Popular Posts

Labels

How to make Karaoke Text

Karaoke စာတန်းထိုး ပြုလုပ်နည်း---ကို ပြုလုပ်တဲ့နေရာမှာ (၁) မိမိပြုလုပ်မည့်စာတန်းကို Photoshop နဲ့ပြု ခြင်း (၂) ၎င်းပြုလုပ်ထားသည့် psd ဖိုင်ကို adobe after effect ဆော့ဝဲမှာထည့်ပြီး Karaoke စာတန်းထိုး ပြု လုပ်ခြင်းဆိုပြီး အပိုင်းနှစ်ပိုင်းနဲ့ပြုလုပ်ရပါမယ်။

Wireless router တစ်ခုတည်ဆောက်မယ်

ကျွန်တော်တို့ တစ်တွေသည် စာတွေနှင့်ရှင်းပြသည်ထက် ပုံကလေးတွေနှင့်ရှင်းပြသည်ကို နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ဒါကြောင့် ကျွန်တော် သူငယ်ချင်းတို့ တစ်တွေနားလည်ရလွယ်ကူအောင် router/access point တစ်ခု တည်ဆောက်ပုံကို အတတ်နိုင်ဆုံးရှင်းလင်းလွယ်ကူမှုရှိအောင် ပုံကလေးတွေနှင့်ရှင်းလင်းပြပေးပါမယ်။ ဤလမ်းညွှန် ချက်ကလေးဟာ Linksys WRT54G ကို အခြေခံထားပါတယ်ခင်မျာ။

How to Reset / Remove / Bypass a BIOS or CMOS Password

BIOS or CMOS Password တွေကို Reset / Remove / Bypass လုပ်ရမည့်နည်းတွေရေးပြမလို့။ ကျနော်ဆိုက်မှာဒီအကြာင်းနဲ့ပတ်သက်ပြီးအရင်ကတင်ထားခဲ့ပါတယ်။ သိပ်မစုံတာနဲ့ အခုထပ်ပြီးရေးလိုက်တာပါ။ BIOS or CMOS Password ဆိုတာ ကွန်ပျူတာရဲ့ လုံခြုံရေးပိုင်း၊ system ပိုင်းကို ကာကွယ်တဲ့အနေနဲ့အသုံးပြု တဲ့ Tool တစ်ခုပါ။ တစ်နည်းအားဖြင့် BIOS Setting ဒါမှမဟုတ် Boot Setting ကို တစ်စုံတစယောက်က ၀င် ရောက်မပြင်နိုင်အောင် ကာကွယ်တဲ့အနေနဲ့ BIOS or CMOS Password ကိုအသုံးပြုကြပါတယ်။

Window Password များကို Trinity Rescue Kit or TRK နဲ့ ဖြုတ်မယ်

ပတ်စ်ဝါဒ်ဖြုတ်တဲ့နည်း တွေက အများကြီး တစ်ချို့ကအဆင်ပြေတာလဲရှိသလို မပြေတာလဲအများကြီးပဲ။ အင်တာ နက်ပေါ်မှာရှာလိုက်ရင် ပတ်စ်ဝါဒ်ဖြုတ်တဲ့ဆော့ဝဲလ်တွေအများကြီး ဒါပေမယ့် တော်တော် များက Free License မဟုတ်တော့ တကယ်သုံးကြည့်တဲ့အခါ အဆင်မပြေပါဘူး။ နောက်တော့ ကျနော် Linux Live CD ကို သုံးပြီး ၀င်းဒိုးပတ်စ်ဝါဒ်ကို ဖြုတ်တဲ့နည်းကို စမ်း သုံးကြည့်တယ်။ သူကျတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် သူကျတော့ လုပ်ရ ကိုင်ရတာနည်း နည်းတော့ ခက်တယ်။

Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်း

ကျနော် ဒီ Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်းကိုရေးရသည့်အကြောင်းကသူငယ်ချင်းတွေက မကြာခဏမေးလာတာတစ်ကြောင်း၊ နောက်ပြီးဗွီဒီယို Camera ၀ယ်ထားပြီး ကွန်ပျူတာစက်များပိုင် ဆိုင်ထားပါ လျှက်နဲ့ မိမိရိုက်ထားတဲ့ ဗွီဒီယိုဖိုင်မတည်းဖြတ်တတ်သူများအတွက် ရည်ရွယ်တာကတစ်ကြောင်း၊ ကွန်ပျူတာဝါ သနာပါသော ညီငယ်များတစ်ဖက်တစ်လမ်းအကျိုးရှိစေရန်ရည်ရွယ်တာကတစ်ကြောင်းအကြောင်းပေါင်းများစွာနဲ့ ကျနော်အချိန်အနည်းငယ်ပေးပြီး ကြိုးစားရေးပေးလိုက်တာဖြစ်ပါတယ်။ တကယ်တော့ ကျနော်ဟာ Edit သမား တစ်ယောက်မဟုတ်ပါ။

