Popular Posts

Labels

How to make Karaoke Text

Karaoke စာတန်းထိုး ပြုလုပ်နည်း---ကို ပြုလုပ်တဲ့နေရာမှာ (၁) မိမိပြုလုပ်မည့်စာတန်းကို Photoshop နဲ့ပြု ခြင်း (၂) ၎င်းပြုလုပ်ထားသည့် psd ဖိုင်ကို adobe after effect ဆော့ဝဲမှာထည့်ပြီး Karaoke စာတန်းထိုး ပြု လုပ်ခြင်းဆိုပြီး အပိုင်းနှစ်ပိုင်းနဲ့ပြုလုပ်ရပါမယ်။

Wireless router တစ်ခုတည်ဆောက်မယ်

ကျွန်တော်တို့ တစ်တွေသည် စာတွေနှင့်ရှင်းပြသည်ထက် ပုံကလေးတွေနှင့်ရှင်းပြသည်ကို နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ဒါကြောင့် ကျွန်တော် သူငယ်ချင်းတို့ တစ်တွေနားလည်ရလွယ်ကူအောင် router/access point တစ်ခု တည်ဆောက်ပုံကို အတတ်နိုင်ဆုံးရှင်းလင်းလွယ်ကူမှုရှိအောင် ပုံကလေးတွေနှင့်ရှင်းလင်းပြပေးပါမယ်။ ဤလမ်းညွှန် ချက်ကလေးဟာ Linksys WRT54G ကို အခြေခံထားပါတယ်ခင်မျာ။

How to Reset / Remove / Bypass a BIOS or CMOS Password

BIOS or CMOS Password တွေကို Reset / Remove / Bypass လုပ်ရမည့်နည်းတွေရေးပြမလို့။ ကျနော်ဆိုက်မှာဒီအကြာင်းနဲ့ပတ်သက်ပြီးအရင်ကတင်ထားခဲ့ပါတယ်။ သိပ်မစုံတာနဲ့ အခုထပ်ပြီးရေးလိုက်တာပါ။ BIOS or CMOS Password ဆိုတာ ကွန်ပျူတာရဲ့ လုံခြုံရေးပိုင်း၊ system ပိုင်းကို ကာကွယ်တဲ့အနေနဲ့အသုံးပြု တဲ့ Tool တစ်ခုပါ။ တစ်နည်းအားဖြင့် BIOS Setting ဒါမှမဟုတ် Boot Setting ကို တစ်စုံတစယောက်က ၀င် ရောက်မပြင်နိုင်အောင် ကာကွယ်တဲ့အနေနဲ့ BIOS or CMOS Password ကိုအသုံးပြုကြပါတယ်။

Window Password များကို Trinity Rescue Kit or TRK နဲ့ ဖြုတ်မယ်

ပတ်စ်ဝါဒ်ဖြုတ်တဲ့နည်း တွေက အများကြီး တစ်ချို့ကအဆင်ပြေတာလဲရှိသလို မပြေတာလဲအများကြီးပဲ။ အင်တာ နက်ပေါ်မှာရှာလိုက်ရင် ပတ်စ်ဝါဒ်ဖြုတ်တဲ့ဆော့ဝဲလ်တွေအများကြီး ဒါပေမယ့် တော်တော် များက Free License မဟုတ်တော့ တကယ်သုံးကြည့်တဲ့အခါ အဆင်မပြေပါဘူး။ နောက်တော့ ကျနော် Linux Live CD ကို သုံးပြီး ၀င်းဒိုးပတ်စ်ဝါဒ်ကို ဖြုတ်တဲ့နည်းကို စမ်း သုံးကြည့်တယ်။ သူကျတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် သူကျတော့ လုပ်ရ ကိုင်ရတာနည်း နည်းတော့ ခက်တယ်။

Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်း

ကျနော် ဒီ Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်းကိုရေးရသည့်အကြောင်းကသူငယ်ချင်းတွေက မကြာခဏမေးလာတာတစ်ကြောင်း၊ နောက်ပြီးဗွီဒီယို Camera ၀ယ်ထားပြီး ကွန်ပျူတာစက်များပိုင် ဆိုင်ထားပါ လျှက်နဲ့ မိမိရိုက်ထားတဲ့ ဗွီဒီယိုဖိုင်မတည်းဖြတ်တတ်သူများအတွက် ရည်ရွယ်တာကတစ်ကြောင်း၊ ကွန်ပျူတာဝါ သနာပါသော ညီငယ်များတစ်ဖက်တစ်လမ်းအကျိုးရှိစေရန်ရည်ရွယ်တာကတစ်ကြောင်းအကြောင်းပေါင်းများစွာနဲ့ ကျနော်အချိန်အနည်းငယ်ပေးပြီး ကြိုးစားရေးပေးလိုက်တာဖြစ်ပါတယ်။ တကယ်တော့ ကျနော်ဟာ Edit သမား တစ်ယောက်မဟုတ်ပါ။

5/15/10

ဆော့ဝဲအချို့အင်စတော error ဖြေရှင်းနည်း

စောလင်းနက်စ်

system administrator has set policies to prevent this installation



ဟုတ်ကဲ့ အထက်ပါ error မျိုးတွေ့ကြုံဖူးကြလိမ့်မယ်ထင်တယ်။ Microsoft Office, Neroတို့လို ဆော့ဝဲမျိုး အင်စတောမောင်းလိုက်ရင် အထက်ပါ error မျိုးတက်လာတာတွေ့ရတတ်တယ်။ ကျနော်ကတော့ အင်တာနက်ပေါ်မှာ
တော်တော်အချိန်ပေးလိုက်ရတယ်။ ဖြေရှင်းနည်းကတော့ အများကြီးပဲ၊ နည်းလမ်းအများထဲတွင် အောက်ပါ registry editorနဲ့ ဖြေရှင်းတဲ့နည်းအဆင်ပြေဆုံးလို့ထင်ပါတယ်။ ဒါကြောင့် system administrator has set policies
to prevent this installation ပြဿနာအတွက် အောက်ပါ registry editorနဲ့ ဖြေရှင်းကြရအောင်...
1. Start/Run (Window + R)သို့ ၀င်လိုက်ပါ
2. Run အကွက်ထဲတွင် regedit ရိုက်ထည့်ပြီး Enter
3. အောက်ပါ Path လမ်းကြောင်းတိုင်းရောက်အောင်သွားပါ

HKEY_LOCAL_MACHINE\Software\Policies\Microsoft\Windows\Installer


4. disableMSI ကလစ်နှစ်ချက်နှိပ်ပါ ပေါ်လာသောအကွက်တွင် 0 ရိုက်ထည့်ပြီ OK


computer ကို Restart ချလိုက်ပါ အားလုံးအဆင်ပြေပါစေ...

5/14/10

Mgy Virus ( mgy.exe ) အပြတ်ရှင်းရန်

စောလင်းနက်စ်

ဒီ mgy virus အကြောင်းကို ဘာဖြစ်လို့ အများကြီးတင်ထားရတာလဲဆိုတော့ ဒီတစ်ရက်နှစ်ရက်အတွင်း ဒီvirusနဲ့ပဲ
နပန်းလုံးနေရလို့ တွေ့သမျှသူ့အကြောင်းကို စုစည်းတင်ထားတော့တာပဲ။ ကျနော့်ကွန်ပျူတာရော သူငယ်ချင်းကွန်ပျူတာ
တွေပါ တော်တော်အလုပ်ရှုပ်ခဲ့တယ်။ ဒါကြောင့် ဒီmgy virus cleanerသည် mgy virusကို အပြတ်ရှင်းလင်းပါ
လိမ့်မည်။

ယခုလအတွင်း mgy virus ( mgy.exe ) Magway FC virus သည် ကွန်ပျူတာများအတွင်းသို့ ကူးစက်ပျံနှံနေသည် mgy virus ၀င်ပါက စက်ကိုလေးလံစေပြီး Task Manager, Folder Options, registry, command prompt, Search Menu တို့ကို ဖွင့်၍မရပဲ၊ တစ်ခါတစ်ရံ Taskbar ညာဘက်ထောင့်တွင့် Magway FC Logo တက်လာပါတယ်။

mgy virus ( mgy.exe ) cleaner ကို free download ဆွဲပြီး virus ၀င်နေသော စက်တွင် run ၍ ရှင်းလင်းနိုင်ပါသည်။

