Popular Posts

Labels

How to make Karaoke Text

Karaoke စာတန်းထိုး ပြုလုပ်နည်း---ကို ပြုလုပ်တဲ့နေရာမှာ (၁) မိမိပြုလုပ်မည့်စာတန်းကို Photoshop နဲ့ပြု ခြင်း (၂) ၎င်းပြုလုပ်ထားသည့် psd ဖိုင်ကို adobe after effect ဆော့ဝဲမှာထည့်ပြီး Karaoke စာတန်းထိုး ပြု လုပ်ခြင်းဆိုပြီး အပိုင်းနှစ်ပိုင်းနဲ့ပြုလုပ်ရပါမယ်။

Wireless router တစ်ခုတည်ဆောက်မယ်

ကျွန်တော်တို့ တစ်တွေသည် စာတွေနှင့်ရှင်းပြသည်ထက် ပုံကလေးတွေနှင့်ရှင်းပြသည်ကို နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ဒါကြောင့် ကျွန်တော် သူငယ်ချင်းတို့ တစ်တွေနားလည်ရလွယ်ကူအောင် router/access point တစ်ခု တည်ဆောက်ပုံကို အတတ်နိုင်ဆုံးရှင်းလင်းလွယ်ကူမှုရှိအောင် ပုံကလေးတွေနှင့်ရှင်းလင်းပြပေးပါမယ်။ ဤလမ်းညွှန် ချက်ကလေးဟာ Linksys WRT54G ကို အခြေခံထားပါတယ်ခင်မျာ။

How to Reset / Remove / Bypass a BIOS or CMOS Password

BIOS or CMOS Password တွေကို Reset / Remove / Bypass လုပ်ရမည့်နည်းတွေရေးပြမလို့။ ကျနော်ဆိုက်မှာဒီအကြာင်းနဲ့ပတ်သက်ပြီးအရင်ကတင်ထားခဲ့ပါတယ်။ သိပ်မစုံတာနဲ့ အခုထပ်ပြီးရေးလိုက်တာပါ။ BIOS or CMOS Password ဆိုတာ ကွန်ပျူတာရဲ့ လုံခြုံရေးပိုင်း၊ system ပိုင်းကို ကာကွယ်တဲ့အနေနဲ့အသုံးပြု တဲ့ Tool တစ်ခုပါ။ တစ်နည်းအားဖြင့် BIOS Setting ဒါမှမဟုတ် Boot Setting ကို တစ်စုံတစယောက်က ၀င် ရောက်မပြင်နိုင်အောင် ကာကွယ်တဲ့အနေနဲ့ BIOS or CMOS Password ကိုအသုံးပြုကြပါတယ်။

Window Password များကို Trinity Rescue Kit or TRK နဲ့ ဖြုတ်မယ်

ပတ်စ်ဝါဒ်ဖြုတ်တဲ့နည်း တွေက အများကြီး တစ်ချို့ကအဆင်ပြေတာလဲရှိသလို မပြေတာလဲအများကြီးပဲ။ အင်တာ နက်ပေါ်မှာရှာလိုက်ရင် ပတ်စ်ဝါဒ်ဖြုတ်တဲ့ဆော့ဝဲလ်တွေအများကြီး ဒါပေမယ့် တော်တော် များက Free License မဟုတ်တော့ တကယ်သုံးကြည့်တဲ့အခါ အဆင်မပြေပါဘူး။ နောက်တော့ ကျနော် Linux Live CD ကို သုံးပြီး ၀င်းဒိုးပတ်စ်ဝါဒ်ကို ဖြုတ်တဲ့နည်းကို စမ်း သုံးကြည့်တယ်။ သူကျတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် သူကျတော့ လုပ်ရ ကိုင်ရတာနည်း နည်းတော့ ခက်တယ်။

Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်း

ကျနော် ဒီ Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်းကိုရေးရသည့်အကြောင်းကသူငယ်ချင်းတွေက မကြာခဏမေးလာတာတစ်ကြောင်း၊ နောက်ပြီးဗွီဒီယို Camera ၀ယ်ထားပြီး ကွန်ပျူတာစက်များပိုင် ဆိုင်ထားပါ လျှက်နဲ့ မိမိရိုက်ထားတဲ့ ဗွီဒီယိုဖိုင်မတည်းဖြတ်တတ်သူများအတွက် ရည်ရွယ်တာကတစ်ကြောင်း၊ ကွန်ပျူတာဝါ သနာပါသော ညီငယ်များတစ်ဖက်တစ်လမ်းအကျိုးရှိစေရန်ရည်ရွယ်တာကတစ်ကြောင်းအကြောင်းပေါင်းများစွာနဲ့ ကျနော်အချိန်အနည်းငယ်ပေးပြီး ကြိုးစားရေးပေးလိုက်တာဖြစ်ပါတယ်။ တကယ်တော့ ကျနော်ဟာ Edit သမား တစ်ယောက်မဟုတ်ပါ။

6/10/11

Net Work တွင် Program Access များ ပိတ်နည်း {Block full internet access to a program }

ညီလေးတစ်ယောက်က အတင်တာနက်မှာ IDM (Internet Download Manager)သုံးလို့မရ
အောင်ပိတ်ထားချင်တယ်-လို့ပြောလာတာနဲ့ ဒီပို့စ်ကိုတင်လိုက်တာ။ သူကအင်တာနက် ကဖေးဖွင့်ထား
ပုံရပါတယ်။ ဟုတ်တယ် တစ်ချို့ကအင်တာနက်ဆိုင်သွားရင် ဂိမ်း၊ ရုပ်ရှင် ဆိုက်ရှည်တာတွေဒေါင်း
လုဒ်ကြတယ်။ တကယ်တော့ အဲဒါတွေတကယ့်ကွန်နက်ရှင်းကောင်းတဲ့နေရာတွေလောက်ပဲ ဒေါင်းတာ
ကောင်းတယ်။ ပုံမှန်ကွန်နက်ရှင်းနဲ့ဆို မဒေါင်းသင့်ဘူးလို့ထင်တယ်။ ကိုယ်ဒေါင်းတဲ့ဟာတော်ရုံနဲ့ပြီးမှာမ
ဟုတ်သလို တဖက်သုံးတဲ့ပုဂ္ဂိုလ်များအတွက် အတော်အနှောင့်အယှက်ဖြစ်တယ်။ ပိုက်ပိုက်နဲ့ပေးရတာပဲ
သုံးချင်တာသုံးမယ်ဆိုတဲ့သဘောဆိုရင် တစ်မျိုးပေါ့လေ။ ကဲ...ထားလိုက်ပါတော့ အပြင်ရောက်သွား
တယ်။

မည့်သည့်ပရိုဂရမ်မဆို အင်တာနက် access မရအောင်လုပ်ထားချင်ရင်...ဒီလိုလုပ်ကြ
မယ်ဗျာ...

၁။ Control Panel> Windows Firewall ကိုနှိပ်။

၂။ နောက်ဘောက်စ်တွင် ဘယ်ဖက်က Advance Setting ကိုနှိပ်ပါ။ (Window 7)


၃။ ဒီအဆင့်တွင် Windows Firewall Advance Security ဘောက်စ်ပေါ်လာမည်။
၎င်းဘောက်စ်တွင် ဘယ်ဖက် (သို့)အလယ်တည့်တည့်တွင် Inbound Rules ကိုနှိပ်။


၎။ ထိုနောက် အလယ်လယ်တည့်တည့်တွင် ပရိုဂရမ်များပေါ်လာမည်၊ အဲမှာ မိမိပိတ်လိုသောပရို
ဂရမ်ကို Right Click> Properties ကိုနှိပ်။



၅။ ၎င်း Properties ဘောက်စ်ပေါ်လာရင် Block the connection ကို အမှန်ခြစ်
ပြီး Apply> OK