2/2/12

Internet Download Manager v6.08 Build 9 Final

Download Tool ထဲမှာ အများကြိုက် Internet Download Manager ကို နောက်ဆုံး ဗားရှင်းဖြစ်တဲ့ v6.08 ရှယ်ပေးတယ်။ အခုတင်ထားတဲ့ဖိုလ်ဒါထဲမှာ ကီး၊ patch ဖိုင်တွေကို အကုန်ပါတယ်။ ထည့်သွင်းနည်းတွေကို တော့ ကျနော့်ဆိုက်မှာရေးထားသလို အခြားဆိုက်မှာလဲရေးထားတာအများကြီးပါ။ ရှာပြီးသာဖတ်ပေတော့။



Download :
Internet Download Manager v6.08 Build 9 Final

စောလင်းနက်စ်

aaaaaaaaaa






quality="high"
type="application/x-shockwave-flash"
width="600"
height="200"
allowFullScreen="false"
pluginspage="http://www.macromedia.com/go/getflashplayer"
allowScriptAccess="always" />

1/14/12

ပြည်နယ်အဆင့် အပစ်ရပ်ရေး လက်မှတ် ထိုးပြီး နိုင်ငံရေး ကို ဆွေးနွေးသွားမည်ဟု KNU ပြောဆို

ပြည်နယ်အဆင့် အပစ်ရပ်ရေး လက်မှတ် ထိုးပြီး နိုင်ငံရေး ကို ဆွေးနွေးသွားမည်ဟု KNU ပြောဆို

ဇန်န၀ါရီလ ၁၂ရက်၊ ၂၀၁၂။ (ကေအိုင်စီ)

အပစ်အခတ်ရပ်စဲရေးအတွက် ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်ဟိုတယ်တွင် မြန်မာအစိုးရနှင့် သွားရောက်ဆွေးနွေးခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး(KNU) ငြိမ်းချမ်းရေးအဖွဲ့တို့ လက်မှတ်ရေးထိုးမှုအပြီးနောက်ပိုင်း တွင် နိုင်ငံရေးအရ ဆွေးနွေးသွားရမည်ဟု KNU ဘက်က ပြောသည်။

KNU အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က “ကျမတို့အခုလို ဘားအံမှာ အပစ်အခတ်ရပ်စဲဖို့ လက်မှတ်ထိုးလိုက် တာက တိုင်းရင်းသားဒေသအားလုံးအတွက် ပြည်နယ်အဆင့် သဘောတူညီမှုပါ။ ဒါကလည်း မူအရ သဘောတူညီမှုပဲ ရှိပါ သေးတယ်။ ဒီအခြေအနေမှာ နိုင်ငံရေးဆွေးနွေးမှု မပါသေးတဲ့အတွက် ထပ်ပြီး ဆွေးနွေးသွားရမှာဖြစ်ပါတယ်။”ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် ပဒိုစောဒေးဗစ်ထောတို့ ဦးဆောင်သည့် KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် ၁၉ဦးအဖွဲ့သည် ယနေ့မ နက် ၉နာရီမှစ၍ နှစ်နာရီကျော်ကြာ မြန်မာအစိုးရနှင့် ဆွေးနွေးခဲ့ကြပြီး မွန်းလွဲ ၁နာရီခန့်တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ် စဲရေးကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ဘားအံမြို့ရှိ အစိုးရ၀န်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ လက်မှတ်ရေးထိုး တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာအစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုး သိန်း၊ ဦးခင်ရီ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းတို့ တက်ရောက်ခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိရန် KNU ဘက်မှ အချက် ၁၁ချက်ကို တောင်းဆိုပြီး မြန်မာအစိုးရဘက်မှ အချက် ၄ချက် တောင်းဆိုခဲ့သည်။

