Popular Posts

Labels

2/22/10

Google ၏မြန်နှုန်းမြင့် Broadband ကွန်ရက်

Myanmarinternetjournal

Fiber ဈေးကွက်ကို တုန်လှုပ်စေမည့် Google ၏မြန်နှုန်းမြင့် Broadband ကွန်ရက်

နာမည်ကျော် search engine တစ်ခုဖြစ်တဲ့ Google ဟာ အင်တာနက်ကို gigabit နှုန်းဖြင့် home business အပါအ၀င် လူသန်းပေါင်းများစွာ အသုံးပြုနိုင်စေမယ့် မြန်နှုန်းမြင့် broadband ကွန်ရက်ကို စမ်းသပ်ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
ွGoogle ရဲ့ ထုတ်လုပ်မှုမန်နေဂျာများဖြစ်တဲ့ Minnie Ingersoll နဲ့ James Kelly တို့ရဲ့ GOOG ဘလော့ဂ်တွင်ဖော်ပြချက်အရ အဆိုပါ မြန်နှုန်းမြင့် broadband ကွန်ရက်ကို အမေရိကန်နိုင်ငံရှိ နေရာအချို့တွင် စမ်းသပ်အသုံးပြုလျက်ရှိပြီး လက်ရှိအမေရိကန်တွင် အသုံးပြုနေတဲ့ 1Gbps ထက် အဆ ၁၀၀ ပိုမိုမြန်ဆန်ကြောင်း သိရပါတယ်။ Google ဟာ အဆိုပါကွန်ရက်ကို အနည်းဆုံး လူငါးသောင်းမှ အများဆုံးလူငါးသိန်းအထိ စမ်းသပ်ဝန်ဆောင်မှုပေးရန် စီစဉ်လျက်ရှိပြီး မျိုးဆက်သစ် application များ ဖွံ့ ဖြိုးတိုးတက်ရန်အတွက် မြှင့်တင်ခြင်း၊ ဖိုက်ဘာကွန်ရက်ထက် ပိုမိုကောင်းမွန်တဲ့လမ်းကြောင်းသစ်ကိုရှာဖွေခြင်း စတဲ့ရည်ရွယ်ချက်များ ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါမြန်နှုန်းမြင့် broadband ကွန်ရက်ဟာ high-definition ဗီဒီယို
တစ်ကားလုံးကို ငါးမိနစ်အတွင်း download ပြုလုပ်ပေးနိုင်ပြီး 3D streaming, telework နဲ့ telepresence များကိုလည်း အသုံးပြု
နိုင်စေမှာဖြစ်ကြောင်း Google မှပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment

Related Posts...! {ဆက်စပ်ပို့စ်များ}