Popular Posts

Labels

How to make Karaoke Text

Karaoke စာတန်းထိုး ပြုလုပ်နည်း---ကို ပြုလုပ်တဲ့နေရာမှာ (၁) မိမိပြုလုပ်မည့်စာတန်းကို Photoshop နဲ့ပြု ခြင်း (၂) ၎င်းပြုလုပ်ထားသည့် psd ဖိုင်ကို adobe after effect ဆော့ဝဲမှာထည့်ပြီး Karaoke စာတန်းထိုး ပြု လုပ်ခြင်းဆိုပြီး အပိုင်းနှစ်ပိုင်းနဲ့ပြုလုပ်ရပါမယ်။

Wireless router တစ်ခုတည်ဆောက်မယ်

ကျွန်တော်တို့ တစ်တွေသည် စာတွေနှင့်ရှင်းပြသည်ထက် ပုံကလေးတွေနှင့်ရှင်းပြသည်ကို နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ဒါကြောင့် ကျွန်တော် သူငယ်ချင်းတို့ တစ်တွေနားလည်ရလွယ်ကူအောင် router/access point တစ်ခု တည်ဆောက်ပုံကို အတတ်နိုင်ဆုံးရှင်းလင်းလွယ်ကူမှုရှိအောင် ပုံကလေးတွေနှင့်ရှင်းလင်းပြပေးပါမယ်။ ဤလမ်းညွှန် ချက်ကလေးဟာ Linksys WRT54G ကို အခြေခံထားပါတယ်ခင်မျာ။

How to Reset / Remove / Bypass a BIOS or CMOS Password

BIOS or CMOS Password တွေကို Reset / Remove / Bypass လုပ်ရမည့်နည်းတွေရေးပြမလို့။ ကျနော်ဆိုက်မှာဒီအကြာင်းနဲ့ပတ်သက်ပြီးအရင်ကတင်ထားခဲ့ပါတယ်။ သိပ်မစုံတာနဲ့ အခုထပ်ပြီးရေးလိုက်တာပါ။ BIOS or CMOS Password ဆိုတာ ကွန်ပျူတာရဲ့ လုံခြုံရေးပိုင်း၊ system ပိုင်းကို ကာကွယ်တဲ့အနေနဲ့အသုံးပြု တဲ့ Tool တစ်ခုပါ။ တစ်နည်းအားဖြင့် BIOS Setting ဒါမှမဟုတ် Boot Setting ကို တစ်စုံတစယောက်က ၀င် ရောက်မပြင်နိုင်အောင် ကာကွယ်တဲ့အနေနဲ့ BIOS or CMOS Password ကိုအသုံးပြုကြပါတယ်။

Window Password များကို Trinity Rescue Kit or TRK နဲ့ ဖြုတ်မယ်

ပတ်စ်ဝါဒ်ဖြုတ်တဲ့နည်း တွေက အများကြီး တစ်ချို့ကအဆင်ပြေတာလဲရှိသလို မပြေတာလဲအများကြီးပဲ။ အင်တာ နက်ပေါ်မှာရှာလိုက်ရင် ပတ်စ်ဝါဒ်ဖြုတ်တဲ့ဆော့ဝဲလ်တွေအများကြီး ဒါပေမယ့် တော်တော် များက Free License မဟုတ်တော့ တကယ်သုံးကြည့်တဲ့အခါ အဆင်မပြေပါဘူး။ နောက်တော့ ကျနော် Linux Live CD ကို သုံးပြီး ၀င်းဒိုးပတ်စ်ဝါဒ်ကို ဖြုတ်တဲ့နည်းကို စမ်း သုံးကြည့်တယ်။ သူကျတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် သူကျတော့ လုပ်ရ ကိုင်ရတာနည်း နည်းတော့ ခက်တယ်။

Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်း

ကျနော် ဒီ Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်းကိုရေးရသည့်အကြောင်းကသူငယ်ချင်းတွေက မကြာခဏမေးလာတာတစ်ကြောင်း၊ နောက်ပြီးဗွီဒီယို Camera ၀ယ်ထားပြီး ကွန်ပျူတာစက်များပိုင် ဆိုင်ထားပါ လျှက်နဲ့ မိမိရိုက်ထားတဲ့ ဗွီဒီယိုဖိုင်မတည်းဖြတ်တတ်သူများအတွက် ရည်ရွယ်တာကတစ်ကြောင်း၊ ကွန်ပျူတာဝါ သနာပါသော ညီငယ်များတစ်ဖက်တစ်လမ်းအကျိုးရှိစေရန်ရည်ရွယ်တာကတစ်ကြောင်းအကြောင်းပေါင်းများစွာနဲ့ ကျနော်အချိန်အနည်းငယ်ပေးပြီး ကြိုးစားရေးပေးလိုက်တာဖြစ်ပါတယ်။ တကယ်တော့ ကျနော်ဟာ Edit သမား တစ်ယောက်မဟုတ်ပါ။

2/26/11

Power Data Recovery v4.1.2


အချိန်မရတာနဲ့ ဆိုက်ဘက်ကိုမလှည့်ဖြစ်ဘူး။ သူငယ်ချင်းက သူ့ HD ကို format
ဖျက်မိတာနဲ့ အဲဒီ HD ထဲမှာပါတဲ့ video ဖိုင်တွေပြန်လိုချင်တယ်။ ကျနော်လဲ အချိန်
မရတော့ ချက်ချင်းမတင်ပေးနိုင်ဘူးလေ။
အခုအားတာနဲ့ Power Data Recovery v4.1.2 နဲ့ အဲဒါတွေကိုဖြေရှင်း
ဖို့ တင်ပေးလိုက်တယ်။ ဒီဆော့ဝဲလေးက ကီးဂျန်းလဲပါပြီးသားဆိုတော့ သုံးရတာ
ပိုအဆင်ပြေတာပေါ့။
+/- အပြည့်အစုံသို့



Power Data Recovery v4.1.2 ရဲ့ လုပ်ဆောင်နိုင်တဲ့ Feature နဲ့ Support Feature
တွေကိုကြည့်လိုက်ပါ။ ဒါဆို ဒီဆော့ဝဲလ်ရဲ့စွမ်းဆောင်နိုင်ရည်ကိုသိသွားပါလိမ့်မယ်။

Feature overview
* Recover data after accidental deletion
* Recover data after an accidental format
* Recover data from an inaccessible volume (logical drive)
* Recover data after FAT corruption
* Recover data after repartition (fdisk)
* Recover data from a crashed physical device
* Recover data after an MBR corruption
* Recover data from a hard disk drive, camera card, USB drive, Zip, floppy disk
* Recover data for any error except physical damage

Key Features
* Supports FAT 12/16/32
* Supports NTFS
* Supports NTFS compressed and encrypted files
* Supports Dynamic Volume including Simple Volume, Spanned Volume, Stripe Volume, Mirror Volume and Raid Volume.
* Supports RAW data recovery
* Built-in preview function
* Built-in resume recovery function
* Built-in Recovery Wizard

ပထမဆော့ဝဲလ် exe ကို install လုပ်လိုက်ပါ။ ညွန်ပြတဲ့အတိုင်းသာ လုပ်ဆောင်ပါ။
ပြီးရင် keygen ကိုနှိပ်။ ကီးဂျန်းရဲ့ generate ကိုထုတ်ပြီး လိုချင်တဲ့ နံပါတ်ကို copy
ယူထားလိုက်ပါ။
Power Data Recovery ဆော့ဝဲလ်ကို ဖွင့်ပြီး Register/buy ကိုနှိပ်၊ အောက်ကအ
ကွက်တွင် ကီးကိုထည့်လိုက်ပါ။ ဒါဆို ဆော့ဝဲလ်ကို Full version ရပြီးပေါ့။