ကေအဲန်ယူက ၁။ တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်ဆိုင်းပြီး တပြည်လုံး အတိုင်းအတာနှင့် အမြန်ဆုံး အပစ်အခတ်ရပ်စဲရန် ၂။ ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူများ၏ ဘ၀အဖြစ် အာမခံချက်ပေးရန်နှင့် ယုံကြည်ရသည့် အခြေ အနေများ တည်ဆောက်ရန် ၃။ ဒေသဆိုင်ရာ လူထုနှင့် အတိုင်ပင်ခံသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ၄။ အဓမ္မလုပ် အားစေခိုင်းခြင်း ၅။ နည်းမျိုးစုံနှင့် အခွန်ကောက်ခံခြင်းများ မပြုလုပ်ရန် ၆။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ၇။ ပြည်သူ များဘ၀ ပြန်လည်ထူထောင်ရေးနှင့် လူထု၏ မြေယာကိစ္စများကို ဖြေရှင်းပေးရန် ၈။ ငြိမ်းချမ်းရေးဖြစ်စဉ်များအတွက် မှန်ကန် သည့် အစီအစဉ်များ ချမှတ်ပြီး ဘက်အားလုံးမှ တည်မြဲမည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုများကို တိုးတက်ဖြစ်ပေါ်လာစေရန် ၉။ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခြင်း ၁၀။ လက်နက်မပါဘဲ ကရင်ပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်နှင့် ၁၁။ နှစ်ဘက် တပ် တည်နေရာ သတ်မှတ်ခြင်းများကို တောင်းဆိုခဲ့သည်။

ယခုလို ပြည်နယ်အဆင့် သဘောတူညီခဲ့သည့်အချက်များတွင် အပစ်အခတ်ရပ်စဲရန်၊ ဆက်ဆံရေးရုံးဖွင့်လှစ်ရန်၊ လက်နက်မပါ ဘဲ တနိုင်ငံလုံး သွားလာရန်နှင့် ကျန်အဆင့်များ ဆက်လက် ဆွေးနွေးသွားရန်တို့ ပါဝင်သည်။

သို့သော် တွေ့ဆုံဆွေးနွေးရေးတွင် ယခုလို ချက်ချင်း လက်မှတ်ရေးထိုးရန်အတွက်ကိုမူ mandate ပေးထားခြင်း မရှိကြောင်း KNU ထိပ်ပိုင်းခေါင်းဆောင်များက ပြောဆိုသလို မကြာခင်အချိန်ပိုင်းတွင် သတင်းထုတ်ပြန်ချက်တစ်ခု ထုတ်သွားမည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

ကေအဲန်ယူနှင့် အစိုးရ နှစ်ဖက်ကိုယ်စားလှယ်များ၏ တွေ့ဆုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးတို့မှ လုံခြုံရေးဝန်ကြီးများနှင့် သက်ဆိုင်ရာ စစ်ဋ္ဌာနချုပ်များမှ စစ်ဦးစီးမှူး (ပထမတန်း)များ တက် ရောက်ခဲ့ကြောင်း ပြည်တွင်းမှ The Voice Weekly တွင် ဖော်ပြထားသည်။

KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့တွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအတွင်းရေးမှူး ပဒို စောဒေးဗစ်ထော၊ ပဒိုစောအားတိုး၊ ဗိုလ်မှူးချုပ်ဂျော်နီ၊ ဒုဗိုလ်မှူးကြီးရောဂျာခင်၊ ဗိုလ်မှူးရှီးရှို၊ ဗိုလ်မှူးအိသာ၊ ပဒိုစောအယ်ဝါး၊ ပဒို စောလေးလော်ဆော၊ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောရွှေမောင်း၊ ပဒိုစောအောင်မော်အေး၊ ပဒိုစောသောသီဘွဲ၊ ဗိုလ်ကြီးစောဂျီး ဂျီ၊ ဗိုလ်ကြီးစဂျွန်၊ ဗိုလ်ကြီးဆာ့စေး၊ ပဒိုစောအောင်ဝင်းရွှေ၊ ပဒိုစောလှထွန်းနှင့် စောတာမုလားတို့ ပါဝင်ခဲ့သည်။

ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် များသည် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်သို့ သွားရောက်နေပြီးဖြစ်ကြောင်း ကေအဲန် ယူ အသိုင်းအ၀ိုင်းမှ ပြောဆိုသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက KNU တို့ တောင်းဆို ထားသည့် အချက် ၁၁ချက်ကို မူအားဖြင့် သဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့သလို ပြည်ထောင်စုအဆင့်ကိုလည်း လာမည့် ၄၅ရက်အတွင်း ဆွေးနွေးသွားမည်ဖြစ်သည်။

