတ်ရလာပါလိမ့်မယ်။ ရလာတဲ့နံပါတ်ကို Mozilla Firefox ကိုဖွင့်ပြီး အဲ့ဒီနံပါတ်ကိုရိုက်ထည့်ပါ။ ပြီးတော့ Enter ခေါက်ပါ။ အဲ့ဒါဆိုရင် ခတ်ထားတဲ့ ၀က်ဆိုက်ပွင့်သွားပါလိမ့်မယ်။

ref:http://karunataimaobm.blogspot.com/

ဝင်းဒိုးစ် မူလအတိုင်း ဖြစ်နေဖို့ Deep Freeze

စောကျောခရော့စ်

ဝင်းဒိုးစ် မူလအတိုင်း ဖြစ်နေဖို့ Deep Freeze ကို သုံးပါတယ်

Deep Freeze က စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူအလုပ်လုပ်ပုံက ၀င်းဒိုးစ်ရဲ့ System Restore နဲ့ ဆင်တူပါတယ်။ ပိုပြီး ပါဝါမြင့်ပါတယ်။ Deep Freeze က System File တွေကို သာမက Data File တွေကိုပါ Restore လုပ်ပါတယ်။ Deep Freeze က ၀င်းဒိုးစ် ရီစတတ် လုပ်ပြီးတိုင်းမှာ ဖိုင်တွေအားလုံးကို မူလ အခြေအနေ ပြန်ရောက်သွား စေပါတယ်။

ဆိုလိုတာက စက်တလုံးမှာ ရှိနေတဲ့ ဆော့ဝဲအချို့ကို ဖျက်ပစ်မယ် … ဖိုင်အချို့ကို ဖျက်ပစ်မယ် … အဲဒီဖိုင်တွေ ဆော့ဝဲတွေဟာ ၀င်းဒိုးစ် ပြန်ဖွင့်တဲ့အခါ ပြန်ရှိနေမှာ ဖြစ်ပါတယ်။ ဖိုင်အဟောင်း ဖျက်ပစ်တာတွေ ပြန်ပေါ်လာသလို ဖိုင်အသစ် ထပ်ပြီး သိမ်းထား တာမျိုးကိုလည်း ခွင့်မပြုပါဘူး။ အသစ်ထပ် ထည့်ထားတဲ့ ဖိုင်တွေအားလုံး ရီစတတ် လုပ်အပြီးမှာ ပျောက်သွား ပါလိမ့်မယ်။ အသစ် ၀င်ရောက်လာတဲ့ ဗိုင်းရပ်စ်တို့ အပါအ၀င် ပေါ့လေ။ အားလုံး ပျောက်သွားပါမယ်။

download DeepFreeze software

  • Download

  • download DeepFreeze guide
  • Download

  • ဆိုတော့ကာ ဒီဆော့ဝဲကို သုံးမယ်ဆိုရင် စက်ထဲ ရှိနေပြီးသား ဖိုင်တွေကို ဖျက်ပစ်တာတွေ ပြင်ဆင်တာတွေ လုပ်လို့မရပါ။ ဖိုင်အသစ်တွေ ထပ်ထည့်တာမျိုး လုပ်ခွင့်မရှိပါ။ တကယ်လို့များ ဖိုင်အသစ်တခု ကိုယ်လိုအပ်တယ် ဆိုရင်တော့ ယူအက်စ်ဘီ ဒရိုက်နဲ့ ကူးယူထားမှ အဆင်ပြေပါမယ်။

    ရွေးချယ်ခွင့် တခုတော့ ရှိပါတယ်။ မိတ်ဆွေရဲ့စက်မှာ Drive C, Drive D စသဖြင့် ခွဲထားတယ်ဆိုရင် ၀င်းဒိုးစ်နဲ့ ဒရိုင်ဗာတွေ ရှိတဲ့ Drive C ကိုဘဲ ထိန်းချုပ်ထား နိုင်ပါတယ်။ အဲလိုဆို C ကလွဲလို့ အခြား ဒရိုက် တွေမှာကတော့ ပြုပြင် ပြောင်းလဲ ခွင့်တွေ ရပါလိမ့်မယ်။ ကျနော်ကတော့ ဒီဆော့ဝဲကို ကျနော့် ကွန်ပြူတာ သင်တန်းခန်း၊ အင်တာနက်ခန်းမှာ သုံးပါတယ်။ အင်တာနက်ခန်း မှာရှိတဲ့ ကွန်ပြူတာတွေက တနေကုန် အင်တာနက် တက်တယ်။ အီးမေးလ်တွေသုံးနေတယ်ဆိုတော့ကာ မလိုအပ်တဲ့ ဗိုင်းရပ်စ်တို့ လိုမျိုးတွေလည်း ၀င်ရောက်လာ တတ်ပါတယ်။ အဲဒါတွေကို ခဏခဏ ပြန်ပြန်ရှင်းနေရတာ အလုပ်တခု ဖြစ်နေပြီး အချိန်သိပ်ကုန် ပါတယ်။ အခု Deep Freeze ကို စက်တိုင်းမှာ ထည့်ထားတော့ အိုကေဘဲ။ ဘာမှ လုပ်စရာ မလိုတော့ဘူး။ တခုခုဖြစ်ရင် (ဗိုင်းရပ်စ်တို့လို ၀င်ရောက် တိုက်ခိုက်တာ ခံရရင်)
    ရီစတတ် လုပ်လိုက်ရုံနဲ့ အားလုံးအိုကေ။

