Popular Posts

Labels

4/24/11

Malware အကြောင်း....ကျွန်တော် သိသမျှ.........

ခုတလော.....

Virus အသစ်တွေ ပေါ်နေသလို တခြားနည်းနဲ့ စက်ကို လေးအောင် လုပ်တတ်တဲ့အရာတွေလည်း အမျိုးမျိုးရှိနေတယ်..။
အခု ကျွန်တော်ပြောမှာက Malware အကြောင်းပါ...။
ဥပမာဗျာ...
အထူးသဖြင့်...သူငယ်ချင်းတို့ ရဲ့ Gtalk မှာစာရေးတယ် ၊ဖိုင်တွေဖွင့်တဲ့ အခါမှာ တော်တော်နဲ့မပွင့်ပဲ လေးနေတယ်..၊
ဆိုရင် ဒါကို ကျွန်တော်အတွေ့အကြုံအရ Malware ကြောင့်ပါပဲ...။
Gtalk မှာစာတွေရေးတဲ့ အခါမှာ ကိုယ်အခုရေးနေတဲ့ အခါမှာ မပေါ်သေးဘူး...။ဒါပေမဲ့ ..Enter နှိပ်လိုက်ရင်တော့ ရောက်သွားတယ်..ဆိုရင်...ကိုယ်ဖွင့်တဲ့ ဖိုင်လေးက တော်တော်နဲ့ မပွင့်ပဲ....လေးပြီးနေတယ် ဆိုရင်...
ဒါဟာ ....Malware ကြောင့်ပါ...။
ဒါကို ဒီနေရာကနေ Download ဆွဲယူပါ..။

အောက်မှာတော့ သူတို့ ပေးထားတဲ့ Pro တော့ ရှိတာပေါ့ဗျာ..။ကျွန်တော်တို့ကတော့ ဝယ်ဖို့ မဖြစ်နိုင်ဘူးလေ..။
ဒါကြောင့်...အလကားရတာပဲ...ဆွဲလိုက်ပါ..။ ပြီးရင် run လိုက်ပါ...။ ပြီးရင် သတ်တာကတော့ .... ၃ မျိုးရှိပါတယ်..။
Quick , Deep , Custom ဆိုပြီး ၃ မျိုးရှိပါတယ်..။

Deep ကို ရွေုးပြီး Scan လုပ်ပေးပါ...။
Scan လုပ်တာ ၃ နေရာကိုပါ..။
Memory , Registry , Files and Folder တွေကိုပါ..။
သူဖာသာ သူ Scan လုပ်ပါလိမ့်မယ်..။
ပြီးရင်....သူရှာတွေ့တယ် ဆိုရင်....တွေ့တဲ့နေရာမှာ အနီရောင်နဲ့ ပြပါတယ်..။
ဘာမှ စဉ်းစားမနေပါနဲ့ ....။ အပေါ်မှာ ပေါ်နေတဲ့ Process ကိုနှိပ်ပြီး...သူထပ်ပေါ်လာတဲ့ ဘောင်မှာ...အမျိုးမျိုးရှိပါတယ်..။
Remove ကိုပြောင်းပေးပါ..။
နောက်..အောက်မှ Apply အပေါ်တွင် Remove ကိုပြောင်းပေးပါ...။ စက်ထဲမှာ ရှိသော ဘာမှ မထိခိုက်ပါ...။
Registry လည်း မပျက်စေနိုင်ပါ..။ကျွန်တော် အာမခံပါတယ်..။
ပြီးရင်တော့....Apply ကိုနှိပ်ပြီး အပြီးရှင်းထုတ်လိုက်ပါ...။
ဒါမျိုး..တစ်နေ့ နှစ်ခါလောက်လုပ်ပေးပါ...။ ပထမတစ်ခါတော့ သူငယ်ချင်း...အံ့သြနေပါလိမ့်မယ်..။
ငါ့စက်ထဲမှာ ဒီလောက်တောင်မှ Malware တွေဝင်နေပါလားလို့ စိတ်ပူသွားပါလိမ့်မယ်..။
ရှင်းပြီးရင်တော့..သူငယ်ချင်းစက်ကလေး ရွှတ်ခနဲ့...ရွှတ်ခနဲ့ နဲ့ နေတာ တွေ့ပါလိမ့်မယ်...။

Malware Sweeper Download
MediaFire
အရာရာအဆင်ပြေပါစေဗျာ................။
ကိုဇော်

1 comment:

  1. အသုံးဝင်တဲ့ malware တွေပါသွားရင် ဘယ်ပြန်ယူရမလဲ
    ရှင်းပြပေးပါအုံး...Tas

    ReplyDelete

Related Posts...! {ဆက်စပ်ပို့စ်များ}