နော်စီဖိုးရာစိန်က “အစိုးရဘက်က ကျမတို့ တောင်းဆိုတဲ့အချက် ၁၁ချက်ကို မူအရ သဘောတူတဲ့အပေါ် ကျမတို့ ကြိုဆိုပါ တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

KNU နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယမန်နှစ် အောက်တိုဘာလ ၉ရက်၊ နိုဝင်ဘာလ ၁၉-၂၀ရက်နှင့် ဒီဇင် ဘာလ ၂၁ရက်တို့တွင် ထိုင်းနိုင်ငံအတွင်း၌ ပဏာမ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

လာမည့် ၃၁ရက်နေ့တွင် တော်လှန်ရေး ၆၃နှစ် သက်တမ်းပြည့်ပြီဖြစ်သည့် KNU သည် ၁၉၄၉ခုနှစ် ဧပြီလတွင်တကြိမ်၊ ၁၉၆၀ ခုနှစ် ဖေဖော်ဝါရီလတွင်တကြိမ်၊ ၁၉၆၃ခုနှစ် သြဂုတ်လတွင်တကြိမ်၊ ၁၉၉၅ခုနှစ် ဒီဇင်ဘာလတွင်တကြိမ်နှင့် ၂၀၀၄ခုနှစ်တွင် တကြိမ် ၅ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

မြန်မာအစိုးရနဲ့ KNU ငြိမ်းချမ်းရေး ဆက်ဆွေးနွေးဖို့ သဘောတူ

အဓိကကျတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့နဲ့ မြန်မာအစိုးရက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၆၀ ကျော်ကြာ သူပုန်ထခဲ့တဲ့ အဖြစ်တစ်ရပ် အဆုံးသတ်နိုင်ဖို့အတွက် အဓိကကျတဲ့ အတားအဆီးတစ်ရပ်ကို ကျော်လွှားသွားနိုင်တဲ့ပုံရှိပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ အစိုးရတာဝန်ရှိသူတွေ ဟာ ကရင်ပြည်နယ် ဖားအံမြို့မှာ တွေ့ဆုံ လက်မှတ်ထိုးခဲ့ကြတာပါ။

ခု ဖြစ်ပေါ်တိုးတက်မှုတွေက အပြုသဘောဆောင်ပေမဲ့ ခုလို တကြိမ်တည်း တွေ့ဆုံတာနဲ့တော့ ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့တဲ့ တိုက်ပွဲတွေကို အဆုံးသတ်နိုင်မယ် မဟုတ်ဘူးလို့ KNU အဖွဲ့ဝင်တွေ က ပြောပါတယ်။
KNU အဖွဲ့က အချက် ၁၁ ချက်ပါ နိုင်ငံရေးမူတွေကိုလည်း တင်ပြခဲ့ပြီး အဲဒီ အချက်တွေကို ပြည်ထောင်စုအဆင့်မှာ ဆက်လက်ဆွေးနွေးဖို့ အစိုးရက မူအားဖြင့် သဘောတူညီခဲ့တယ်လို့ KNU က ပြောပါတယ်။
အစိုးရရဲ့ သူပုန်ဆန့်ကျင်ရေး တိုက်ပွဲတွေကြောင့် အဓမ္မ လုပ်အားပေးစေခိုင်းတာ၊ လုယက်ခိုးယူတာ၊ မီးရှို့တာ၊ ပစ္စည်းဥစ္စာတွေကို ဖျက်စီးတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ခဲ့တယ်လို့ KNU က ပြောပါတယ်။ ထောင်ပေါင်းများစွာသော ရွာသားတွေဟာ တိုက်ပွဲကနေ အတင်းထွက်ပြေးခိုင်းတဲ့ အဖြစ်မျိုး ဖြစ်ခဲ့ကြရပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်နေပြီး တိုင်းရင်းသား သူပုန်တွေကို ချေမှုန်းရတာ ဟာ တိုင်းပြည်တည်ငြိမ်ရေးနဲ့ စည်းလုံးညီညွတ်ရေးအတွက် ဖြစ်တယ်လို့ ယခင် စစ်အစိုးရက တိုင်းရင်းသားတွေနဲ့ဖြစ်တဲ့ ပြည်တွင်းစစ်နဲ့ပတ်သက်ပြီး သူလုပ်ခဲ့တာ တရားမျှတတဲ့အကြောင်း ပြောခဲ့တာပါ။