    Install

    Deep Freeze ထည့်သွင်းရာမှာ

    1. install Administrator
    2. create Workstation
    3. install Workstation

    ဆိုပြီး အဆင့် ၃ ဆင့်ရှိပါတယ်။

    install Administrator

    1. Program EXE ကိုဖွင့်လိုက်ပြီး တဆင့်တဆင့်ဆက်သွားလိုက်ရင် Deep Freeze Adminstrator install လုပ်ပါလိမ့်မယ်။
    2. အင်စတောလုပ်တုန်းမှာ ပတ်စ်ဝါဒ်မေးတာရှိပါတယ်။ တခုခုထည့်ပေးပါ။ အဲဒါကို မှတ်ထားပါ။

    create Workstation

    1. Start > All Programs > Faronics > Deep Freeze Enterprise > Deep Freeze Administrator ကို ဖွင့်ပါ။

    2. Configuration tab ကိုရွေးပါ။

    3. မြားပြထားတဲ့နေရာကို check လုပ်ပါ။

    4. Password ထည့်ပေးပါ။ (ဒီ ပတ်စ်ဝါဒ်က အရေးကြီးပါတယ်။ မေ့မသွားပါစေနဲ့။)

    5. (Drive C တခုတည်းကိုသာ ထိန်းချုပ် ထားချင်တယ် ဆိုရင် ဒီအဆင့်ကို လုပ်ပါ။ ကွန်ပြူတာတခုလုံးကို ထိန်းချုပ်ချင်တယ်ဆိုရင် ဒီအဆင့်ကို ကျော်သွားပါ။)

    မြားပြထားတဲ့ နေရာက Driver ကိုဖွင့်ပါ။ အောက်က check box တွေမှာ C ကလွဲလို့ ကျန်တာအားလုံးကို uncheck လုပ်ပါ။

    6. Create Programs tab ကိုဖွင့်ပါ။
    7. မြားပြထားတဲ့ ၀က်ဝံပုံကို ကလစ်ပါ။ (Workstation create လုပ်ပါမယ်။)
    8. Save လုပ်ပါ။

    install Workstation

    1. C > Program Files > Faronics > Deep Freeze 6 Enterprise > Install Programs ဖိုလ်ဒါရောက်အောင် အဆင့်ဆင့် ဖွင့်သွားပါ။
    2. အဲဒီဖိုလ်ဒါထဲမှာ ရှိတဲ့ DF6Wks ကို ဖွင့်ပါ။
    3. နောက်ထပ်တွေကိုတော့ Install, Next, Finish စသဖြင့် အဆင့်ဆင့် ဆက်သွားလိုက်ပါ။
    4. နောက်ဆုံးမှာ စက်က သူ့ဘာသာသူ restart လုပ်ပါလိမ့်မယ်။ စက်ပြန်ပွင့် လာပြီးရင်တော့ မိတ်ဆွေရဲ့စက်မှာ DF အလုပ် လုပ်နေပါပြီ။ Start bar ညာဘက် အောက်ဒေါင့်မှာ ၀က်ဝံပုံလေး ပေါ်နေပါမယ်။