၆။ ပြီးတော့ရင် Windows Firewall Advance Security ဘောက်စ်ကိုပဲ ဘယ်ဖက်
Outbound Rules ကိုနှိပ်၊ ထိုနောက် ညာဖက်တွင် Action> New Rules ကိုဆက်နှိပ်ပါ။


၇။ New Rule Outbound Windzard ဘောက်စ်ပေါ်လာရင် Program ကိုရွေးပြီး Next
ကိုနှိပ်။


၈။ နောက်ဘောက်စ်တွင် Browse တွင် the program path ရွေးပါ။ (path ဆိုတာအောက်
ပါအတိုင်းပါပဲ)


၉။ ဒီဘောက်စ်မှာ Block this connection ကိုရွေးပြီး Next ကိုနှိပ်။


၁၀။ အားလုံးကိုရွေးပြီး Next ကိုပဲနှိပ်၊ နောက်ဆုံးဘောက်စ်မှာ name/ description တွေကို
ရိုက်ထည့်ပြီးရင် Finish ပေါ့ဗျာ။




(ပိတ်ထားတဲ့ ပရိုဂရမ်တွေကို ပြန်ဖွင့်ချင်ခဲ့ရင် လုပ်တတ်မယ်လို့ထင်ပါတယ်)

Ref: Block full internet access to a program

အဆင်ပြေပါစေ...

စောလင်းနက်စ်

(၄၁) ကြိမ်မြောက် ကရင်စာပေနှင့် ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲ

(၄၁) ကြိမ်မြောက် ကရင်စာပေနှင့် ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲကို ကရင်ပြည်နယ်၊ ကော့
ကရိတ်မြို့နယ်၊ ရန်ကုတ်ကျေးရွာတွင် (၉-၅-၂၀၁၁)နေ့မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
ကျနော်လည်း ကရင်စာပေယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲနဲ့ ဆုံဆည်းမှုလေးတွေမရှိခဲ့တာအမှန်။
ဒီနှစ်တော့ ကျနော့်နေထိုင်တဲ့ ဒေါနတောင်ရင်ဝယ်မှာလာရောက်ကျင်းပသည့်အတွက်ရယ်၊ နောက်ပြီး
ကျနော်မိခင်ရွာကို ပြန်ရောက်တဲ့အချိန်နဲ့တိုက်ဆိုင်တာရယ်ကြောင့် ဆုံဆည်းဖြစ်ခဲ့ခြင်းပါလို့ဆိုရမှာပါ။

ဒါပေမယ့် တကယ့်အခမ်းအနားကျင်းပတဲ့ရက်တွေမှာ ကျနော်ကရင်စာပေနှင့် ယဉ်ကျေးမှုစုပေါင်း
သင်တန်းဆင်းပွဲကို အတူရှိမနေခဲ့ပါဘူး။ သို့သော် ပွဲမတိုင်ခင် တစ်ပါတ်လောက်အလို ပွဲကျင်းပမယ့်
ပြင်ဆင်မှုနေရာတော်များများကို ရန်ကုတ်ရွာက လူထုအင်အား၊ ကော့ကရိတ်မြို့နယ်က လူထု၊
ဘားအံ၊ နောင်ကမြိုင်ရွာကျောင်းမာန်နဲာအဲဆိုင့်တို့နဲ့ အင်တိုက်အားတိုက်ပြင်ဆင်ခဲ့ရပါတယ်။ စုပေါင်း
သင်တန်းဆင်းပွဲ (၇-၅-၂၀၁၁)မနက်ပိုင်း ဖွင့်ပွဲကို ကျနော်မှတ်တမ်းတွေရိုက်ကူးပြီး ကိစ္စကြောင့်
ကျနော် ဘားအံကိုဆင်းလာခဲ့ပါတယ်။