Power Data Recovery ဆော့ဝဲလ်ကိုဖွင့်ပြီး Home ကိုနှိပ်ပြီး လိုချင်တဲ့ Recover
လုပ်ရုံပါပဲ။ Recover tab ကို ဒါရိုက်နှိပ်ပြီး လုပ်လဲရပါတယ်။


ကျန်တဲ့ Recovery ပြုလုပ်ပုံတွေကိုတော့ အကျယ်တ၀င့်မရှင်းပြတော့ပါဘူး။ ကိုယ့်ကို
စမ်းကြည့်ပေတော့။ အဆင်ပြေပါစေ။

Download :Power Data Recovery v4.1.2
Mediafire :Power Data Recovery v4.1.2

2/15/11

How to disable "Switch User Button" in Window

ကျနော်ရေးပြမှာက Switch User Button လေးကို ပိတ်ထားတဲ့နည်းလမ်းလေးဖြစ်ပါ
တယ်။ဝင်းဒိုး ဗစ်တာ၊ 7 တွေမှာ ကွန်ပျူတာ sleep ဖြစ်သွားတဲ့အခါမျိုးဖြစ်စေ၊ window + l
ကီးနှိပ်ပြီး Lock ချထားတာဖြစ်စေ ကွန်ပျူတာကို ပြန်ဖွင့်တဲ့အခါ Switch User Button
လေးပေါ်လာတာတွေ့ရမှာဖြစ်ပါတယ်။

အဲဒီ Switch User Button ကို ပိတ်ထားချင်ရင် group policy tools ကိုအသုံးပြုပြီး ပိတ်
ထားလို့ရပါတယ်။

Switch User Button ပိတ်နည်း
+/- အပြည့်အစုံသို့


Start Menu or Window + R ကိုတွဲနှိပ်ပြီး Run ဖွင့်ပါ Run တွင် gpedit.msc ဆိုတာ
ကိုရိုက်ထည့်။

Group policy tools Editor ပေါ်လာမည်။ အောက်ပါ info.path အစဉ်အတိုင်းသွားပါ။
Local Computer Policy ->Administrative Templates -> System -> Logon

Hide entry points for Fast User Switching” ရှာပါ။ အောက်ပါပုံအတိုင်း...


ထိုနောက် ဒီစာချောင်းကို Double Click ကလစ်နှစ်ချက်ခေါက်ပြီး မပေါ်စေလိုသည့်
အတွက် Enable အကွက်ကိုနှိပ်ပါ။


Switch User Button လေးကို ပြန်ပေါ်စေချင်ရင် Not Configure or Disable တစ်
ခုခုကိုပြန်နှိပ်လိုက်ရုံပါပဲ။

အဆင်ပြေပါစေ...

စောလင်းနက်စ်

2/1/11

Grub Rescue ဖြေရှင်းနည်း

ဒီ grug rescue ပြဿနာကို Window , Linux Dual Boot တွဲသုံးတဲ့ပုဂ္ဂိုလ်
မှ သိနိုင်မှာပါ။ ဒီပြဿနာကို ခဏခဏကြုံရတော့ အလွယ်တကူဖြေရှင်းနိုင်အောင်ဆိုပြီး
စုစည်းလိုက်တာပါ။ ဒီပို့စ်သည် မြန်မာမိသားစုဖိုရမ်မှာ ကိုကျောက်ဖြူရေးထားတဲ့ Ubun
tu အမေး အဖြေကဏ္ဍာတွင် ကိုkznt ရဲ့လက်ရာလေးပါပဲ။ ကျနော့်အတွက်လိုအပ်လို့
တင်လိုက်တာ။ အခြားလိုအပ်မယ်ပုဂ္ဂိုလ်များရှိရင်လည်း လွယ်လင့်တကူဖြစ်သွားတာပေါ့
ဗျာ...