    ခုချိန်ကစပြီး မိတ်ဆွေရဲ့စက်မှာ ဘာကိုမှ ပြုပြင်ပြောင်းလဲခွင့်ရတော့မှာ မဟုတ်ပါဘူး။

    တခုခု အပြောင်းအလဲ လုပ်ချင်တယ်ဆိုရင် Deep Freeze ကို ပိတ်ထားပေးရပါမယ်။ ဘယ်လိုပိတ်မလဲ ကြည့်ရအောင် … ။

    disbale Deep Freeze

    1. Ctrl + Alt + Shift + F6 ကို တပြိုင်တည်း နှိပ်လိုက်ပါ။
    2. ပေါ်လာတဲ့ box မှာ create လုပ်စဉ်က ထည့်ထားတဲ့ ပတ်စ်ဝါဒ်ကို ထည့်ပါ။
    3. OK လုပ်ပါ။
    4. နောက်ထပ် box မှာ Boot Thawed ကို ရွေးပြီး OK လုပ်ပါ။
    5. Restart လုပ်ပါ။
    6. စက်ပြန်ပွင့်လာတဲ့အခါမှာ ၀က်ဝံပုံမှာ ကြက်ခြေခတ်ထားတာ တွေ့ရပါမယ်။

    ဒီချိန်မှာတော့ စက်ကို ပြုပြင်ပြောင်းလဲတာတွေ လုပ်နိုင်ပါပြီ။

    Deep Freeze ကို ပြန်ဖွင့်ထားချင်ရင် ဒီလို …
    enable Deep Freeze

    1. Ctrl + Alt + Shift + F6 ကို တပြိုင်တည်း နှိပ်လိုက်ပါ။
    2. ပေါ်လာတဲ့ box မှာ create လုပ်စဉ်က ထည့်ထားတဲ့ ပတ်စ်ဝါဒ်ကို ထည့်ပါ။
    3. OK လုပ်ပါ။
    4. နောက်ထပ် box မှာ Boot Frozen ကို ရွေးပြီး OK လုပ်ပါ။
    5. Restart လုပ်ပါ။
    6. စက်ပြန်ပွင့်လာတဲ့အခါမှာ ၀က်ဝံပုံမှာ ကြက်ခြေခတ် မရှိတော့ပါ။

    ဒီချိန်မှာတော့ စက်ကို ပြုပြင်ပြောင်းလဲတာတွေ မလုပ်နိုင်တော့ပါ။

    OTP Token
    ကိုယ်ပေးထားတဲ့ ပတ်စ်ဝါဒ်ကို ခဏခဏမေ့တတ်သူတွေအတွက် one time password ကိုလည်း သိထားဖို့လိုပါမယ်။

    1. password မေ့သွားရင် မြားပြထားတဲ့နေရာက နံပါတ်ကို မှတ်ထားပါ။ (အခုပုံမှာတော့ 0036A300 လို့ပြပါတယ်။ စက်တလုံးနဲ့တလုံး တူမှာမဟုတ်ပါ။)
    2. Deep Freeze Administrator ကို ပြန်ဖွင့်ပါ။
    3. One Time Passwords tab ကိုရွေးပါ။
    4. Token နေရာမှာ စောစောက နံပါတ်ကိုထည့်။ Generate ကိုကလစ်။
    5. ၀ိုင်းပြထားတဲ့နေရာမှာ ပေါ်လာတဲ့နံပါတ်ကို သုံးပြီး Deep Feeze ကို Boot Thawed လုပ်ပေးနိုင်ပါပြီ။

    Uninstall

    Deep Freeze ကို Boot Thawed လုပ်ပေးပြီး ၀က်ဝံပုံမှာ ကြက်ခြေခတ်ဖြစ်နေမှ Deep Freeze ကို Uninstall လုပ်လို့ ရပါမယ်။ Boot Thawed လုပ်ပြီးရင် အောက်ကအဆင့်တွေကို ဆက်လုပ်ပေးပါ။

    1. C > Program Files > Faronics > Deep Freeze 6 Enterprise > Install Programs ဖိုလ်ဒါရောက်အောင် အဆင့်ဆင့် ဖွင့်သွားပါ။
    2. အဲဒီဖိုလ်ဒါထဲမှာ ရှိတဲ့ DF6Wks ကို ဖွင့်ပါ။
    3. နောက်ထပ်တွေကိုတော့ Uninstall, Next, Finish စသဖြင့် အဆင့်ဆင့် ဆက်သွားလိုက်ပါ။
    4. နောက်ဆုံးမှာ စက်က သူ့ဘာသာသူ restart လုပ်ပါလိမ့်မယ်။ စက်ပြန်ပွင့်လာပြီးရင်တော့ မိတ်ဆွေရဲ့စက်မှာ DF အလုပ်မလုပ်တော့ပါဘူး။
    5. Start bar ညာဘက်အောက်ဒေါင့်မှာ ၀က်ဝံပုံလေး ရှိတော့မှာ မဟုတ်ပါ။

    Related Posts...! {ဆက်စပ်ပို့စ်များ}