ဒါကြောင့် ကျင်းပပုံအခမ်းအနာားအစီအစဉ်တွေကို အခုမရေးပြနိုင်သေးတာဖြစ်တယ်။ ကျင်းပပုံအ
ခမ်းအနားအသေးစိတ်ကို ကျနော် စောမူလျှားဝေါ် (ကရင်တေးရေးဆရာ) ကိုပြောထားပါတယ်။ ကျင်းပပုံအခမ်းအနားအသေးစိတ်ကို ရောလာအတဲ့အချိန်ကျရင် တစ်ဖန်ပို့စ်တင်ပေးသွားမှာဖြစ်တယ်။

အခုလောဆယ် ကျနော်ရိုက်ထားတဲ့ဓာတ်ပုံတစ်ချို့နဲ့ ကော်မတီက edit လုပ်ထားတာမဟုတ်တဲ့
ကျနော်ကိုယ်တိုင်တည်းဖြတ်ထားတဲ့ ဗွီဒီယိုဖိုင်လေးကို အနယ်နယ်အရပ်ရပ်မှနေထိုင်ကြတဲ့ ကရင့်
ညီ၊ကို၊ မောင်၊နှမများခံစားကြည့်ရှုနိုင် ကျနော်ဆိုက်နဲ့ ဇွဲကပင်(ကေဒီအေ)ဆိုက်တို့မှာတင်ပေးထား
မှာဖြစ်ပါတယ်ခင်ဗျာ...

(၄၁) ကြိမ်မြောက် ကရင်စာပေနှင့် ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲ Video Clip


(၄၁) ကြိမ်မြောက် ကရင်စာပေနှင့် ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲ ဓာတ်ပုံ












6/9/11

Fixing "BOOTMGR is missing" Error While Trying to Boot Windows 7 or Vista

Bootmgr is missing = ဆိုတဲ့ error ကွန်ပျူာတာကိုသုံးစွဲသူများအတွက်မကြာကြာ
တွေ့ရပါလိမ့်မယ်။ အဲဒီပြဿနာကိုဖြေရှင်းနိုင်တဲ့နည်းလမ်းလေးကို လေ့လာကြရအောင်။
အောက်ပါပုံသည် Bootmgr is missing = ဆိုတဲ့ error ပုံပေါ့ဗျာ။


BOOTMGR is missing ဖြေရှင်းနည်း

၁။ Window 7 or Vista DVD ကို စက်ထဲထည့်ပြီး Boot တက်လိုက်ပါ။ အောက်ပါ
ပုံအထိရောက်ရင် Next ကိုနှိပ်ပါ။


၂။ နောက်ပါသောပုံတွင် Repair your computer ကိုနှိပ်


၃။ ထိုနောက် System Recovery Option ပေါ်လာရင် မိမိ Repair လုပ်မည့် ၀င်းဒိုး
ကိုရွေးပြီး Next ကိုနှိပ်ပါ။


၎။ နောက်ဆင့်တွင် System Recovery Option ဘောက်စ်ပေါ်လာရင် Startup Repair
ကိုနှိပ်။


၅။ ဒီအဆင့်တွင် Startup Repair က System ကိုပြင်ပေးတဲ့ပုံဖြစ်ပါတယ်။ ဒီအတိုင်းပဲကြည့်
နေလိုက်ပါ။ ပြီးရင် Restart ကျသွားပါလိမ့်မယ်။


မှတ်ချက်=
အထက်ပါ Startup Repair ကိုမရွေးခဲ့ရင်လည်း အဲဒီအစား Command Prompt option
ကိုရွေးနိုင်ပါတယ်။ Command Prompt option ပေါ်လာရင် အောက်ပါ Command ကိုရိုက်
ထည့်ပါ။
bootrec /fixboot > ပြီးရင် Enter ခေါက်ပါ။ ပြီးတော့ Restart ပေါ့ဗျာ။