ဒီဇင်ဘာလအတွင်းကလည်း မြန်မာအစိုးရဟာ ရှမ်းပြည်တပ်မတော်လို့ခေါ်တဲ့ SSA တောင်ပိုင်းနဲ့ ကနဦး အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ တခြား တိုင်းရင်းသားအဖွဲ့တွေ နဲ့လည်း အပစ်အခတ်ရပ်စဲရေး ရရှိအောင် အစိုးရက ကြိုးစားခဲ့ပေမဲ့ အုပ်စုအမျိုးမျိုးနဲ့ တင်းမာမှုတွေကတော့ ဆက်လက် ရှိနေမြဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး အားထုတ်ချက် အသစ်တစ်ရပ်အဖြစ် အပစ်အခတ်ရပ်စဲရေးပြီးတာနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေပေးမယ်လို့ အစိုးရ က မနှစ်တုန်းက ကမ်းလှမ်းခဲ့တာပါ။ ဒါ့အပြင် နိုင်ငံရေး ညီလာခံ တစ်ရပ်ကိုလည်း ခေါ်ဆိုမယ်လို့ ပြောခဲ့ပါတယ်။ သူပုန်တွေနဲ့ နိုင်ငံရေး ဆွေးနွေးချက်တွေ လုပ်မယ် လို့ အစိုးရက ကမ်းလှမ်းတာ ဟာ ဒါ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

စီးပွားရေး ပိတ်ဆို့ အရေးယူတာကို ရုပ်သိမ်းဖို့ဆိုရင် တိုင်းရင်းသား သူပုန်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရမယ်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက တောင်းဆိုခဲ့ကြပါတယ်။

ဗွီအိုအေ



KNU ကရင်အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရတို့ကြား ပထမဆုံးအကြိမ် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့တယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူ တဦးက ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။
KNU Peace agreemenet

မြန်မာအစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ KNU ခေါင်းဆောင်တွေ

ဒီသဘောတူညီချက်ဟာ ပမာဏအဆင့် ဖြစ်ပြီး၊ အချက်လေးချက် ပါဝင်တယ်လို့ သိရပါတယ်။

လက်မှတ်ထိုးလိုက်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထဲမှာ နှစ်ဘက် လက်နက်ကိုင်တွေကြား အပစ်ရပ်ဖို့၊ နှစ်ဘက်ကြား ဆက်သွယ်ရေးရုံးတွေ ဖွင့်လှစ်ဖို့နဲ့ နှစ်ဘက် ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တာဝန်ရှိသူတွေ အပြန်အလှန် သွားလာခွင့်တွေ ပါဝင် ပါတယ်။

ဒီကနေ့ သဘောတူညီချက်ဟာ ပြည်နယ်အဆင့် ဖြစ်ပြီး နှစ်ဘက်ကြား တခြား အချက် ၁၁ ချက် ကိုတော့ ပြည်ထောင်စု အဆင့်မှာ ဆက်လက် ဆွေးနွေးသွားဖို့ သဘောတူညီချက်လည်း ဒီကနေ့ ဆွေးနွေးပွဲ ကနေ ရရှိခဲ့တယ်လို့ သိရပါတယ်။

KNU ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရ စစ်တပ်ကြား လွတ်လပ်ရေး ရပြီး နောက်ပိုင်းကတည်းက တိုက်ခိုက် ခဲ့ကြတာမို့ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ် နှစ်ဘက်ကြား အခု သဘောတူညီမှုနဲ့ အပစ်ရပ်နိုင် တော့မှာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်တွေရဖို့ မြန်မာအစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် မီးရထား ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း နဲ့ KNU ဘက်ကတော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူတူးဆေးဖိုးတို့က ဦးဆောင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

Ref: http://www.bbc.co.uk/burmese/burma/2012/01/120112_knuvsgovdeal.shtml



KNU နှင့် အစိုးရ ကိုယ်စားလှယ်များ အပစ်ရပ် လက်မှတ်ထိုးတော့မည်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၅၅ မိနစ်