အသုံးပြုနည်း

1.zip file ကိုဖြည်လိုက်ပါ
2.zip file ကိုဖြည်ပြီး ရရှိလာတဲ့ folder ကိုဖွင့်ပြီး ထိုဖိုဒါတွင် processExploror ကို ထပ်ဖွင့်ပါ။ ထိုနောက်
ပုံမှာပြတဲ့အတိုင်း လိုက်လုပ်ပါ။ (ဒါမှမဟုတ် MgyVirusCleaner Readme pdf file ကို ဖတ်ပါ)



3.ထိုနောက် mgyviruscleaner ကို ကလစ်နှစ်ချက်နှိပ်။
ခဏစောင့်ပြီး ကွန်ပျူတာကို Restart ချပါ။

ဒေါင်းလုဒ်ရန်လင့်များ
MgyVirusCleaner.zip

Mediafire Link:
mgy virus cleaner

Ref:Ma Yupa (Myanmar IT Pro)

5/11/10

ဒီတလော သောင်းကျန်းနေတဲ့ mgy.exe virus

Mgy.exe ကို စတွေ့ရတာကတော့ 2009 ဒီဇင်ဘာမှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ် 15.6 MB ရှိပါတယ်။ မကွေးဖက်ဖ်စီကို အားပေးတဲ့ ပရိတ်သတ်တစ်ယောက်ကနေ ဖြန့်တာလို့ ယူဆရပါတယ်။ မကွေးဖက်ဖ်စီ လိုဂိုနဲ့ taskbar အပေါ်နားမှာ ပေါ်လာတတ်လို့ပါ။
mgy.exe တွေ့ရတဲ့နေရာတွေကတော့ C:\ , C:\Windows\ , C:\Windows\system32 နဲ့ အခြားသော partation တွေမှာ hidden file အနေနဲ့ တွေ့ရပါတယ်။
သူရဲ့ Action ကတော့ Task Manager, Regedit, cmd, Search စတာတွေကို ပိတ်ပါတယ်။ Folder Option ကိုတော့ ဖွင့်ထားပေးပြီး Do not show hidden files and folders နဲ့ Hide protecetd operation system files ကိုတော့ ပြင်လို့မရပါဘူး။
သူ့ကိုရှင်းဖို့အတွက် သုံးမယ့်ဆော့ဖ်ဝဲလ်တွေကတော့
Task Killer, CCleaner, iRepairMan ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်တွေနဲ့ Manual သတ်နည်း ကို ဒီမှာ http://sharebee.com/8ba187a4 တင်ပေးထားပါတယ်။
ပထမဆုံး CCleaner နဲ့ task killer တွေကို install လုပ်ပါမယ်။
task killer ကို run လိုက်ပါ။ taskbar မှာ အရိုးခေါင်းပုံနဲ့ ပြထားပါလိမ့်မယ်။ အဲဒီပုံကို Right click ပေးပြီး Settings ကို ၀င်လိုက်ပါ။ Process မှာ Show full path ကို check mark ပေးလိုက်ပါ။

Comfirmations မှာ No confrimation ကိုရွေးပါမယ်။
အရိုးခေါင်းကို နှိပ်ကြည့်လိုက်ရင် windows မှာ run နေတဲ့ process တွေကို တွေ့ပါလိမ့်မယ်။

အနီနဲ့ ပြထားတာတွေကတော့ Mgy.exe နဲ့ သူ့ရဲ့ အနွယ်အပွားတွေဖြစ်ပါတယ်။
အဲဒီ process တွေကို လိုက် ကလစ်လိုက်ပါ။ List ထဲမှာ မပြတော့တဲ့အထိ (လိုအပ်ရင်) ထပ်ခါထပ်ခါ လိုက်ပိတ်ပါ။
အနီပြထားတဲ့ .exe တွေမရှိတော့ရင် iRepairman.exe ကို Run လိုက်ပါ။