ကဲ...ဒါပါပဲ။

Ref : BOOTMGR is missing

အဆင်ပြေပါစေ...
စောလင်းနက်စ်

6/6/11

Corel VideoStudio Pro X 3 အတွက် Activate ပြုလုပ်နည်း



အေ...ကျနော်ပြန်ရောက်လာတာနဲ့ ၀ါသနာအရင်းခံတဲ့ ကွန်ပျူတာအကြောင်းလေးတွေကို သိသ
လောက် တတ်သလောက်နဲ့ ရှယ်ပေးလိုက်အုံးမယ်။ အော်ပြောရအုံးမယ်...တစ်နေ့က ဂျီတော့ပေါ်
မှာ ညီလေးလား၊ ညီမလေးလားတော့မပြောတတ်ဘူး။ သူကမေးလိုက်တယ်။ " r u a compu
ter master?" လားတဲ့။ ကျနော်သူ့ကို ဖြေပေးလိုက်တယ်။ မဟုတ်ပါဘူးလို့။ ၀ါသနာရှင်
တစ်ယောက်မျှသာဖြစ်တဲ့ပေါ့ဗျာ။ အော်..ကြံကြံဖန်ဖန်မေးစရာရှားလို့။
ဘာဖြစ်ဖြစ်လေ...ပြီးခဲ့တဲ့လက ကျနော်ရွာကိုပြန်ခဲ့တယ်။ "how to maintain basic PC"
ကွန်ပျူတာအခြေခံလေးတွေ ဘယ်လိုထိမ်းသိမ်းမလဲ...ဆိုအကြောင်းအရာမျိုးတွေကို ရွာမှာ ဆယ်
တန်းခလေးအတွက် သင်ပေးပြပေးတယ်ပေါ့ဗျာ။ ဒါ ကျနော်သိရတဲ့ လေ့လာခဲ့ရတဲ့အကြောင်းအရာ
တွေကို တစ်ဆင့်ပြန်ဝေငှခြင်းဖြစ်ပါတယ်။ မာစာတာမဟုတ်တောင် ကျနော်လုပ်ခဲ့ရတဲ့အလုပ်ကို ကျေ
နပ်တယ်လို့ ပြောရမှာပဲလေ။
ဗွီဒီယိုတည်းဖြတ်တဲ့နေရာမှာ အသုံးတည့်တဲ့ဆော့ဝဲတစ်ခုဖြစ်တဲ့ Corel VideoStudio Pro X
ကို ဘယ် Full Version အဖြစ် လုပ်နည်းမသိသေးသောပုဂ္ဂိုလ်များအတွက် လုပ်နည်းလေးပါ။
ဆော့ဝဲအင်စတောထည့်သွင်းတာ၊ tutorial တည်းဖြတ်ပုံတွေကိုတော့ ကျနော်မပြောပြတော့ပါ
ဘူး။
Activate လုပ်နည်းသက်သက်သာရေးပြသွားမှာဖြစ်ပါတယ်။ ဆော့ဝဲကတော့ အချိန်ရတဲ့အခါကျ
မှ တင်ပေးတော့မယ်။ အခုရည်ရွယ်တာက ဆော့ဝဲအဆင်သင့်ရှိပြီးသူများအတွက်ဖြစ်ပါတယ်။
Corel Video Studio Pro X3 ဆော့ဝဲရဲ့ Keymaker ကိုတင်ပေးလိုက်မယ်။ ဆော့ဝဲက
1 GB ဆိုတော့ Hosting ပေါ်ရောက်အောင် Upload တင်ဖို့အရမ်းကြာလွန်းတော့ နောက်ကျမှ
ကြိုးစားကြတာပေါ့။

ကဲ...အောက်ပါပုံနဲ့တကွလိုက်လုပ်ရုံပါပဲ...