မဇ္ဈိမသတင်းဌာန ။ ။ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရ ကိုယ်စားလှယ်များ လေးကြိမ်မြောက်
တွေ့ဆုံ ဆွေးနွေးမှုမှ အပစ်အခတ် ရပ်ဆိုင်းရေး လက်မှတ်ရေးထိုးရန် ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် စီစဉ်နေပြီ
ဖြစ်သည်။

“မနက်က ၉ နာရီကနေ ၁၀ နာရီခွဲထိ တကြိမ်တွေ့ပြီးတော့ ခဏနားတယ်။ သူတို့ဖာသာ ပြန်အကြံယူကြတယ်။ ၁၁ နာရီကျော်မှာ အစည်းအဝေး ပြန်ဝင်တယ်။ အပစ်အခတ် ရပ်ဆိုင်းရေး စာချုပ်ချုပ်ဖို့ စာရိုက်နေတယ်” ဟု လည်းကောင်း အစည်းအဝေးသို့ သွားရောက် သတင်းယူနေသော သတင်းထောက်တဦးက မဇ္ဈိမကို ပြောသည်။

KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တွင် ၁၉ ဦး ပါဝင်ပြီး အစိုးရ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့များတွင် လူဝင်မှုဝန်ကြီး ဦးခင်ရီ၊ စက်မှုဝန်ကြီး ဦးစိုးသိန်းတို့လည်း ပါဝင်သည်။

ဆက်စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်များအဖြစ် ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင်တို့ ပါဝင်သည်။

“KNU ဘက်က တောင်းဆိုချက်အားလုံးကို မူအားဖြင့် သဘောတူတယ်လို့ အစိုးရဘက်မှ ပါလာတဲ့ ဝန်ကြီး အကုန်လုံးက ပြောတယ်။ နှစ်ဘက်သဘောတူညီချက်က အပစ်အခတ် ရပ်ဆဲမယ်။ ဆက်ဆံရေးရုံးတွေ ဖွင့်ခွင့်
ပေးမယ်။ လက်နက်မပါဘဲ ဟိုဘက်ဒီဘက် သွားလာခွင့်ပေးမယ်။ ကျန်တာကို ဗဟိုအဆင့် ဆက်လက် ဆွေးနွေး မယ်ဆိုတဲ့ အချက် ၄ ချက်ကို ချုပ်မယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ယနေ့ တွေ့ဆုံမှုထဲတွင် ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းများနှင့် ကရင်ပြည်နယ်များမှ သက်ဆိုင်ရာ စစ်ဦးစီးမှူးများနှင့် နယ်စပ်လုံခြုံရေးရာ ဝန်ကြီးများလည်း ပါဝင်ခဲ့သည်ဟု သိရသည်။

ယနေ့ ညနေပိုင်းတွင် KNU ကိုယ်စားလှယ်များကို မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ခေါ်ဆောင်သွားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ ညစာစာပွဲ ပြုလုပ်ပေးမည်ဟု သိရသည်။

မနက်ဖြန်တွင်လည်း ပဲခူးတိုင်း ပဲခူးဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီးနောက် ထိုမှ မန္တလေးတိုင်း နေပြည်တော်သို့ အလည် အပတ်ခရီးစဉ်အဖြစ် ခေါ်ဆောင်သွားရန် စီစဉ်ထားသည်ဟု ဝန်ကြီးဦးအောင်မင်းက ပြောဆိုသည်ဟု ပြည်တွင်း သတင်းထောက်တဦးက ပြောသည်။

KNU ခေါင်းဆောင် မန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးရေးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တင်ပြမည့် အစီအစဉ် ရှိသည်ဟု ဦးလှမောင်ရွှေက ပြောသည်ဟု သိရသည်။

ယနေ့ ဆွေးနွေးပွဲအပြီး နှစ်ဘက် ကိုယ်စားလှယ် ၄ ဦးဆီက သတင်းစာရှင်းလင်းပွဲ လုပ်မည်ဟု သိရသည်။

မဇ္ဈိမသတင်းဌာန

ကရင်ဒေသ အပစ်ရပ်ရန် သဘောတူ

အစိုးရ နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ ဘားအံမြို့တွင် ယနေ့ တွေ့ဆုံ ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရန် အတွက်သဘောတူ လိုက်ကြသည်။

ယမန်နေ့က ဘားအံမြို့တွင် တွေ့ရသော အစိုးရ၏ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဝင်များ နှင့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင်များ၏ ညစာစားပွဲ မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)