Repair All Settings ကိုနှိပ်ပေးပါ။ Hidden ဖြစ်နေတဲ့ mgy.exe နဲ့ autorun.inf တွေပေါ်လာပါလိမ့်မယ်။ တကယ်လို့မရရင် foldersettings.reg ကို Run ပေးပါ။ ပြီးသွားရင် mgy.exe နဲ့ autorun.inf တွေကို လိုက်ဖျက်လိုက်ပါ။ C:\ , C:\Windows , C:\Windows\System32 နဲ့ အခြားသော Partation တွေမှာပါ လိုက်ဖျက်ပေးပါ။ ပြီးရင် address bar ကတဆင့် C:\WINDOWS\system32\{271287-000021-100287-705016} ကိုသွားပြီး အဲဒီထဲက ဖိုင်တွေ အားလုံးဖျက်ပစ်ပါ။
သတိထားရမှာကတော့ ဒီနေရာမှာ C:\ , D:\ တို့ကို ၀င်တဲ့အခါ double click မသုံးမိဖို့ပါပဲ။ double click အစား Right click ကနေ Explorer ကို သုံးပေးပါ။

နောက်တဆင့် အနေနဲ့ CCleaner ကိုဖွင့်ပါ။ Tools > Startup ကိုသွားပါ။
အနီနဲ့ ပြထားတဲ့ program တွေကို Disable လုပ်ပေးပါ။ ပြီးရင် Windows ကို Restart လုပ်ပေးပါ။
နောက်ဆုံးအနေနဲ့ ဆော့ဖ်ဝဲလ် install/uninstall ပိတ်ထားတာကို Group Policy ကနေပြန်ပြောင်းပါမယ်။
Administarator အနေနဲ့ Login ၀င်ပေးပါ။ Control panel ထဲက Administrative Tools ကိုသွားပါ။ Local Security Setting ကိုဖွင့်ပါ။ Software Restriction Policies ကိုရွေးပါ။ အဲဒီပေါ်ကို Right Click နဲ့ Create New Policies ကိုရွေးပေးပါ။


Enforcement ကို Double click ပေးပါ။ All users except local administrators ကိုရွေးပေးပါ။ ပြီးရင် Apply လုပ်လိုက်ပါ။ စက်ကို Restart လုပ်ပေးလိုက်ပါဦး။ ဒါဆိုရင် အားလုံးပြီးသွားပါပြီ။

အဆင်ပြေမယ်လို့ ယူဆပါတယ်။ ကျွန်တော်လည်း အဲဒီနည်းနဲ့ စက်အတော်များများ ရှင်းပေးခဲ့ရလို့ပါ။

MysteryZillion.org မှာလည်း mgy.exe ကို သတ်နည်း အရင် ရေးခဲ့ပါသေးတယ်။ ဒီပိုစ့်ကတော့ ပုံတွေနဲ့ သေချာရှင်းပြထားတာပါ။ အဆင်ပြေကြပါစေ။


ဒီကနေကူးယူထားတာပါခင်ဗျာ။ ကျေးဇူတင်ပါတယ် ခင်ဗျာ။
source:IT Menhttp://forcedcashgifts.com/?ref=sbsangpi

Mgy.exe Virus

သူ့ ရဲ့ တိုက်ခိုက်ပုံကတော့ အရင် .vbs extension နဲ့ ၀င်လာတတ်တဲ့ အကောင်တွေလိုပါဘဲ အမျိုးအစားက Cloaked Malware အမျိုးအစားဖြစ်ပါတယ်။ PC User တွေကိုတော့ လုံးဝစိတ်ဆင်းရဲအောင် လုပ်တာပါ၊ regedit.exe တို့ ကိုဖျက်ဆီးပစ်လိုက်ပါတယ်။ exe file extension အနေနဲ့ တော့ SMSS.exe, DCIM.exe, Recycler.exe,CSRSS.exe, Toprint.exe , VIDEO.exe ဆိုပြီးအယောင်ဆောင်လိုက်တယ် ပြီးတာနဲ့ PC ကို ပြသနာရှာပါလေရော။ သူ့ ရဲ့ FILE SIZE ကတော့ 16417245 bytes ဖြစ်ပါတယ်၊ သူ့ ရဲ့ မွေးရပ်ဇာတိကတော့ Singapore နဲ့ Myanmar နိုင်ငံကလို့ Detection စတင်တွေ့ ရှိတဲ့ Prevx ဆိုတဲ့ anti virus company က ဆိုပါတယ်ဗျာ။

