Popular Posts

Blog Archive

Labels

1/27/10

မုသားနုံကံ

ကံအကျိုးပေး မကုန်သေး၍
ခံစားလိုက်အုံး စံလိုက်အုံး၊
အကျိုးပေးကံ ကုန်ပြန်လေသော်
စံပေအုံးတော့ ခံပေတော့၊

လူမသိလည်း နတ်သိ၏တဲ့
ယုံအောင်ကျိန်ပြော ကြောက်အောင်ဆိုလည်း
နင်မယုံနဲ့ ငါလဲမယုံ၊

ဘာကြောင့်လဲ
ဘယ်မှာလဲနတ် လက်ညိုးထိုးပြ
နင်လည်းမမြင် ငါမမြင်ရ
တကယ်ကိုယ်ရှိ သိနေသည်ကား
နင်ပြုနေတုန်း နင်တကယ်ရှိ
ငါလုပ်သမျှ ငါဘဲသိမည်
ဒေ၀ါနတ်ပေါ် မပုံချသင့်၊

ပြုသမျှကံ ပဲ့တင်သံကား
တနေ့ငါ့ထံ လာမည်မလွဲ
သင်လည်းကြိုနေ ဧကံမုချ
လာမိမ့်မည်။ ။

ဝတက် (ကျုံပကို)

0 comments:

Post a Comment

Related Posts...! {ဆက်စပ်ပို့စ်များ}