ပြီးမှတ်တမ်းအဖြစ်ကျန်ရှိအောင်ရယ်ဆိုပြီး ပို့စ်တင်တာများပါတယ်။ ကိုယ့်ဘလော့ပေါ်ပျူလာဖြစ်တဲ့
သဘောမျိုး၊ လာလည့်တဲ့သူများအောင်ဆိုတဲ့သဘောမျိုးဘလော့လွင့်တင်တာမဟုတ်ပါဘူး။ ဒါပေ
မယ့် လူတိုင်းဟာ ကိုယ့်ဆိုက်ကိုလာလည်တဲ့သူများရင် ပိုပြီးနှစ်ခြိုက်ကြတာပေါ့လေ။ ကျနော်က
တော့ ကိုယ့်ဘလော့ပေါ်မှာ လိုအပ်တာလေးတွေလွယ်လင့်တကူပြန်ယူနိုင်ဖို့၊ မှတ်တမ်းကျန်ရှိဖို့
အဓိကပစ်မှတ်တွေဖြစ်ပါကြောင်းဗျာ။
ဘာဖြစ်လို့လဲဆိုတော့ ကျနော်အဓိကလေ့လာတာက ဆရာ့ဆရာတွေရဲ့နည်းပညာ၊ အင်တာနက်
ပေါ်မှာရနိုင်တဲ့ ဗဟုသုတတွေပါပဲ။ တကယ်လဲရခဲ့ပါတယ်။ အင်တာနက်ပေါ်မှာ နည်းပညာတွေ
ယူစရာတွေမကုန်အောင်များပြားလွန်းပါတယ်။ ဒါကြောင့် ကျနော်အမြဲပြောခဲ့တဲ့စကားတစ်ခွန်းရှိ
တယ် ”အင်တာနက်သည် ကျနော့်ရဲ့သင်တန်းကျောင်းပဲ”။ အင်တာနက်ဆိုတာကလဲ မဟုတ်
တဲ့နေရာမှာ သွားပြီးဖြုန်းနေရင် အချိန်ကုန်မှန်းမသိ ကိုယ့်အချိန်တွေကို သူစားပစ်လိုက်မှာသေ
ချာတယ်။ ဒါကလဲ ကိုယ့်ကိုအသိဆုံးပဲမလား။
စကားပလ္လင်ခံလိုက်တာ ရှည်သွားတယ်ဗျာ...
ကဲ...စရအောင်...
WAV Audio CD တစ်ချပ်ကို ကွန်ပျူတာ CD Drive ထည့်ပြီး ကော်ပီကူးချင်တယ်ဆိုရင်
ဒီအတိုင်းကူးလို့မရပါ။ သူက MP3 Audio တို့နဲ့မတူပါဘူး။ WAV Audio ဆိုတာ ၁၂-ပုဒ်
၁၃-ပုဒ်လောက်နဲ့ CD တစ်ချပ်ရှိတဲ့ ဖေါမက်မျိုးပါ။ တွေ့ဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ ဒါနဲ့ သူ
ငယ်ချင်းတစ်ယောက်က အဲဒီစီဒီခွေကို စက်ထဲကူးချင်တာနဲ့ ကျနော် ဒီ JetAudio အသုံးပြု
ပြီးထည့်ပေးလိုက်တယ်။
JetAudio ဟာ တော်တော်များများအသုံးပြုလို့ရတယ်။ အသံဖမ်းယူတာ။ တိတ်ခွေကနေ
ကွန်ပျူတာထဲကို သွင်းယူတာ၊ အသံဖိုင်ပြောင်းတာတွေအားလုံးလုပ်လို့ရပါတယ်။
JetAudio အသုံးပြုပြီး WAV Audio CD ကို ကွန်ပျူတာသို့ copy ထည့်မယ်
မရှိသေးရင် ဒါကိုဒေါင်းလုဒ်လိုက်ပါ... JetAudio
(၁)
ဒေါင်းလုဒ်ပြီး အင်စတော့ထည့်သွင်းလိုက်ပါ။
(၂)
ထိုနောက် JetAudio Program ဖွင့်၊ ပွင့်လာရင် အောက်ပါပုံအတိုင်း ကွင်းထားတဲ့နေရာ
မှာ Rip ကိုနှိပ်။

(၃)
Ripping ဘောက်စ်ပေါ်လာရင် ကျနော်ကွင်းထားတဲ့အကွက်လေးတွေကို သတိထားလိုက်ပါ။
Drive အကွက်တွင် မိမိစီဒီထည့်ထားတဲ့ Drive ကိုရွေးပါ။ ကျနော့်စက်က E ဆိုတော့
စီဒီDrive E ကိုရွေးလိုက်တယ်။
ပြီးတော့ အောက်က Target ဆိုတဲ့အကွက်တွင် File Name, Folder ဆိုတာထားမည့်
နေရာ , ထားမည့် Audio Format (WAV ရွေးပါ)။အားလုံးပြီးလျှင် အပေါ်က Start
ကိုနှိပ်။

Audio CD ကနေ ကွန်ပျူတာသို့ ကော်ပီလုပ်တာတွေ့ရပါလိမ့်မယ်။ ပြီးရင် Close ။ မိမိ
သိမ်းတဲ့နေရာကို ပြန်ဖွင့်ကြည့်။ အဲဒီ WAV Audio ဖိုင်တွေရောက်နေတာတွေ့ရပါမှာပါ။
အဆင်ပြေပါစေ...
စောလင်းနက်စ်






























(၃)





နောက်ဘောက်စ်တွင် system recovery ကိုနှိပ်ပြီး Next ကိုနှိပ်။
(၄)
နောက် Insert Recordable Disk ဘောက်စ်ပေါ်လာမည်။ CDဆိုရင် 9 ချပ်၊ DVD ဆိုရင်
2 ချပ်၊ DVD-DL (DVD Dual Layer) အသုံးပြုတာနည်းပါတယ်။ Next ကိုနှိပ်။
(၅)
နောက်ဘောက်စ်တွင် Disk 1 of 2 ဆိုပြီး Recovery Disk က မိမိစက်ကို Reformating
လုပ်တာတွေ့ရမှာဖြစ်ပါတယ်။
(၆)
Disk 1 လုပ်ဆောင်ချက်ပြီးလျှင် Disk 2 ကိုဆက်ထည့်လိုက်ပါ။ အောက်ပါအတိုင်း…
(ရ)
ဒီအဆင်မှာတော့ system recovery successful ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်။ Finish ကိုနှိပ်။
Restart ပြန်တက်လာလျှင် Recovery Disk နဲ့ system recovery လုပ်ဆောင်တာပြီးသွားပါပြီ
( အထက်ပါပုံများသည် Wikihow.com မှာ Recovery Created Disk ကိုမှီငြမ်းထားခြင်းဖြစ်
သည်။ ဒါကြောင့် တစ်ချို့ပုံသည် Recovery လုပ်ထားတဲ့ပုံမဟုတ်ပဲ၊ Created လုပ်ထားတဲ့ပုံ
ဖြစ်ပါသည်။ အထောက်အကူဖြစ်စေရန်သာ ရယူထားဖြစ်သည်။ )
Original Link
အဆင်ပြေပါစေ...
စောလင်းနက်စ်