၁။ Corel VideoStudio Pro X3 ကို စက်ထဲ အင်စတောထာည့်သွင်းပြီးဆိုရင် ၎င်းပရိုဂ
ရမ်ကိုဖွင့်လိုက်ပါ။ ပထမဆုံးကြိမ်ဖွင့်လို့ အောက်ပါပုံအတိုင်းမတွေ့သေးရင် ဖွင့်ထားတဲ့၎င်းပရိုဂရမ်
ကိုပြန်ပိတ်လိုက်ပါ။ နောက်ပြီး အဲဒီပရိုဂမ်ကိုပဲထပ်ဖွင့်ပါ။ အောက်ပါပုံအတိုင်းတွေ့ရပါလိမ့်မယ်။
Already Purchased ကိုနှိပ်ပါ။


၂။ Keymaker ကိုဖွင့်ပါ။ အောက်ပါပုံအတိုင်းပေါ်လာရင် Keycode ကို လိုချင်တဲ့ကီးပေါ်တဲ့အ
ထိ နှိပ်ပါ။ ပြီးတော့ copy ယူလိုက်ပါ။


၃။ ခုဏ Already Purchased ကိုနှိပ်လိုက်ရင် အောက်ပါဘောက်စ်ပေါ်လာမည်။ Keymaker
တွင် ၎င်းကူးယူထားတဲ့ Keycode တွေကို Please enter your serial number အကွက်
တွင် ထည့်လိုက်ပါ။ ပြီးတော့ အောက်က Phone Corel ကိုနှိပ်။


၎။ အောက်ပါပုံအတိုင်းပေါ်လာမည်။ ကျနော်ကွင်းထားတဲ့ Installation Code သေချာမှတ်
ထားပြီး Keymaker ဆီ ပြန်သွားပါ။


၅။ ပြီးတော့ Keymaker တွင် Installation code ဆိုတဲ့ဒုတိယအကွက်တွင် ခုဏကမှတ်
ထားခိုင်းတဲ့ code အတိုင်း သေချာစွာရိုက်ထည့်ပါ။ {ဥပမာ= WFJU-WKIR-EKUT-
QK89-PI90}

ထိုနောက် Generate ကိုနှိပ်။ ရလာတဲ့ Activation Code ကီးတွေကို ကော်ပီယူထားလိုက်ပါ။


၆။ အပေါ်က Activation Code ကီးတွေကို အောက်ပါပုံတွင် Activation Code
ကွက်တွင် ထည့်လိုက်ပါ။ ပြီးလျှင် အောက်ခြေက continue ကိုနှိပ်။ ကဲ...ပြီးပါပြီ


၇။ Activation လုပ်လို့အောင်မြင်သွားပြီးဆိုတဲ့ ဘောက်စ်ဖြစ်ပါတယ်။


Download Corel Keymaker
Corel VideoStudio Pro X3 Keymaker

အဆင်ပြေပါစေ...

စောလင်းနက်စ်

6/4/11

How to update Offline "Avira Antivirus"

အင်တာနက်ကွန်ရှင်းနဲ့ ဝေးနေသူများအနေဖြင့် Avira Anti Virus Software သုံးစွဲသူများ
Offline update လုပ်လို့အဆင်မပြေသူတွေအတွက် ဒီပို့စ်က အကူအညီပေးနိုင်ပါလိမ့်မယ်။ အသုံးလည်းအတော်လေးတည့်တယ်။
ကျနော်အခုပေးမယ့် အောက်ကဒေါင်းလုဒ်လင့်ကို ဒေါင်းလုဒ်ပြီးလျှင် RAR ဖိုင်ကိုဖြေလိုက်ပါ။ ၎င်းဖိုလ်
ဒါတွင် ဖိုင် (၂)မျိုးတွေ့ပါလိမ့်မယ်။
(၁)avira_antivir personal en
(၂) vdf-fusbundle ဇစ်ဖိုင်နဲ့ နှစ်မျိုးတွေ့ရမှာပါ။

ဒီဗိုင်းရပ်စ်ဆော့ဝဲကို မိမိစက်ထဲထည့်သွင်းချင်ရင် ၎င်း avira_antivir personal en ကို အင်
စတောမောင်းလိုက်ပါ။ အင်စတောထည့်သွင်းနည်းကိုတော့ ကျနော်မပြောတော့ဘူး။ လုပ်တတ်မယ်လို့
မျှော်လင့်ပါတယ်။ ၎င်းဆော့ဝဲကို အင်စတောထည့်သွင်းပြီးလျှင်...