သူ့ ကို removal လုပ်ဖို့ Tools ကတော့ Prevx ဆိုတဲ့ removal tool ကိုသုံးနိုင်တယ်လို့ ဆိုထားပါတယ်။ ဒီ malware က ဇန်န၀ါရီ ၂၀ ရက်နေ့ ကမွေးဖွားတာ ဖြစ်ပါတယ်။ဖြစ်ပုံက msconfig လည်း အလုပ်မလုပ်တော့ပါဘူး။ Registry Editor has been disabled by administrator လို့ ပြောပါလိမ့်မယ်ဗျာ။ C:\windows\system32 ထဲမှာလဲ ၀င်နေပြီဗျား၊ ဒါနဲ့ start menu,runထဲမှာREGaddHKCU\Software\Microsoft\Windows\CurrentVersion\Policies\System /v DisableRegistryTools /t REG_DWORD /d 0 /f ရိုက်ထည့်ပြီး run လိုက်တော့ regedit ပြန်ပြီးအလုပ်လုပ် လာတယ်ဗျ၊ Floder Option အတွက်တော့ HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\ExplorerHKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\Explorer ကိုဖွင့်ပါ အဲဒီကိုရောက်ရင်တော့ Folder Option ထဲက Virus ရှိလျင်ဖေါ်ပြနေကြအတိုင်း right-side panel ထဲမှာ No Folder Option ဆိုတဲ့ DWORD Value Name ကိုတွေ့ ပါလိမ့်မယ်ဗျာ၊ အဲဒါကို Delete လုပ်ပြီးရင်တော့ Tool Menu ထဲမှာ Folder Option ပြန်ပေါ်လာပါတယ်။ ဘယ်လိုလုပ်ရမလဲလို့ လိုက်ရှာကြည့်လိုက်တော့ အောက်က software ကိုသွားတွေ့ တယ်ဗျာ။

အဲဒီ software ကိုသုံးပြီး scan စစ်ကြည့်လိုက်ရင်တော့ mgy.exe malware ကို detect ဖြစ်တယ်ဆိုတဲ့အကြောင်းသတင်း ပို့ ပါလိမ့်မယ်၊ removal လုပ်မယ်ဆိုရင်တော့ Activation key ကိုတောင်းပါလိမ့်မယ် သဘောကတော့ ၀ယ်ခိုင်းတာပါ။လက်ရှိကတော့ရှင်းလင်းနိုင်တာPrevxတစ်မျိုးထဲရှိတယ်လို့ဆိုပါတယ်။ ကျန်တဲ့ နောင်တော် Antivirus တွေဖြစ်တဲ့ Kaspersky တို့ Norton တို့ Mcafee , Avira အစရှိတဲ့ Antivirus တွေက Detect လုံးဝ မလုပ်နိုင်ပါဘူးခင်ဗျာ။ Prevx version 3.0 ကို တော့ PC World Magazine ရဲ့ Editor Choice လို့ ဆိုထားပါတယ်။ Key များအလကား ရမလားလို့ ကျွန်တော် ရှာကြည့်သေးတယ် မတွေ့ ပါဘူးဗျာ။ Key အလကားရှာတဲ့သူတွေကတော့ အများကြီးဘဲဗျ။

နောက်တော့ရှာရင်းဖွေရင်းကနေTrjsetup681.exeလေးကိုတွေ့တော့စမ်းကြည့် လိုက်တာသိပ်အခြေအနေမဆိုးသေးလို့လားမသိဘူးအဆင်တော့ပြေသွားပါတယ်ဗျာ။အပေါ်ကsoftwareကိုဝယ်သုံးရမှာဝယ်မသုံးချင်ဘူးဆိုရင်တော့trjsetupလေးနဲ့ စမ်းကြည့်လိုက်ပါ။Googleမှာရှာလိုက်ရင်လွယ်ပါတယ်linkတွေအများကြီးပါကြိုက်တဲ့ Link ကနေ download ချပြီးစမ်းကြည့်လိုက်ပါဗျား။

ref:http://www.icrawl.org/54638352678-mgy-exe-virus

Related Posts...! {ဆက်စပ်ပို့စ်များ}