သဘောတူညီချက်များတွင် ဆက်ဆံရေးရုံးများ ဖွင့်ရန်၊ ထိန်းချုပ်နယ်မြေတွင် ဖြတ်သန်းသွားလာသည့်အခါ လက်နက် ကိုင်ဆောင်ခြင်း မပြုရန်တို့လည်း ပါဝင်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေးအကျိုးဆောင် ဦးငွေစိုးက ဧရာဝတီသို့ ပြောသည်။

မြန်မာပြည်အနှံ့ အမြန်ဆုံး အပစ်အခတ် ရပ်စဲရေး၊ အကျဉ်းသားများ လွှတ်ပေးရေး၊ လုပ်အားပေး စေခိုင်းခြင်း မပြုလုပ်ရန် စသဖြင့် အချက် ၁၁ ချက်ကိုလည်း KNU က တောင်းဆိုထားသည်။

“ဆက်လက် ဆွေးနွေးဖို့ ရှိသေးတယ်၊ အဲဒီ ၁၁ ချက်မှာ ပါတဲ့ မူဝါဒတွေ၊ ဒါတွေ အကုန်လုံးကို ပြည်ထောင်စု အဆင့်မှာ တခုစီ ဖြေရှင်းသွားမယ်” ဟု Dawei Princess ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးငွေစိုးကဆိုသည်။

ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို ၄၅ ရက် အတွင်း ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

KNU မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်သော ကိုယ်စားလှယ် တချို့နှင့် ပြည်ထောင်စု ၀န်ကြီး အဆင့် ရထား ၀န်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ဦးခင်ရီတို့က လက်မှတ်ရေးထိုးကြကြောင်း ဦးငွေစိုးက ပြောသည်။

ယမန်နေ့ညက ဘားအံမြို့ ဇွဲကပင်ဟိုတယ်တွင် နှစ်ဘက်ကိုယ်စားလှယ်တို့ တွေ့ဆုံပြီး ညစာစားခဲ့ကြသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ၀န်ကြီး ဦးအောင်မင်းက KNU တပ်ဖွဲ့မှ ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့သည်။ ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး နောက်ပိုင်း KNU ကလည်း တွေ့ဆုံရန် ပြင်ဆင်ထားခဲ့သည်။

နိုဝင်ဘာ ၁၉ နှင့် ၂၀ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် တနေရာ၌ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် KNU ခေါင်းဆောင်တချို့ အလွတ်သဘော ညှိနှိုင်းခဲ့ကြောင်း သိရသည်။

KNU သည် အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးတို့ အတွက် အစိုးရ အဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့သည်မှာ ၆၂ နှစ် ရှိပြီ ဖြစ်သည်။

KNU လှုပ်ရှားသည့် ထိုင်းမြန်မာနယ်စပ်တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မြန်မာပြည်မြောက်ပိုင်း ကချင် လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်သည့် နေရာများတွင် တိုက်ခိုက်မှုများ အဆက်မပြတ် ဖြစ်ပွားနေသည်မှာ ၇ လ ကြာပြီ ဖြစ်သည်။

ဧရာဝတီ

ဆွေးနွေးပွဲဓာတ်ပုံများ













1/2/12

မျိုးဆက်သစ်ထီဖိုးစံလူငယ်များရာသက်ပန်ရံပုံငွေအစည်းအဝေးမှတ်တမ်း



















































စဉ် အပိုင်းနှင့်အုပ်စု ရံပုံငွေအရင်း ရံပုံငွေအတိုး အကြိမ်
အောက်ပိုင်းနှင့်ကော့သာဆူး ၁၃၀၀၀၀ ၁၅၆၀၀ တတိယ
ကော့ဖန်ရပ် ၁၂၀၀၀၀ ၁၄၄၀၀ တတိယ
ကွီမံတိုင် ၁၁၀၀၀၀ ၁၃၂၀၀ တတိယ
အထက်ပိုင်း၊နောင်ထွတ်ထာ ၈၀၀၀၀ ၉၆၀၀၀ တတိယ
မြပတိုင်နိုင် ၈၀၀၀၀ ၉၆၀၀၀ တတိယ
စဉ် အပိုင်းနှင့်အုပ်စု ရံပုံငွေအရင်း ရံပုံငွေအတိုး အကြိမ်

Related Posts...! {ဆက်စပ်ပို့စ်များ}