Offline Update လုပ်နည်း...
၁။ ၎င်းပရိုဂရမ်ကိုဖွင့်လိုက်ပါ။

၂။ ဖွင့်ပြီးလျှင် အောက်ပါပုံအတိုင်း Menu က Update ကိုနှိပ်။ ပြီးတော့ Manualupdate ကိုဆက်
နှိပ်ပါ။


၃။ နောက်ဘောက်စ်တစ်ခုပေါ်လာရင် (၂) vdf-fusbundle ဇစ်ဖိုင်ကိုရွေးပြီး Open နှိပ်။
ပြီးလျှင် ခဏစောင့်ပါ။ တစ်မိနစ် နှစ်မိနစ်လောက်ကြာရင် (update) လုပ်တာပြီးသွားလျှင် OK

ဒေါင်းလုဒ်...
update Offline "Avira Antivirus"

ကဲ...ဒါပါပဲ။ အဆင်ပြေပါစေ...

စောလင်းနက်စ်

6/2/11

PDF Page Resizer Software

စီဘောက်စ်မှာ ညီးလေးတစ်ယောက်က pdf file ဘယ်လိုချုံးရမလဲ မေးတာကြာပါပြီ။ အင်တာနက်
နဲ့ဝေးတာနဲ့ မဖြေပေးနိုင်ဘူး။ အခုမှပြန်ရောက်တာလေ။ အချိန်ရတာနဲ့ သိတာလေးဖြေပေးလိုက်တယ်။
ဒီထက်ကောင်းတာတွေ့ပြီးသားဆိုရင်လဲ ဒိတ်အောက်တယ်လို့ပဲ သဘောထားလိုက်ပေါ့ဗျာ။ နောက်ပြီး
ကျနော်လဲ အိုင်တီဆရာကြီးမဟုတ်လေတော့ သိသလောက်နဲ့ဖြေပေးရတာလေ။ ကျနော်ဆိုက်မှာ နည်း
ပညာစုစည်းတာလွဲရင် မည်သူတစ်စုံတစ်ယောက်နဲ့မျှ ပြိုင်ဆိုင်လိုခြင်းဆန္ဒမရှိရိုးအမှန်ပါ။


PDF Page Resizer Software

လုပ်ပုံနည်းလုပ်နည်းကတော့ အင်စတောထည့်သွင်းပြီးရင် အထက်ပါပုံအတိုင်း လိုက်လုပ်ရုံပါပဲ။
Trial Version သာရသေးသည့်အတွက် ဒါပဲသုံးလိုက်ဦးပေါ့။

ဒေါင်းလုဒ်
ဒီနေရာမှာသွားပြီးဒေါင်းလုဒ်ပါ

Explorer ဆိုတဲ့ Virus သတ်နည်း

အင်တာနက်နဲ့ ရက်တော်ကြာဝေးသွားတယ်။ ခုတော့ ပြန်ရောက်ပြီးလေ။ ဒါကြောင့် စီဘောက်စ်
မှာမေးထားတဲ့ ´Explorer ဆိုတဲ့ Virus သတ်နည်း´ကို တင်ပေးလိုက်တယ်။ လိုက်ပြီးစမ်း
ကြည့်ပါ။ နားမလည်ရင် ထပ်ခါထပ်ခါဖတ်ပြီး လိုက်စမ်းကြည့်ပါ။

ပထမဆုံး Autoruns.exe ဆိုတာလေးကို Download ဆွဲချပါ။ ပြီးရင် .zip File
ကိုဖြေပြီး C:WINDOWS အောက်ကိုပို့လိုက်ပါ။ ပြီးရင် Window+R နှိပ်လိုက်ရင် Box ပေါ်
လာမယ်။ အဲဒီ Box ထဲမှာ autoruns လို့ရိုက်ထည့်လိုက်ရင်