Windows XP bootloader ကို Restore လုပ်ဆောင်မယ် ဆိုရင်

ကျွန်တော်တို့ အရင်ဆုံး Windows XP installation CD လိုအပ်ပါတယ်။ ရပြီဆိုရင်
ကွန်ပြူတာကို အဲကနေ Boot တက်လိုက်ပါ။

အဲလို Boot တက်လိုက်ရင် Windows XP CD ကနေပြီး repair ဒါမှမဟုတ် recov
er လုပ်မှာလား ဆိုပြီး မေးတဲ့ အပိုင်းကို တွေ့ပါလိမ့်မယ်။ အဲတာကိုလုပ်ဆောင်ဖို့
"r" ကိုနှိပ်ပါ။
+/- အပြည့်အစုံသို့


Windows XP administrator password ပေးထားတယ်ဆိုရင် သူက ထည့်ပေး
ဖို့ တောင်းပါလိမ့်မယ် ထည့်ပေးလိုက်ပါ။ အဲတာပြီးတာနဲ့ သူက ကျွန်တော်တို့ကို
command line ရှိရာဆီ ခေါ်သွားပါလိမ့်မယ်။ အဲ့ဒီ့နေရာမှာ အောက်ဖော်ပြပါ
commands ကို ရိုက်ထည့်ပြီး Enter ပေးပါ -

fixboot

fixmbr

ပြီးသွားရင် ဒါကို ရိုက်ပါ။

exit

ပြီးသွားရင် Windows XP CD ကို ထုတ်ပြီး Restart ပေးလိုက်ပါ။ အားလုံး အဆင်
ပြေတယ်ဆိုရင် XP bootloader ပြန်အလုပ်လုပ်ပြီး Windows XP ထဲ ပြန်ဝင်လို့
ရပါလိမ့်မယ်။

Windows Vista ဒါမှမဟုတ် 7 bootloader ကို Restore လုပ်ဆောင်မယ် ဆိုရင်

ဒီလုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့ ကျွန်တော်တို့ အရင်ဆုံး Windows Vista/7 instal
lation DVD လိုအပ်ပါတယ်။ ရပြီဆိုရင် ကွန်ပြူတာကို အဲကနေ Boot တက်လိုက်ပါ။

တကယ်လို့ recovery disk တွေရှိရင် ပုံစံတူ သဘောတရားတူ လုပ်ဆောင်လုပ်လို့
ရပါတယ်။ Windows Vista နဲ့ 7 အတွက် Recovery Disc ကို ဒီနေရာကနေရယူနိုင်
ပါတယ်။


အဲကနေ Boot တက်လိုက်လို့ Regional settings ကိုရောက်ပြီ ဆိုရင် Location/
Keyboard setting ကို ရွေးပေးပြီး next ကိုသွားပါ။ နောက်စာမျက်နှာမှာ "Repair
your computer." ကို နှိပ်ရပါမယ်။


အဲကနေ နောက်စာမျက်နှာမှာ အောက်ဖော်ပြပါအတိုင်း Windows Vista/7
installation တစ်ခုခုကို တွေ့ပါလိမ့်မယ်။ ဘာကိုမှာ မရွေးပဲ Next ကို ဆက်သွားပါ။


အောက်မှာ ဖော်ပြထားတဲ့ အတိုင်း အောက်ဆုံးမှာ ရှိနေတဲ့ "Command prompt"
ကို click ပေးပါ။ နောက်ပြီးရင် အောက်ဖော်ပြပါ command တွေကို ရိုက်ပေးပြီး
Enter ခေါက်ပါ။


bootrec /fixmbr

bootrec /fixboot

bootrec /rebuildbcd

ပြီးရင် Windows တွေအားလုံးကို ပိတ်ပြီး "Restart" ပေးပါ။

ထည့်ထားတဲ့ Vista/7 DVD ပြန်ထုတ်ပါ။ အားလုံး အဆင်ပြေတယ်ဆိုရင်
Windows Vista/7 Bootloader ပြန်အလုပ်လုပ်ပြီး Windows Vista/7
ထဲ ပြန်ဝင်လို့ ရပါလိမ့်မယ်။


KznT.

Related Posts...! {ဆက်စပ်ပို့စ်များ}