Boxတခုထပ်ပေါ်လာမယ်။အဲဒီ Box ထဲက HKLM/SOFTWARE/Microsoft/Windows/
CurrentVersion/Run အောက်က explorcr ဆိုတာ ကို one click ပေးပြီး
Delete နဲ့ ဖြတ်လိုက်ပါ။ ပြီးရင်ထွက်လို့ရပါပြီ။

Step 2
Ctr+Alt+Del ကိုနှိပ်ပါ။ ပေါ်လာတဲ့ Box က Processes ကို Click ပါ။ အဲဒီ
အောက်မှာ explorcr.exe ဆိုတာကို Click ပြီး ညာဘက်အောက်ဆုံးက End
Process ကို Click ရင် Box ပေါ်လာမယ် Yes ကိုရွေးလိုက်ပါ။

Step 3
My Computer ထဲဝင်လိုက်ပါ။ ပြီးရင်အပေါ်ဆုံးဘားတန်း Tools အောက်က Folder
Options ကို Click ပါ။Folder Options Box ပေါ်လာရင် View ကို Click
ပါ။ View အောက်က Show hidden files and folders ကို Click ပေးပါ။
သူ့၂ခုကျော်က Hide protected operating system files (Recommened)
ဆိုတဲ့ အမှန်ခြစ်ပေးထားတာကိုဖြုတ်လိုက်ပါ။ ပြီးရင် OK နှိပ်ပြီးထွက်လိုက်ပါ။

Step 4
သင့် mp3(သို့)mp4 ကိုတတ်ထားပါ။ mp3(သို့)mp4 ထဲဝင်မယ် ဆိုလျှင် Double
Click နှိပ်ပြီးမ၀င်ပါနဲ့ Window+E နှိပ်လိုက်ပါ။ My Computer Box ပေါ်လာပါလိမ့်မယ်။
အဲလိုပေါ်လာရင်ဘယ်ဘက် Box က သင့် mp3(သို့)mp4 ကို Click ပေးပြီးဝင်ပါ။ ၀င်ပြီး
ရင် mp3(သို့)mp4 ထဲမှာ.exe ဆိုပြီ ၂ခုရယ် Autoruns ဆိုတာရယ်ရှိပါမယ်။အဲဒီ ၃ခုက
မှိန်နေပါမယ်။ အဲဒီ ၃ခုကိုဖြတ်လိုက်ပါ။
သေချာကြည့်ဖြတ်ပါ သင့်မှုလ Folder ကလည်းမှိန်နေပါတယ်။ အဲဒီ Folder ကို right
-click ပေးပြီး properties ထဲဝင်ပါ။ Box တခုတတ်လာပါမယ် Hidden ဆိုတာကို
click ပေးထားတာကို ဖြုတ်လိုက်ပြီး OK နှိပ်လိုက်ရင် Box တခုထက်တတ်လာပါမယ်။
Apply changes to this folder only ကို click ပေးပြီး ok နှိပ်ပါ။ပြီးရင်စော
စောက Box မှာ ok ထက်နှိပ်ပါ။

Step 5
Window+R နှိပ်ပါ။ Box ထဲမှာ regedit လို့ရိုက်ထည့်ပါ။ပေါ်လာရင် Ctr+F နှိပ်လိုက်ရင်
Box တခုတက်လာပါလိုက်မယ်။ Find What: ဆိုတဲ့နေရာမှာ explorcr လို့ရိုက်ပြီး Find
Next ကို Click ပါ။အဲဒီမှာ explorcr virus နေရာယူထားတဲ့နေရာ တွေကိုပြပါလိုက်မယ်။
delete လုပ်ပါ။ပြီးရင် F3 နှိပ်ပါ။ explorcr virus နေရာယူထားတဲ့နေရာထပ်ပေါ်လာပါမယ်။
အဲလိုပဲ F3 နှိပ်ပြီးမကုန်မချင်း ဖြတ်ပါ။အဲဒါပြီးရင်တော့ပြီးပါပြီ။

မှီငြမ်း =http://tgderic.multiply.com/journal/item/74/74

Related Posts...! {ဆက်စပ်ပို့စ်များ}